Match Report Premier League

လမ်းပတ်ကို အထာပေးနေတဲ့ ညီမလေး မိချယ်ကို အားမနာဘဲ ဖြုတ်လွှတ်လိုက်တဲ့ ဝုလ်ဗ်စ်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပက်ထရိုဗစ်ချ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ဂူစတိုနဲ့ ကောလ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အူဂိုချူးဝူးနဲ့ ဂါလာဂါတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်၊ ဘရိုယာနဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကေးလ်မန်း၊ ဒေါ်ဆန်၊ တိုတီ၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လီမီနာ၊ ဂျာအို ဂိုမက်စ်၊ ဆာရားဘီးယားနဲ့ ဟွမ်းဟီးချန်းတို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ မက်သီယူးစ် ကွန်ညာတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ဧည့်သည် ချဲလ်ဆီးတို့က ဘောလုံးကို ပိုကိုင်ထားနိုင်ခဲ့ပေမယ့် ကောင်တာကစားတဲ့ အိမ်ရှင် ဝုလ်ဗ်စ်တို့ကတောင်မှ အခွင့်အရေးတွေကို ပိုမိုဖန်တီးနိုင်ခဲ့သလို ပထမပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ အဆုံးသတ်ပိုင်းတွေက အားရစရာ မရှိခဲ့တာကြောင့် မိုလီနူးကွင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သီယာဂို ဆေးလ်ဗားနဲ့ ဒီဆာဆီတို့အတွဲက ပိုပျာလာခဲ့သလို ပွဲချိန် ၅၁ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့က အဖွင့်ဂိုး စတင်သွင်းယူခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဆာရားဘီးယားက ဂိုးရှေ့ကို ဖြတ်ပို့ပေးရာမှာ လီမီနာက ချဲလ်ဆီးခံစစ်ကြားကနေ ခေါင်းတိုက်သွင်းခဲ့တာပါ။

ဂိုးပေးလိုက်ရတော့မှ ချဲလ်ဆီးတို့ အပြောင်းအလဲလုပ်လာခဲ့ပြီး အူဂိုချူးဝူးနဲ့ ဘရိုယာတို့အစား အန်ကွန်ကူးနဲ့ မူဒရစ်ခ်တို့ကို ထည့်သွင်းလာခဲ့သလို ကောလ်ဝဲလ်၊ ဂူစတိုနဲ့ ဂျက်ဆန်တို့အစား မတ်ဆန်၊ ဘာဒီယာရှီးလ်နဲ့ မာဒူးကီတို့ကို ထည့်ပြီး ၃-၄-၃ ဆန်ဆန် ကစားခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ ဒဏ်ရာရသွားတဲ့ ဒေါ်ဆန်နဲ့ ဆာရားဘီးယားတို့အစား ဆန်တီယာဂို ဘွေနိုနဲ့ ဒွိုင်းလ်ကို လူစားသွင်းပြီး ကွန်ညာနဲ့ အိုက်နူရီတို့အစား ဒိုဟာတီနဲ့ ဟူဂို ဘွေနိုတို့ကို ခံစစ်အားပြုဖို့ ပြောင်းလဲလာခဲ့ပါတယ်။

နာကျင်အချိန်ပို ၁၁ မိနစ်အထိ ပေးခဲ့တဲ့ ပွဲရဲ့ ပွဲချိန် ၉၃ မိနစ်မှာတော့ ကောင်တာကစားနေတဲ့ ဝုလ်ဗ်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်သွင်းခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဟူဂို ဘွေနိုက ဘယ်ခြမ်းကနေ အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ချဲလ်ဆီးနောက်ခံလူ ဘာဒီယာရှီးလ်ရဲ့ မမီမကမ်း တားဆီးမှုက ဖန်တီးမှုထက် ကောင်းမွန်သွားခဲ့ချိန်မှာ ဒိုဟာတီက ညာဘက်တိုင်ခြေကို အပိုင်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၉၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ မျှော်လင့်ချက်ရှိစေမယ့် ချေပဂိုးတစ်ဂိုးကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံတိုက်စစ်က စတာလင်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ခြေလေးနေတဲ့ ဝုလ်ဗ်စ်နောက်ခံလူ ကေးလ်မန်းကြောင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရသွားခဲ့တဲ့ အန်ကွန်ကူးက သူ့ရဲ့ ပထမဆုံး တရားဝင် ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချေပဂိုး ထပ်သွင်းဖို့ မတတ်နိုင်ကြတော့တဲ့ ချဲလ်ဆီးတို့က ဝုလ်ဗ်စ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၂ မှတ်ချင်း တူညီသွားခဲ့ပေမယ့် ဆယ်မိုင်ကုန်းနေရာကိုတော့ ဂိုးကွာခြားချက်နဲ့ ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ချိန်မှာ အမှတ်တူပြီး ဂိုးကွာခြားချက် နိမ့်ပေမယ့် အဆင့် ၁၂ ကနေ တစ်ပွဲကစားဖို့ ကျန်နေသေးတဲ့ ဘုန်းမောက်ရဲ့ ခြိမ်းခြောက်မှုကိုတော့ စိုးရိမ်ခဲ့ရတာပါ။

ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲကို ချဉ်းကပ်တဲ့ ပုံစံအရ ဘာဖြစ်ချင်မှန်း မသိတဲ့ ပိုချက်တီနိုရဲ့ ဦးတည်ရာမဲ့ လမ်းညွှန်ပဲ့ကိုင်မှုကို မြင်ခဲ့ရတာကြောင့် ဒီအာဂျင်တီးနားသားနဲ့ ဆက်သွားလို့ မဖြစ်နိုင်တော့ဘူးလို့ပဲ သုံးသပ်ရမလိုဖြစ်ခဲ့ပြီး “ဒီလူဟာ ဒီနေရာပဲ အချိန်တန်ရင် ပြန်လာရဦးမှာ”ဆိုတဲ့ အမြဲတမ်း ယာယီအိမ်စောင့်နည်းပြလုပ်ဖို့ အဆင်သင့်ရှိနေတဲ့ ဖရန့် လမ်းပတ်ကို ပြန်မြင်ရမယ့် နေ့ရက်တွေက လက်ချိုးရေတွက်ဖို့ပဲ လိုနေတော့ကြောင်လည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပက္ထ႐ိုဗစ္ခ်္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ဂူစတိုနဲ႔ ေကာလ္ဝဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အူဂိုခ်ဴးဝူးနဲ႔ ဂါလာဂါတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပါးလ္မား၊ စတာလင္၊ ဘ႐ိုယာနဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကးလ္မန္း၊ ေဒၚဆန္၊ တိုတီ၊ ဆီမီဒိုနဲ႔ အိုက္ႏူရီတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လီမီနာ၊ ဂ်ာအို ဂိုမက္စ္၊ ဆာရားဘီးယားနဲ႔ ဟြမ္းဟီးခ်န္းတို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ မက္သီယူးစ္ ကြန္ညာတစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ဧည့္သည္ ခ်ဲလ္ဆီးတို႔က ေဘာလုံးကို ပိုကိုင္ထားႏိုင္ခဲ့ေပမယ့္ ေကာင္တာကစားတဲ့ အိမ္ရွင္ ဝုလ္ဗ္စ္တို႔ကေတာင္မွ အခြင့္အေရးေတြကို ပိုမိုဖန္တီးႏိုင္ခဲ့သလို ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံးရဲ႕ အဆုံးသတ္ပိုင္းေတြက အားရစရာ မရွိခဲ့တာေၾကာင့္ မိုလီႏူးကြင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ သီယာဂို ေဆးလ္ဗားနဲ႔ ဒီဆာဆီတို႔အတြဲက ပိုပ်ာလာခဲ့သလို ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔က အဖြင့္ဂိုး စတင္သြင္းယူခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ဆာရားဘီးယားက ဂိုးေရွ႕ကို ျဖတ္ပို႔ေပးရာမွာ လီမီနာက ခ်ဲလ္ဆီးခံစစ္ၾကားကေန ေခါင္းတိုက္သြင္းခဲ့တာပါ။

