Saudi League

မကြုံစဖူး ထူးခြားတဲ့ ခရစ္စမတ်လက်ဆောင်တွေရရှိမယ့် ရော်နယ်လ်ဒိုနဲ့ဘန်ဇီးမား

ဆော်ဒီပရိုလိဂ်မှာ ခရစ္စမတ်ပွဲတော် စတင်ခဲ့ပြီဖြစ်တာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကာရင် ဘန်ဇီးမားတို့လို ဘောလုံးသမားတွေဟာ တခြားကစားသမားတွေနဲ့မတူတဲ့ အားလပ်ရက်ကို တွေ့ကြုံခံစားရတော့မှာဖြစ်ပါတယ်။

လိဂ်အာဏာပိုင်တွေဟာ ထုံးတမ်းစဉ်လာအရကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲထက် ကျော်လွန်တဲ့ အလွန်ထူးခြားတဲ့ လက်ဆောင်တွေ ပေးပြီး အသိအမှတ်ပြု လေးစားတဲ့ အပြုအမူကို ပြသဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဇိမ်ခံကုန်ပစ္စည်းပိုင်းက သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကာရင် ဘန်ဇီးမားတို့လို ကစားသမားတွေအတွက် မယုံနိုင်လောက်အောင် ထူးခြားတဲ့ ခရစ္စမတ်လက်ဆောင်တွေက စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မှာ ထိပ်တန်းအဆင့်ကြယ်ပွင့်တွေရှိပြီး သူတို့တွေက ရှားပါးတဲ့အရာတွေနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က သူတို့ကို သူမတူဘဲ ထူးခြားတဲ့သူတွေအဖြစ် ဆက်ဆံတယ်ဆိုတာကို ပြသချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဘယ်သူနဲ့မှ မတူဘဲ ထူးခြားတဲ့သူတွေမို့လို့ပါ။ ခရစ္စမတ်က ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်အချို့အတွက် အရမ်းကောင်းမွန်မှာပါ။ ”လို့ သတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။

ထိပ်တန်းဆော်ဒီပရိုလိဂ်အသင်းတွေဟာ ကြယ်ပွင့်ကစားသမားတွေကို ဖယ်ရာရီ၊ ဘူဂါတီနဲ့ လန်ဘိုဂီးနီအပါအဝင် နောက်ဆုံးပေါ် ကမ္ဘာကျော် ကားတွေကို လက်ဆောင်ပေးခဲ့ပြီး အဲဒီအပြင် ပေါင် ၃ သိန်းအထိ အံ့အားသင့်ဖွယ် တန်ဖိုးရှိတဲ့ ခမ်းနားထည်ဝါလှတဲ့ နာရီများကလည်း လက်ဆောင်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

Yves Saint Laurent က ဇိမ်ခံအိတ်များနဲ့ ပေါင် ၅၅၀၀ တန် Globe-Trotter suitcase တွေကိုလည်း လက်ဆောင်ပေးဖို့ မှာယူထားပြီး နောက်ဆုံးပေါ် ဖက်ရှင်ပစ္စည်းတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ တန်ဖိုးကြီး အားလပ်ရက်မှာ နှမျောတွန့်တိုမှု တစ်စက်လေးမှမရှိဘဲ အဝယ်တော်တွေရဲ့ ပြောကြားချက်အရ ကစားသမားတွေအားလုံးကို စုစုပေါင်း လက်ဆောင်ပေးဖို့ ဘတ်ဂျက်ပမာဏဟာ ပေါင် ၃.၁ သန်းအထိ မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။

“ဥပမာအားဖြင့် အပန်းဖြေခရီးပက်ကေ့တွေထဲမှာ ပဲရစ်မှာ တစ်ညကို ပေါင် ၁၅၀၀၀ လောက်ကျသင့်တဲ့ Four Seasons Hotel George V မှာ တစ်ပတ်လောက် အပန်းဖြေခရီးထွက်တာ ရှိပါတယ်။ နောက်ထပ်ပက်ကေ့က ပဲရစ်က Hotel Le Bristol က တစ်ညကို ပေါင် ၆၆၀၀ ကျသင့်တဲ့ Suite Prestige Elysee လို့ ခေါ်တဲ့ Suite ခန်းတွေထဲက တစ်ခန်းမှာ ၅ ညအိပ်ခွင့်ပါ။ မောလ်ဒိုက်မှာ ဇိမ်ခံအပန်းဖြေခရီးစဉ်ပက်ကေ့လည်းရှိပြီး တစ်ညကို ပေါင် ၅၅၀၀ ဝန်းကျင်ကုန်ကျတဲ့ ကူဒါဒူး မော်လ်ဒိုက် ပရိုက်ဗိတ်ကျွန်းမှာ အပန်းဖြေခွင့်ရမှာပါ။ လန်ဒန်က The Ritz က Deluxe Suite မှာ ရက်သတ္တပတ်ရှည် အနားယူနိုင်မယ့် အရမ်းကောင်းတဲ့ ပက်ကေ့လည်းရှိပါတယ်။”လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ရှင်းပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဆာ္ဒီပ႐ိုလိဂ္မွာ ခရစၥမတ္ပြဲေတာ္ စတင္ခဲ့ၿပီျဖစ္တာေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ကာရင္ ဘန္ဇီးမားတို႔လို ေဘာလုံးသမားေတြဟာ တျခားကစားသမားေတြနဲ႔မတူတဲ့ အားလပ္ရက္ကို ေတြ႕ႀကဳံခံစားရေတာ့မွာျဖစ္ပါတယ္။

