Premier League

ဝုဗ်လ်စ်နဲ့ပွဲအပြီး ဘယ်သူမှ မလိုချင်တဲ့စံချိန်တစ်ခု ရခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီ ၁ ရက်နေ့ရောက်တဲ့အခါ နောက်ပြန်လှည့်ကြည့်လိုက်ရင် ဆိုးရွားတဲ့ နှစ်တစ်နှစ်ကို ထားရစ်ခဲ့နိုင်လို့ စိတ်သက်သာရာရမိမှာဖြစ်ပြီး တနင်္ဂနွေနေ့ညက ဝုဗ်လ်စ်ကို ရှုံးနိမ့်ခဲ့မှုက ပိုပြီးဆိုးရွားစေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁၈ ပွဲသာ ကစားရသေးချိန်မှာ ၈ ပွဲအထိ ရှုံးပွဲ ရင်ဆိုင်ထားခဲ့ရပြီဖြစ်ပြီး ပိုချက်တီနိုအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၆ ပွဲ)ထက် ရှုံးပွဲပိုမိုများပြားနေတာဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး တုန်လှုပ်စရာကောင်းတဲ့ ကိန်းဂဏန်းကတော့ ချဲလ်ဆီးဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ၁၉ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘယ်လိုအသင်းမျိုးထက်မဆို ပိုမိုများပြားတဲ့ ပမာဏဖြစ်ပါတယ်။

အဲဒီထက်ပိုဆိုးတာက ဥရောပထိပ်တန်းလိဂ် ၅ ခုက ကလပ်အသင်း ၃ သင်းသာ ချဲလ်ဆီးအသင်းထက် ရှုံးပွဲပိုမိုများပြားနေတာဖြစ်ပြီး စပိန်လာလီဂါကလပ် အယ်လ်မီးရီးယားဟာ ၂၀၂၃ ခုနှစ်မှာ ၂၄ ပွဲရှုံးပွဲတွေ့ခဲ့ပြီးနောက် မလိုချင်တဲ့စံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်ကလပ် ဝါဒါဘရီမင်နဲ့ စီးရီးအေကလပ် အမ်ပိုလီတို့လည်း ရှုံးပွဲ အကြိမ် ၂၀ အထိ တွေ့ထားခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးဟာ ဘယ်လောက်ရှုံးရှုံး ဘယ်လောက်နိုင်နိုင် အဆင့် ၁၀ ကနေ အပြောင်းအလဲသိပ်မရှိတာကလည်း တော်တော်လေး ထူးခြားတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အယ်လ်မီးရီးယားကတော့ လက်ရှိမှာ ရမှတ် ၅ မှတ်နဲ့ လာလီဂါအမှတ်ပေးဇယား အောက်ဆုံးမှာ နိုင်ပွဲ သုညနဲ့ ရပ်တည်နေပြီး အမ်ပိုလီကတော့ ဒီရာသီ နိုင်ပွဲ ၃ ပွဲကြောင့် ၁၂ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါကလပ် ဝါဒါဘရီမင်ကတော့ နိုင်ပွဲ ၄ ပွဲ ရရှိထားတာကြောင့် ရမှတ် ၄ မှတ် ပိုမိုများပြားပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ဇန္နဝါရီ ၁ ရက္ေန႔ေရာက္တဲ့အခါ ေနာက္ျပန္လွည့္ၾကည့္လိုက္ရင္ ဆိုး႐ြားတဲ့ ႏွစ္တစ္ႏွစ္ကို ထားရစ္ခဲ့ႏိုင္လို႔ စိတ္သက္သာရာရမိမွာျဖစ္ၿပီး တနဂၤေႏြေန႔ညက ဝုဗ္ကို ရႈံးနိမ့္ခဲ့မႈက ပိုၿပီးဆိုး႐ြားေစခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ၁၈ ပြဲသာ ကစားရေသးခ်ိန္မွာ ၈ ပြဲအထိ ရႈံးပြဲ ရင္ဆိုင္ထားခဲ့ရၿပီျဖစ္ၿပီး ပိုခ်က္တီႏိုအသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲ(၆ ပြဲ)ထက္ ရႈံးပြဲပိုမိုမ်ားျပားေနတာျဖစ္ပါတယ္။ အဲဒီထက္ပိုၿပီး တုန္လႈပ္စရာေကာင္းတဲ့ ကိန္းဂဏန္းကေတာ့ ခ်ဲလ္ဆီးဟာ ၂၀၂၃ ခုႏွစ္အတြင္းမွာ ၁၉ ပြဲအထိ ရႈံးနိမ့္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ဘယ္လိုအသင္းမ်ိဳးထက္မဆို ပိုမိုမ်ားျပားတဲ့ ပမာဏျဖစ္ပါတယ္။

အဲဒီထက္ပိုဆိုးတာက ဥေရာပထိပ္တန္းလိဂ္ ၅ ခုက ကလပ္အသင္း ၃ သင္းသာ ခ်ဲလ္ဆီးအသင္းထက္ ရႈံးပြဲပိုမိုမ်ားျပားေနတာျဖစ္ၿပီး စပိန္လာလီဂါကလပ္ အယ္လ္မီးရီးယားဟာ ၂၀၂၃ ခုႏွစ္မွာ ၂၄ ပြဲရႈံးပြဲေတြ႕ခဲ့ၿပီးေနာက္ မလိုခ်င္တဲ့စံခ်ိန္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ကလပ္ ဝါဒါဘရီမင္နဲ႔ စီးရီးေအကလပ္ အမ္ပိုလီတို႔လည္း ရႈံးပြဲ အႀကိမ္ ၂၀ အထိ ေတြ႕ထားခဲ့ၾကတာျဖစ္ၿပီး ခ်ဲလ္ဆီးဟာ ဘယ္ေလာက္ရႈံးရႈံး ဘယ္ေလာက္ႏိုင္ႏိုင္ အဆင့္ ၁၀ ကေန အေျပာင္းအလဲသိပ္မရွိတာကလည္း ေတာ္ေတာ္ေလး ထူးျခားတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

အယ္လ္မီးရီးယားကေတာ့ လက္ရွိမွာ ရမွတ္ ၅ မွတ္နဲ႔ လာလီဂါအမွတ္ေပးဇယား ေအာက္ဆုံးမွာ ႏိုင္ပြဲ သုညနဲ႔ ရပ္တည္ေနၿပီး အမ္ပိုလီကေတာ့ ဒီရာသီ ႏိုင္ပြဲ ၃ ပြဲေၾကာင့္ ၁၂ မွတ္နဲ႔ အဆင့္ ၁၉ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ဘြန္ဒက္စ္လီဂါကလပ္ ဝါဒါဘရီမင္ကေတာ့ ႏိုင္ပြဲ ၄ ပြဲ ရရွိထားတာေၾကာင့္ ရမွတ္ ၄ မွတ္ ပိုမိုမ်ားျပားၿပီး ရမွတ္ ၁၆ မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.