ဂိုးေပးလိုက္ရေတာ့မွ ခ်ဲလ္ဆီးတို႔ အေျပာင္းအလဲလုပ္လာခဲ့ၿပီး အူဂိုခ်ဴးဝူးနဲ႔ ဘ႐ိုယာတို႔အစား အန္ကြန္ကူးနဲ႔ မူဒရစ္ခ္တို႔ကို ထည့္သြင္းလာခဲ့သလို ေကာလ္ဝဲလ္၊ ဂူစတိုနဲ႔ ဂ်က္ဆန္တို႔အစား မတ္ဆန္၊ ဘာဒီယာရွီးလ္နဲ႔ မာဒူးကီတို႔ကို ထည့္ၿပီး ၃-၄-၃ ဆန္ဆန္ ကစားခဲ့ခ်ိန္မွာ ဝုလ္ဗ္စ္တို႔ကေတာ့ ဒဏ္ရာရသြားတဲ့ ေဒၚဆန္နဲ႔ ဆာရားဘီးယားတို႔အစား ဆန္တီယာဂို ေဘြႏိုနဲ႔ ဒြိဳင္းလ္ကို လူစားသြင္းၿပီး ကြန္ညာနဲ႔ အိုက္ႏူရီတို႔အစား ဒိုဟာတီနဲ႔ ဟူဂို ေဘြႏိုတို႔ကို ခံစစ္အားျပဳဖို႔ ေျပာင္းလဲလာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁၁ မိနစ္အထိ ေပးခဲ့တဲ့ ပြဲရဲ႕ ပြဲခ်ိန္ ၉၃ မိနစ္မွာေတာ့ ေကာင္တာကစားေနတဲ့ ဝုလ္ဗ္စ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္သြင္းခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဟူဂို ေဘြႏိုက ဘယ္ျခမ္းကေန အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ခ်ဲလ္ဆီးေနာက္ခံလူ ဘာဒီယာရွီးလ္ရဲ႕ မမီမကမ္း တားဆီးမႈက ဖန္တီးမႈထက္ ေကာင္းမြန္သြားခဲ့ခ်ိန္မွာ ဒိုဟာတီက ညာဘက္တိုင္ေျခကို အပိုင္ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၉၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေမွ်ာ္လင့္ခ်က္ရွိေစမယ့္ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံတိုက္စစ္က စတာလင္က ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ေျခေလးေနတဲ့ ဝုလ္ဗ္စ္ေနာက္ခံလူ ေကးလ္မန္းေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရသြားခဲ့တဲ့ အန္ကြန္ကူးက သူ႔ရဲ႕ ပထမဆုံး တရားဝင္ ပြဲဦးထြက္မွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေခ်ပဂိုး ထပ္သြင္းဖို႔ မတတ္ႏိုင္ၾကေတာ့တဲ့ ခ်ဲလ္ဆီးတို႔က ဝုလ္ဗ္စ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ၂၂ မွတ္ခ်င္း တူညီသြားခဲ့ေပမယ့္ ဆယ္မိုင္ကုန္းေနရာကိုေတာ့ ဂိုးကြာျခားခ်က္နဲ႔ ဆက္လက္ထိန္းသိမ္းသြားႏိုင္ခဲ့ခ်ိန္မွာ အမွတ္တူၿပီး ဂိုးကြာျခားခ်က္ နိမ့္ေပမယ့္ အဆင့္ ၁၂ ကေန တစ္ပြဲကစားဖို႔ က်န္ေနေသးတဲ့ ဘုန္းေမာက္ရဲ႕ ၿခိမ္းေျခာက္မႈကိုေတာ့ စိုးရိမ္ခဲ့ရတာပါ။

ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲကို ခ်ဥ္းကပ္တဲ့ ပုံစံအရ ဘာျဖစ္ခ်င္မွန္း မသိတဲ့ ပိုခ်က္တီႏိုရဲ႕ ဦးတည္ရာမဲ့ လမ္းၫႊန္ပဲ့ကိုင္မႈကို ျမင္ခဲ့ရတာေၾကာင့္ ဒီအာဂ်င္တီးနားသားနဲ႔ ဆက္သြားလို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ပဲ သုံးသပ္ရမလိုျဖစ္ခဲ့ၿပီး “ဒီလူဟာ ဒီေနရာပဲ အခ်ိန္တန္ရင္ ျပန္လာရဦးမွာ”ဆိုတဲ့ အၿမဲတမ္း ယာယီအိမ္ေစာင့္နည္းျပလုပ္ဖို႔ အဆင္သင့္ရွိေနတဲ့ ဖရန႔္ လမ္းပတ္ကို ျပန္ျမင္ရမယ့္ ေန႔ရက္ေတြက လက္ခ်ိဳးေရတြက္ဖို႔ပဲ လိုေနေတာ့ေၾကာင္လည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.