Premier League

မန်ယူနိုက်တက်အတွက် ရက်ကလစ်ဖ် ကစားခွင့်ထပ်မပေးတော့မယ့်သူကို ပြောပြခဲ့တဲ့ ဂျာနယ်လစ်

မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို အပြီးသတ်ဝယ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ မေဆန် ဂရင်းဝုဒ်အနေနဲ့ အသင်းအတွက် နောက်ထပ်တစ်ကြိမ် ကစားခွင့်မရသင့်တော့ဘူးလို့ ယုံကြည်ထားကြောင်း ဂျာနယ်လစ် ဘန် ဂျေကော့ဘ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၂ ခုနှစ်မှာ အမှုပေါင်းများစွာနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာ အိုးထရက်ဖို့ဒ်ရဲ့ အဝေးမှာပဲ ရှေ့ဆက်သင့်တယ်လို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ဂီတာဖေးကို တစ်ရာသီ အငှားချခဲ့တာစြဖ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ ယူကေမှာ နာမည်ပျက်ခဲ့ပြီးနောက် စပိန်လာလီဂါမှာ ဘဝသစ် ပြန်လည်ထူထောင်နေပြီး ဂီတာဖေးအသင်းအတွက် ပုံစံကောင်း ပြသနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂီတာဖေးနဲ့ အငှားစာချုပ်ပြည့်လို့ ဂရင်းဝုဒ် ပြန်လာမယ့်အချိန်ကျရင် ဆုံးဖြတ်ချက် ချမှတ်ရတော့မှာဖြစ်ပြီး ဘုတ်အဖွဲ့ထဲမှာပဲ အသင်းရဲ့ ဂုဏ်သတင်းအရ ထပ်မကစားစေချင်သူတွေနဲ့ ပြန်ခေါ်ချင်သူတွေဆိုပြီး နှစ်ခြမ်းကွဲနေတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ် မန်ချက်စတာယူနိုက်တက်ကို ပြန်လာမယ့်ကိစ္စဟာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပွားစေလိမ့်မယ်လို့ သတင်းထောက် ဘန် ဂျေကော့ဘ်က ပြောဆိုခဲ့ပြီး ရက်ကလစ်ဖ်ဟာ အင်္ဂလန်တိုက်စစ်မှူးနဲ့ပတ်သက်ပြီး အသိပေးခြင်းခံခဲ့ရပြီးပြီလို့ သိရပါတယ်။

“ဂရင်းဝုဒ်ပြန်လာမယ့်ကိစ္စက ကြီးမားတဲ့ ဂယက်ရိုက်မှုဖြစ်လာစေမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ မူလအစီအစဉ်က အဓိကမျက်မြင်သက်သေတွေ နုတ်ထွက်သွားပြီးနောက်ပိုင်း အမှုတွေကနေ ကွင်းလုံးကျွတ်လွတ်လာရင် ဂရင်းဝုဒ်ကို အသင်းထဲ ပြန်ပါဝင်စေဖို့ဆိုတာ သိသာထင်ရှားပါတယ်။ ရက်ကလစ်ဖ်က အဲဒီအချိန်တုန်းက ရစ်ချက် အာနိုး ဦးဆောင်တဲ့ အသင်းတွင်း စုံစမ်းစစ်ဆေးမှုမှာ မပါဝင်ခဲ့ပေမယ့်လည်း အခြေအနေတွေအားလုံးကို အသိပေးခံထားရပြီးပြီလို့ နားလည်ရပြီး ဂရင်းဝုဒ်က မန်ယူနိုက်တက်အတွက် ထပ်ကစားခွင့်မရသင့်တော့ဘူးလို့ ယုံကြည်နေပါတယ်။ အသင်းက သူတို့ရဲ့ ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝကို တခြားတစ်နေရာမှာပဲ ပြန်လည်တည်ဆောက်တာ အကောင်းဆုံးပဲဆိုတဲ့ လူသိရှင်ကြားထုတ်ပြန်ကြေညာမှုကို အပြောင်းအလဲလုပ်လိုက်မယ်ဆိုရင် တော်တော်လေး ကြည့်ရဆိုးမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို အၿပီးသတ္ဝယ္ယူႏိုင္ခဲ့ၿပီျဖစ္တဲ့ ဆာဂ်င္မ္ ရက္ကလစ္ဖ္ဟာ ေမဆန္ ဂရင္းဝုဒ္အေနနဲ႔ အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ကစားခြင့္မရသင့္ေတာ့ဘူးလို႔ ယုံၾကည္ထားေၾကာင္း ဂ်ာနယ္လစ္ ဘန္ ေဂ်ေကာ့ဘ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၂ ခုႏွစ္မွာ အမႈေပါင္းမ်ားစြာနဲ႔ စြဲခ်က္တင္ခံခဲ့ရတဲ့ ဂရင္းဝုဒ္ရဲ႕ အနာဂတ္ဟာ အိုးထရက္ဖို႔ဒ္ရဲ႕ အေဝးမွာပဲ ေရွ႕ဆက္သင့္တယ္လို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂီတာေဖးကို တစ္ရာသီ အငွားခ်ခဲ့တာျစဖ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ကစားသမားဟာ ယူေကမွာ နာမည္ပ်က္ခဲ့ၿပီးေနာက္ စပိန္လာလီဂါမွာ ဘဝသစ္ ျပန္လည္ထူေထာင္ေနၿပီး ဂီတာေဖးအသင္းအတြက္ ပုံစံေကာင္း ျပသေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဂီတာေဖးနဲ႔ အငွားစာခ်ဳပ္ျပည့္လို႔ ဂရင္းဝုဒ္ ျပန္လာမယ့္အခ်ိန္က်ရင္ ဆုံးျဖတ္ခ်က္ ခ်မွတ္ရေတာ့မွာျဖစ္ၿပီး ဘုတ္အဖြဲ႕ထဲမွာပဲ အသင္းရဲ႕ ဂုဏ္သတင္းအရ ထပ္မကစားေစခ်င္သူေတြနဲ႔ ျပန္ေခၚခ်င္သူေတြဆိုၿပီး ႏွစ္ျခမ္းကြဲေနတာ ျဖစ္ပါတယ္။

