Premier League

ဝက်စ်ဟမ်းတောင် မနိုင်ဘဲ အဆင့် ၃ နေရာက အသင်းကို အနိုင်ယူမယ်ဆိုတဲ့ လုခ်ရှော

မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူ လုခ် ရှောဟာ အသင်းရဲ့ ဆိုးရွားတဲ့ရလဒ်တွေအတွက် ဆင်ခြေပေးလို့မရဘူးလို့ ပြောဆိုခဲ့ပြီး ဘောက်ဆင်ဒေးမှာ အက်စတန် ဗီလာကို အနိုင်ယူပြီး ပြန်လာဖို့ တောင်းဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့မှာ ဝက်စ်ဟမ်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့ပြီး အသင်းရဲ့ ဆိုးရွားတဲ့ခြေစွမ်းမှာ ဒဏ်ရာပြဿနာတွေကလည်း ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒဏ်ရာပြဿနာတွေ၊ နာမကျန်းဖြစ်မှုတွေ ၃၂ ခုအထိ ရှိခဲ့ပြီး ၁၉၃၀ နောက်ပိုင်း အဆိုးရွားဆုံး ရာသီစတင်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေက မန်ချက်စတာယူနိုက်တက် ရုန်းကန်နေရမှုနောက်ကွယ်မှာ အချက်တစ်ချက်အဖြစ် ရှိနေတယ်ဆိုတာကို လုခ် ရှောက သဘောတူခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်အတွက် ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့မရဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်နေလို့မရပါဘူး။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အားပေးပြီး နောက်ထပ်တစ်ကြိမ် နိုင်ပွဲရဖို့ ကစားသွားရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါက အိမ်ကွင်းပွဲဖြစ်နေလို့ဖြစ်ပြီး ကျွန်တော်တို့ ဆက်ပြီး ရမှတ်တွေလျော့ကျနေလို့ မရတော့လို့ပါ။ ကျွန်တော်တို့ နိုင်ပွဲတွေ ရယူရမယ်။ အကောင်းမြင်နေဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ အလုပ်ပါ။ ကျွန်တော်တို့ ဆက်ပြီး အကောင်းမြင်စိတ်ရှိနေရမှာဖြစ်ပြီး ဒါက မန်ချက်စတာယူနိုက်တက်ပါ။ ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်တွေထဲက တစ်ခုပါ”

