Saudi League

စပါးဂျင်းနဲ့ ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်နေရတဲ့ ရော်နယ်လ်ဒိုနဲ့ ဘန်ဇီးမား

တော့တင်ဟမ်ဟော့စပါးမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ကစားသမားဟောင်းဟာ ဆော်ဒီ ပရိုလိဂ်ရွှေဖိနပ်ဆုအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အလက်ဇန်းဒါး မီထရိုဗစ်တို့နဲ့ အံ့အားသင့်ဖွယ် ယှဉ်ပြိုင်နေပါတယ်။

ယခုနှစ်မှာ ဆော်ဒီပရိုလိဂ်ကို ကြယ်ပွင့် တိုက်စစ်ကစားသမားတွေ အများအပြား ပြောင်းရွှေ့ခဲ့တာကြောင့် လိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်နေရာအတွက် ယှဉ်ပြိုင်ကြမယ့် ထိပ်တန်းကစားသမားတွေ အများအပြားရှိကြမယ်ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်ပါတယ်။

အယ်လ်နာဆာကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကစားသမားဘဝ သွင်းဂိုးတွေကြောင့် ဒီဆုအတွက် ရေပန်းအစားဆုံးဖြစ်ခဲ့တာဖြစ်ပြီး မျှော်လင့်ထားတဲ့အတိုင်းပဲ ၁၅ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုထက် တစ်ဂိုးလျော့နဲ့ နောက်ကနေ အမီလိုက်နေတဲ့သူကတော့ ဖူလ်ဟမ်နဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း မီထရိုဗစ်ဖြစ်ပြီး အယ်လ်ဟီလာလ်အတွက် ၁၅ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ တတိယမြောက် ဂိုးအများဆုံးသွင်းယူထားသူနေရာမှာတော့ ဘယ်သူမှ မမျှော်လင့်ထားတဲ့သူက ရပ်တည်နေတာဖြစ်ပြီး အဲဒီကစားသမားကတော့ စပါးစ်ကစားသမားဟောင်း ဂျော့ဂျ်စ်-ကီဗင် အန်ကူဒူဖြစ်ပါတယ်။ အန်ကူဒူဟာ ပြီးခဲ့တဲ့ဩဂုတ်လမှာ ဘက်ရှစ်တက်ရှ်ကနေ ဒါးမတ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအချိန်မှာ ဆော်ဒီပရိုလိဂ်သွင်းဂိုး စုစုပေါင်း ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါးမတ်အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ ရမှတ် ၂၀ အထိ ကွာဟနေတာကြောင့် အန်ကူဒူရဲ့ သွင်းဂိုးအရေအတွက်ဟာ ပိုမိုထူးခြားနေပြီး ဒီရာသီ ဂိုးပါဝင်ပတ်သက်မှုမှာဆိုရင်တော့ ရော်နယ်လ်ဒိုရဲ့နောက်မှာ ၁၉ ဂိုးနဲ့ ဒုတိယအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အန်ကူဒူကို ၂၀၁၆ ခုနှစ်တုန်းက တော့တင်ဟမ်ဟော့စပါးက ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီခေါ်ယူမှုက ဘောလုံးဒါရိုက်တာ ပေါလ် မစ်ချဲလ်ကို ရာထူးကနေ နုတ်ထွက်စာတင်ရတဲ့အထိ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အန်ကူဒူအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၁ သန်းနဲ့ ကနဦးမှာ သဘောတူညီခဲ့ပေမယ့်လည်း စပါးစ် ဥက္ကဌ ဒန်နီရယ် လီဗိုင်းက ကြားဝင်ပြီး ပေါင် ၁.၆ သန်း လျှော့ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ကစားသမားဟာ တရားဝင်မိတ်ဆက်ပွဲမတိုင်ခင် ရက်ပေါင်း ၃၀ စောင့်ဆိုင်းခဲ့ရပြီး ပိုဆိုးတာက အန်ကူဒူဟာ မြောက်လန်ဒန်မှာ ကစားခဲ့တဲ့ စိတ်ပျက်စရာ ၃ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၁၁ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။

အဲဒီ ၃ နှစ်တာကာလအတွင်း ဘန်လေနဲ့ မိုနာကိုတို့ကို အငှားနဲ့ ထွက်ကစားခဲ့တဲ့အချိန်တွေလည်း အပါအဝင်ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ တူရကီကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ တူရကီကို ရောက်တော့လည်း အန်ကူဒူရဲ့ဂိုးသွင်းစွမ်းရည်က မတိုးတက်လာခဲ့ဘဲ ဘက်ရှစ်တက်ရှ်အတွက် ကစားခဲ့တဲ့ ၄ ရာသီစလုံးမှာ ဂိုးအရေအတွက် ကိန်းဂဏန်း ၂ လုံးအထိ တစ်ခါမှ မရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့လာပြီးနောက်မှာတော့ ဘောလုံးသမိုင်းတလျှောက်မှာ အကောင်းဆုံးဂိုးသွင်းယူသူတွေထဲက တစ်ဦးဆိုတာ ငြင်းလို့မရနိုင်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့အထိ အံ့အားသင့်ဖွယ် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးမွာ ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ ကစားသမားေဟာင္းဟာ ေဆာ္ဒီ ပ႐ိုလိဂ္ေ႐ႊဖိနပ္ဆုအတြက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ အလက္ဇန္းဒါး မီထ႐ိုဗစ္တို႔နဲ႔ အံ့အားသင့္ဖြယ္ ယွဥ္ၿပိဳင္ေနပါတယ္။