ဂရင္းဝုဒ္ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လာမယ့္ကိစၥဟာ ႀကီးမားတဲ့ ျပႆနာေတြ ျဖစ္ပြားေစလိမ့္မယ္လို႔ သတင္းေထာက္ ဘန္ ေဂ်ေကာ့ဘ္က ေျပာဆိုခဲ့ၿပီး ရက္ကလစ္ဖ္ဟာ အဂၤလန္တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး အသိေပးျခင္းခံခဲ့ရၿပီးၿပီလို႔ သိရပါတယ္။

“ဂရင္းဝုဒ္ျပန္လာမယ့္ကိစၥက ႀကီးမားတဲ့ ဂယက္႐ိုက္မႈျဖစ္လာေစမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ မူလအစီအစဥ္က အဓိကမ်က္ျမင္သက္ေသေတြ ႏုတ္ထြက္သြားၿပီးေနာက္ပိုင္း အမႈေတြကေန ကြင္းလုံးကြၽတ္လြတ္လာရင္ ဂရင္းဝုဒ္ကို အသင္းထဲ ျပန္ပါဝင္ေစဖို႔ဆိုတာ သိသာထင္ရွားပါတယ္။ ရက္ကလစ္ဖ္က အဲဒီအခ်ိန္တုန္းက ရစ္ခ်က္ အာႏိုး ဦးေဆာင္တဲ့ အသင္းတြင္း စုံစမ္းစစ္ေဆးမႈမွာ မပါဝင္ခဲ့ေပမယ့္လည္း အေျခအေနေတြအားလုံးကို အသိေပးခံထားရၿပီးၿပီလို႔ နားလည္ရၿပီး ဂရင္းဝုဒ္က မန္ယူႏိုက္တက္အတြက္ ထပ္ကစားခြင့္မရသင့္ေတာ့ဘူးလို႔ ယုံၾကည္ေနပါတယ္။ အသင္းက သူတို႔ရဲ႕ ဂရင္းဝုဒ္ရဲ႕ ကစားသမားဘဝကို တျခားတစ္ေနရာမွာပဲ ျပန္လည္တည္ေဆာက္တာ အေကာင္းဆုံးပဲဆိုတဲ့ လူသိရွင္ၾကားထုတ္ျပန္ေၾကညာမႈကို အေျပာင္းအလဲလုပ္လိုက္မယ္ဆိုရင္ ေတာ္ေတာ္ေလး ၾကည့္ရဆိုးမွာပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.