Premier League

အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရနိုင်ခြေကို အဖြေပေးခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့်တောင်ပံကစားသမား ဘူကာယို ဆာကာဟာ ပြီးခဲ့တဲ့စနေနေ့ညက လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ဂန်းနားတွေ ရနိုင်ခြေဘယ်လောက်ရှိလဲဆိုတာကို အဖြေပေးခဲ့ပါတယ်။

အင်္ဂလန်တောင်ပံ ကစားသမားဟာ အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့ပြီး စနေနေ့က လီဗာပူးလ်နဲ့ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်ပြသခဲ့တဲ့ အသင်းဖော် ဒီကလန် ရိုက်ကို ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဂန်းနားတွေဟာ လက်ရှိအချိန်အထိ အင်္ဂလန်အမှတ်ပေးဖလားကို အနိုင်ရဖို့ ရေပန်းအစားဆုံးအဖြစ် အများစုရဲ့ ယူဆခြင်းကို ခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာကာက ရာသီအဆုံးမသတ်မီ သွားရမယ့်ခရီးက အရှည်ကြီးကျန်သေးတာကြောင့် အခုအချိန်မှာ ဒီလိုမျိုး ယူဆဖို့က စောလွန်းသေးတယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။

“ခင်ဗျား ဆုဖလားနဲ့ပတ်သက်ပြီး ပြောလို့ရပြီလို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုဆွေးနွေးမှုတွေအတွက် အချိန်က စောလွန်းသေးတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ရမှတ်တွေ ရယူရမယ်။ ကျွန်တော်တို့ ခရစ္စမတ်ကာလအတွက် ဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်သေးတာ ကောင်းမွန်တဲ့အရာပါ။ ဒါပေမယ့် ဆုဖလားအကြောင်း ပြောဖို့ကတော့ စောလွန်းပါသေးတယ်”

ဆာကာက အာဆင်နယ်ရဲ့ နွေရာသီ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ရဲ့ လီဗာပူးလ်နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ မိနစ် ၉၀ စလုံး ဂန်းနားတွေရဲ့ တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီနေအောင် နေရာတိုင်းမှာ လိုက်ကစားခဲ့တာဖြစ်ပါတယ်။

“သူက အသင်းကို အများကြီး ယူဆောင်လာခဲ့တယ်။ ကျွန်တော်တို့ကို ပိုကောင်းအောင် လုပ်ပေးတယ်။ ဒီနေ့လိုပွဲမျိုးမှာ သူ ပြိုင်ဘက်ကစားကွက်ကို ဖြတ်တောက်တာ အရမ်းကောင်းခဲ့ပြီး ဘောလုံးပြန်ရအောင်လုပ်ပြီး တိုက်စစ်ကစားနိုင်ခဲ့တယ်။ တိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုမျိုး ကစားသမားတွေနဲ့ ကစားရတာ အရမ်းကောင်းပါတယ်။ သူတို့တွေက အသင်းကို ခြေအသာနဲ့ ကစားနိုင်အောင် လုပ်ပေးတယ်။ သူက ဒီရာသီမှာ အရမ်းကို ခြေစွမ်းပိုင်း တည်ငြိမ်နေခဲ့ပြီး ဒီနေ့ နောက်ထပ်ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ေတာင္ပံကစားသမား ဘူကာယို ဆာကာဟာ ၿပီးခဲ့တဲ့စေနေန႔ညက လီဗာပူးလ္နဲ႔ ၁-၁ သေရက်ခဲ့ၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ဂန္းနားေတြ ရႏိုင္ေျခဘယ္ေလာက္ရွိလဲဆိုတာကို အေျဖေပးခဲ့ပါတယ္။

အဂၤလန္ေတာင္ပံ ကစားသမားဟာ အာတီတာရဲ႕အသင္းက ပရီးမီးယားလိဂ္ဖလားကို ရရွိဖို႔ ေရပန္းအစားဆုံးဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္သြားခဲ့ၿပီး စေနေန႔က လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ရင္သပ္ရႈေမာဖြယ္စြမ္းေဆာင္ရည္ျပသခဲ့တဲ့ အသင္းေဖာ္ ဒီကလန္ ႐ိုက္ကို ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ဟာ လီဗာပူးလ္နဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဂန္းနားေတြဟာ လက္ရွိအခ်ိန္အထိ အဂၤလန္အမွတ္ေပးဖလားကို အႏိုင္ရဖို႔ ေရပန္းအစားဆုံးအျဖစ္ အမ်ားစုရဲ႕ ယူဆျခင္းကို ခံေနရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာကာက ရာသီအဆုံးမသတ္မီ သြားရမယ့္ခရီးက အရွည္ႀကီးက်န္ေသးတာေၾကာင့္ အခုအခ်ိန္မွာ ဒီလိုမ်ိဳး ယူဆဖို႔က ေစာလြန္းေသးတယ္လို႔ ထင္ျမင္ေနတာ ျဖစ္ပါတယ္။

“ခင္ဗ်ား ဆုဖလားနဲ႔ပတ္သက္ၿပီး ေျပာလို႔ရၿပီလို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဒီလိုေဆြးေႏြးမႈေတြအတြက္ အခ်ိန္က ေစာလြန္းေသးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ ရမွတ္ေတြ ရယူရမယ္။ ကြၽန္ေတာ္တို႔ ခရစၥမတ္ကာလအတြက္ ဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေသးတာ ေကာင္းမြန္တဲ့အရာပါ။ ဒါေပမယ့္ ဆုဖလားအေၾကာင္း ေျပာဖို႔ကေတာ့ ေစာလြန္းပါေသးတယ္”

ဆာကာက အာဆင္နယ္ရဲ႕ ေႏြရာသီ ကစားသမားေခၚယူမႈျဖစ္တဲ့ ဒီကလန္ ႐ိုက္ရဲ႕ လီဗာပူးလ္နဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ မိနစ္ ၉၀ စလုံး ဂန္းနားေတြရဲ႕ တိုက္စစ္နဲ႔ ခံစစ္ ဟန္ခ်က္ညီေနေအာင္ ေနရာတိုင္းမွာ လိုက္ကစားခဲ့တာျဖစ္ပါတယ္။

“သူက အသင္းကို အမ်ားႀကီး ယူေဆာင္လာခဲ့တယ္။ ကြၽန္ေတာ္တို႔ကို ပိုေကာင္းေအာင္ လုပ္ေပးတယ္။ ဒီေန႔လိုပြဲမ်ိဳးမွာ သူ ၿပိဳင္ဘက္ကစားကြက္ကို ျဖတ္ေတာက္တာ အရမ္းေကာင္းခဲ့ၿပီး ေဘာလုံးျပန္ရေအာင္လုပ္ၿပီး တိုက္စစ္ကစားႏိုင္ခဲ့တယ္။ တိုက္စစ္ကစားသမားတစ္ေယာက္အေနနဲ႔ ဒီလိုမ်ိဳး ကစားသမားေတြနဲ႔ ကစားရတာ အရမ္းေကာင္းပါတယ္။ သူတို႔ေတြက အသင္းကို ေျခအသာနဲ႔ ကစားႏိုင္ေအာင္ လုပ္ေပးတယ္။ သူက ဒီရာသီမွာ အရမ္းကို ေျခစြမ္းပိုင္း တည္ၿငိမ္ေနခဲ့ၿပီး ဒီေန႔ ေနာက္ထပ္ထိပ္တန္းစြမ္းေဆာင္ရည္ကို ျပသခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.