ယခုႏွစ္မွာ ေဆာ္ဒီပ႐ိုလိဂ္ကို ၾကယ္ပြင့္ တိုက္စစ္ကစားသမားေတြ အမ်ားအျပား ေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္ လိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ေနရာအတြက္ ယွဥ္ၿပိဳင္ၾကမယ့္ ထိပ္တန္းကစားသမားေတြ အမ်ားအျပားရွိၾကမယ္ဆိုတာ ေမွ်ာ္လင့္ထားၿပီးသားျဖစ္ပါတယ္။

အယ္လ္နာဆာၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ ကစားသမားဘဝ သြင္းဂိုးေတြေၾကာင့္ ဒီဆုအတြက္ ေရပန္းအစားဆုံးျဖစ္ခဲ့တာျဖစ္ၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ ၁၅ ပြဲမွာ ၁၆ ဂိုးအထိ သြင္းယူထားတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုထက္ တစ္ဂိုးေလ်ာ့နဲ႔ ေနာက္ကေန အမီလိုက္ေနတဲ့သူကေတာ့ ဖူလ္ဟမ္နဲ႔ နယူးကာဆယ္တိုက္စစ္မႉးေဟာင္း မီထ႐ိုဗစ္ျဖစ္ၿပီး အယ္လ္ဟီလာလ္အတြက္ ၁၅ ဂိုးအထိ သြင္းယူထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိ တတိယေျမာက္ ဂိုးအမ်ားဆုံးသြင္းယူထားသူေနရာမွာေတာ့ ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့သူက ရပ္တည္ေနတာျဖစ္ၿပီး အဲဒီကစားသမားကေတာ့ စပါးစ္ကစားသမားေဟာင္း ေဂ်ာ့ဂ်္စ္-ကီဗင္ အန္ကူဒူျဖစ္ပါတယ္။ အန္ကူဒူဟာ ၿပီးခဲ့တဲ့ဩဂုတ္လမွာ ဘက္ရွစ္တက္ရွ္ကေန ဒါးမတ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ေဆာ္ဒီပ႐ိုလိဂ္သြင္းဂိုး စုစုေပါင္း ၁၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဒါးမတ္အသင္းဟာ အမွတ္ေပးဇယားဦးေဆာင္သူေတြနဲ႔ ရမွတ္ ၂၀ အထိ ကြာဟေနတာေၾကာင့္ အန္ကူဒူရဲ႕ သြင္းဂိုးအေရအတြက္ဟာ ပိုမိုထူးျခားေနၿပီး ဒီရာသီ ဂိုးပါဝင္ပတ္သက္မႈမွာဆိုရင္ေတာ့ ေရာ္နယ္လ္ဒိုရဲ႕ေနာက္မွာ ၁၉ ဂိုးနဲ႔ ဒုတိယအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

အန္ကူဒူကို ၂၀၁၆ ခုႏွစ္တုန္းက ေတာ့တင္ဟမ္ေဟာ့စပါးက ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီေခၚယူမႈက ေဘာလုံးဒါ႐ိုက္တာ ေပါလ္ မစ္ခ်ဲလ္ကို ရာထူးကေန ႏုတ္ထြက္စာတင္ရတဲ့အထိ ျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက အသက္ ၂၁ ႏွစ္အ႐ြယ္သာရွိေသးတဲ့ အန္ကူဒူအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၁၁ သန္းနဲ႔ ကနဦးမွာ သေဘာတူညီခဲ့ေပမယ့္လည္း စပါးစ္ ဥကၠဌ ဒန္နီရယ္ လီဗိုင္းက ၾကားဝင္ၿပီး ေပါင္ ၁.၆ သန္း ေလွ်ာ့ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကစားသမားဟာ တရားဝင္မိတ္ဆက္ပြဲမတိုင္ခင္ ရက္ေပါင္း ၃၀ ေစာင့္ဆိုင္းခဲ့ရၿပီး ပိုဆိုးတာက အန္ကူဒူဟာ ေျမာက္လန္ဒန္မွာ ကစားခဲ့တဲ့ စိတ္ပ်က္စရာ ၃ ႏွစ္တာကာလအတြင္း ပရီးမီးယားလိဂ္ ၁၁ ပြဲသာ ကစားခဲ့ရတာျဖစ္ပါတယ္။

အဲဒီ ၃ ႏွစ္တာကာလအတြင္း ဘန္ေလနဲ႔ မိုနာကိုတို႔ကို အငွားနဲ႔ ထြက္ကစားခဲ့တဲ့အခ်ိန္ေတြလည္း အပါအဝင္ျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ တူရကီကို အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ တူရကီကို ေရာက္ေတာ့လည္း အန္ကူဒူရဲ႕ဂိုးသြင္းစြမ္းရည္က မတိုးတက္လာခဲ့ဘဲ ဘက္ရွစ္တက္ရွ္အတြက္ ကစားခဲ့တဲ့ ၄ ရာသီစလုံးမွာ ဂိုးအေရအတြက္ ကိန္းဂဏန္း ၂ လုံးအထိ တစ္ခါမွ မေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္မွာေတာ့ ေဘာလုံးသမိုင္းတေလွ်ာက္မွာ အေကာင္းဆုံးဂိုးသြင္းယူသူေတြထဲက တစ္ဦးဆိုတာ ျငင္းလို႔မရႏိုင္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ေတာင္ ယွဥ္ၿပိဳင္ႏိုင္တဲ့အထိ အံ့အားသင့္ဖြယ္ တိုးတက္လာခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.