“စွမ်းဆောင်ရည်က ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ ရလဒ်တွေကို ကြည့်လိုက်ရင် ကျွန်တော်တို့ အဲဒါကို သိနိုင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာ မှန်ထဲမှာ ပြန်ကြည့်ပြီးတော့ ကိုယ့်ဘာသာ မေးခွန်းထုတ်ရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာဆင်ခြေမှ ပေးစရာမရှိဘူး။ မန်ချက်စတာယူနိုက်တက်အတွက် ကွင်းထဲကို ဝင်လာတဲ့ဘယ်လိုကစားသမားမျိုးမဆို နိုင်ပွဲတွေ ရယူနိုင်ဖို့ ကောင်းသင့်သလောက် ကောင်းရမယ်။ အဲဒါပဲ။ ကျွန်တော် တခြားဘာမှ မပြောနိုင်ပါဘူး။ ကျွန်တော်တို့ ဆင်ခြေတွေ ရှာဖွေနေလို့မရဘူး။ အဲဒါက ခက်ခဲပြီး ဒဏ်ရာပြဿနာတွေလည်း အများကြီးရှိနေတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က အသင်းအများအပြားက ဒဏ်ရာတွေရနေကြတာပါ။ အဲဒီတော့ ကျွန်တော်တို့ အဲဒါကို ဆင်ခြေပေးလို့မရပါဘူး။ ကျွန်တော်တို့ ကောင်းသင့်သလောက် မကောင်းမွန်ဘူးဆိုတာကို သိပါတယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဘယ္ေနာက္ခံလူ လုခ္ ေရွာဟာ အသင္းရဲ႕ ဆိုး႐ြားတဲ့ရလဒ္ေတြအတြက္ ဆင္ေျခေပးလို႔မရဘူးလို႔ ေျပာဆိုခဲ့ၿပီး ေဘာက္ဆင္ေဒးမွာ အက္စတန္ ဗီလာကို အႏိုင္ယူၿပီး ျပန္လာဖို႔ ေတာင္းဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔မွာ ဝက္စ္ဟမ္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေနာက္ဆုံး ၃ ပြဲမွာ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ခဲ့ၿပီး အသင္းရဲ႕ ဆိုး႐ြားတဲ့ေျခစြမ္းမွာ ဒဏ္ရာျပႆနာေတြကလည္း ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒဏ္ရာျပႆနာေတြ၊ နာမက်န္းျဖစ္မႈေတြ ၃၂ ခုအထိ ရွိခဲ့ၿပီး ၁၉၃၀ ေနာက္ပိုင္း အဆိုး႐ြားဆုံး ရာသီစတင္မႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒဏ္ရာျပႆနာေတြက မန္ခ်က္စတာယူႏိုက္တက္ ႐ုန္းကန္ေနရမႈေနာက္ကြယ္မွာ အခ်က္တစ္ခ်က္အျဖစ္ ရွိေနတယ္ဆိုတာကို လုခ္ ေရွာက သေဘာတူခဲ့ေပမယ့္လည္း စြမ္းေဆာင္ရည္အတြက္ ဘယ္လို ဆင္ေျခမ်ိဳးမွ ေပးလို႔မရဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အတြက္ ကြၽန္ေတာ္တို႔ စိတ္မေကာင္းျဖစ္ေနလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ကိုယ္ ကြၽန္ေတာ္တို႔ အားေပးၿပီး ေနာက္ထပ္တစ္ႀကိမ္ ႏိုင္ပြဲရဖို႔ ကစားသြားရမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက အိမ္ကြင္းပြဲျဖစ္ေနလို႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဆက္ၿပီး ရမွတ္ေတြေလ်ာ့က်ေနလို႔ မရေတာ့လို႔ပါ။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲေတြ ရယူရမယ္။ အေကာင္းျမင္ေနဖို႔က ခက္ခဲပါတယ္။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္တို႔ အလုပ္ပါ။ ကြၽန္ေတာ္တို႔ ဆက္ၿပီး အေကာင္းျမင္စိတ္ရွိေနရမွာျဖစ္ၿပီး ဒါက မန္ခ်က္စတာယူႏိုက္တက္ပါ။ ကမာၻေပၚက အႀကီးမားဆုံးကလပ္ေတြထဲက တစ္ခုပါ”

“စြမ္းေဆာင္ရည္က ေကာင္းသင့္သေလာက္ မေကာင္းခဲ့ပါဘူး။ ရလဒ္ေတြကို ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ အဲဒါကို သိႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာ မွန္ထဲမွာ ျပန္ၾကည့္ၿပီးေတာ့ ကိုယ့္ဘာသာ ေမးခြန္းထုတ္ရမယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဘာဆင္ေျခမွ ေပးစရာမရွိဘူး။ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကြင္းထဲကို ဝင္လာတဲ့ဘယ္လိုကစားသမားမ်ိဳးမဆို ႏိုင္ပြဲေတြ ရယူႏိုင္ဖို႔ ေကာင္းသင့္သေလာက္ ေကာင္းရမယ္။ အဲဒါပဲ။ ကြၽန္ေတာ္ တျခားဘာမွ မေျပာႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ဆင္ေျခေတြ ရွာေဖြေနလို႔မရဘူး။ အဲဒါက ခက္ခဲၿပီး ဒဏ္ရာျပႆနာေတြလည္း အမ်ားႀကီးရွိေနတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္က အသင္းအမ်ားအျပားက ဒဏ္ရာေတြရေနၾကတာပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဲဒါကို ဆင္ေျခေပးလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ ေကာင္းသင့္သေလာက္ မေကာင္းမြန္ဘူးဆိုတာကို သိပါတယ္။”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.