လိဂ္အာဏာပိုင္ေတြဟာ ထုံးတမ္းစဥ္လာအရက်င္းပတဲ့ ေပ်ာ္ပြဲ႐ႊင္ပြဲထက္ ေက်ာ္လြန္တဲ့ အလြန္ထူးျခားတဲ့ လက္ေဆာင္ေတြ ေပးၿပီး အသိအမွတ္ျပဳ ေလးစားတဲ့ အျပဳအမူကို ျပသဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဇိမ္ခံကုန္ပစၥည္းပိုင္းက သတင္းရင္းျမစ္တစ္ဦးရဲ႕ ေျပာၾကားခ်က္အရ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ကာရင္ ဘန္ဇီးမားတို႔လို ကစားသမားေတြအတြက္ မယုံႏိုင္ေလာက္ေအာင္ ထူးျခားတဲ့ ခရစၥမတ္လက္ေဆာင္ေတြက ေစာင့္ေမွ်ာ္ေနၾကတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔မွာ ထိပ္တန္းအဆင့္ၾကယ္ပြင့္ေတြရွိၿပီး သူတို႔ေတြက ရွားပါးတဲ့အရာေတြနဲ႔ ထိုက္တန္ပါတယ္။ ကြၽန္ေတာ္တို႔က သူတို႔ကို သူမတူဘဲ ထူးျခားတဲ့သူေတြအျဖစ္ ဆက္ဆံတယ္ဆိုတာကို ျပသခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ဘယ္သူနဲ႔မွ မတူဘဲ ထူးျခားတဲ့သူေတြမို႔လို႔ပါ။ ခရစၥမတ္က ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္အခ်ိဳ႕အတြက္ အရမ္းေကာင္းမြန္မွာပါ။ ”လို႔ သတင္းရင္းျမစ္က ေျပာဆိုခဲ့ပါတယ္။

ထိပ္တန္းေဆာ္ဒီပ႐ိုလိဂ္အသင္းေတြဟာ ၾကယ္ပြင့္ကစားသမားေတြကို ဖယ္ရာရီ၊ ဘူဂါတီနဲ႔ လန္ဘိုဂီးနီအပါအဝင္ ေနာက္ဆုံးေပၚ ကမာၻေက်ာ္ ကားေတြကို လက္ေဆာင္ေပးခဲ့ၿပီး အဲဒီအျပင္ ေပါင္ ၃ သိန္းအထိ အံ့အားသင့္ဖြယ္ တန္ဖိုးရွိတဲ့ ခမ္းနားထည္ဝါလွတဲ့ နာရီမ်ားကလည္း လက္ေဆာင္ေတြထဲမွာ အပါအဝင္ျဖစ္ပါတယ္။

Yves Saint Laurent က ဇိမ္ခံအိတ္မ်ားနဲ႔ ေပါင္ ၅၅၀၀ တန္ Globe-Trotter suitcase ေတြကိုလည္း လက္ေဆာင္ေပးဖို႔ မွာယူထားၿပီး ေနာက္ဆုံးေပၚ ဖက္ရွင္ပစၥည္းေတြလည္း ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ေဆာ္ဒီပ႐ိုလိဂ္ဟာ တန္ဖိုးႀကီး အားလပ္ရက္မွာ ႏွေမ်ာတြန႔္တိုမႈ တစ္စက္ေလးမွမရွိဘဲ အဝယ္ေတာ္ေတြရဲ႕ ေျပာၾကားခ်က္အရ ကစားသမားေတြအားလုံးကို စုစုေပါင္း လက္ေဆာင္ေပးဖို႔ ဘတ္ဂ်က္ပမာဏဟာ ေပါင္ ၃.၁ သန္းအထိ ျမင့္တက္သြားခဲ့တယ္လို႔ သိရပါတယ္။

“ဥပမာအားျဖင့္ အပန္းေျဖခရီးပက္ေက့ေတြထဲမွာ ပဲရစ္မွာ တစ္ညကို ေပါင္ ၁၅၀၀၀ ေလာက္က်သင့္တဲ့ Four Seasons Hotel George V မွာ တစ္ပတ္ေလာက္ အပန္းေျဖခရီးထြက္တာ ရွိပါတယ္။ ေနာက္ထပ္ပက္ေက့က ပဲရစ္က Hotel Le Bristol က တစ္ညကို ေပါင္ ၆၆၀၀ က်သင့္တဲ့ Suite Prestige Elysee လို႔ ေခၚတဲ့ Suite ခန္းေတြထဲက တစ္ခန္းမွာ ၅ ညအိပ္ခြင့္ပါ။ ေမာလ္ဒိုက္မွာ ဇိမ္ခံအပန္းေျဖခရီးစဥ္ပက္ေက့လည္းရွိၿပီး တစ္ညကို ေပါင္ ၅၅၀၀ ဝန္းက်င္ကုန္က်တဲ့ ကူဒါဒူး ေမာ္လ္ဒိုက္ ပ႐ိုက္ဗိတ္ကြၽန္းမွာ အပန္းေျဖခြင့္ရမွာပါ။ လန္ဒန္က The Ritz က Deluxe Suite မွာ ရက္သတၱပတ္ရွည္ အနားယူႏိုင္မယ့္ အရမ္းေကာင္းတဲ့ ပက္ေက့လည္းရွိပါတယ္။”လို႔ ေနာက္ထပ္ သတင္းရင္းျမစ္တစ္ဦးက ရွင္းျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.