Premier League

အာဆင်နယ်နဲ့ပွဲအပြီး အာတီတာကို စကားလုံး ၃ လုံး ပြောခဲ့တဲ့ ကလော့ပ်

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၂ သင်းဟာ စနေနေ့ညက အန်းဖီးမှာ တိုက်ပွဲဝင်ခဲ့ကြပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

ဂါဘရီယဲလ် မာဂါလိုင်စ်က အာဆင်နယ်အတွက် ၄ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပေမယ့် လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားက ပွဲကစားချိန် မိနစ် ၃၀ မပြည့်ခင်မှာပဲ ချေပသွားခဲ့တာဖြစ်ပါတယ်။ အန်းဖီးမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ နောက်ဆုံးမှာတော့ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်ဟာ ဒုတိယနေရာက လီဗာပူးလ်ထက် ၁ မှတ်အသာနဲ့ ခရစ္စမတ်ကာလကို ဖြတ်သန်းသွားရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပထမပိုင်းမှာ ဆာလီဘာကိုယ်တိုင် ပွဲအပြီးမှာ ပင်နယ်တီပေးခဲ့ရမှာလို့ ဝန်ခံခဲ့တဲ့ အော်ဒီဂွါဒ်ရဲ့ အငြင်းပွားဖွယ် လက်ထိဘောကို ပင်နယ်တီပေးဖို့ ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး ပင်နယ်တီသာရခဲ့မယ်ဆိုရင် အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ပင်နယ်တီဧရိယာထဲမှာ ခြေချော်လဲပြီး ဘောလုံးကို လက်နဲ့ ပုတ်မိခဲ့တာဖြစ်ပေမယ့်လည်း ကွင်းလယ်ဒိုင် ခရစ္စ ကက်ဗနာက ပင်နယ်တီ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို VAR ကလည်း အရေးတယူမလုပ်ခဲ့တာကြောင့် ကွင်းထဲက မူလဆုံးဖြတ်ချက်အတိုင်း ဖြစ်ခဲ့ပြီး လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ ပရိသတ်တွေ ဒေါသထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က “အိုးမိုင်ဂေါ့ဒ်။ သူတို့တွေ ဘယ်လောက်တောင် အားကောင်းလိုက်သလဲ။ သတင်းကောင်းက ကျွန်တော်တို့လည်း သူတို့လောက် ကောင်းမွန်ပါတယ်။ မန်စီးတီးကလည်း အရမ်းကောင်းတဲ့အသင်းပါ။ ဒါပေမယ့်လည်း အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေမှာပါ။ ကျွန်တော်တို့လည်း အဲဒီနေရာမှာ ရှိနေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ သူတို့ကို တကယ်ကို တွန်းအားပေးရပါလိမ့်မယ်။ အာဆင်နယ်က တကယ်ကို ထူးခြားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို မိနစ် ၂၀ လောက် နည်းနည်း ဖရိုဖရဲဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ သူတို့တွေ နည်းနည်း တုန်လှုပ်နေခဲ့တယ်လို့ ခံစားခဲ့ရပြီး အဲဒါကို အသုံးချနိုင်ခဲ့သင့်တယ်။ နှစ်သင်းစလုံးက အရှုံးမပေးခဲ့ဘူး။ နောက်ဆုံးစက္ကန့်အထိ အရှိန်အဟုန်က ထိပ်ဆုံးမှာရှိနေခဲ့တယ်။ အားလုံးလည်း အဲဒါကို ခံစားမိခဲ့တယ်။ အရမ်းကို ပြင်းထန်ပါတယ်။ ခက်ခဲ့တဲ့ပွဲ၊ ပွဲကောင်းတစ်ပွဲ။ ထူးခြားတဲ့ အခိုက်အတန့်တွေရှိခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့ ဒီရလဒ်ကနေ ယုံကြည်မှု ရယူရမှာ ကျိန်းသေပါတယ်။ ခင်ဗျား ဒီလိုရလဒ်တွေ၊ ထိပ်တန်းအသင်းနဲ့ ရင်ဆိုင်ကစားရတဲ့ ပွဲစဉ်ကနေ ယုံကြည်မှုရယူရမှာပါ။ ဥပမာအနေနဲ့ ကျွန်တော်တို့ မန်စီးတီးနဲ့ပွဲမှာလည်း ဆိုးဆိုးရွားရွား မကစားခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ဒီနေ့လောက်လည်း မကောင်းခဲ့ဘူး။ ခင်ဗျား ဒီလိုအရာတွေကနေ ရှေ့ဆက်ဖို့ ယုံကြည်မှု ရယူရမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပွဲပြီး ဝီစီမှုတ်ပြီးနောက် ချက်ချင်းပဲ ကလော့ပ်နဲ့ မီခေးလ် အာတီတာတို့ဟာ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး လီဗာပူးလ်နည်းပြက အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကို ဘယ်လောက်အထိ အံ့အားသင့်ခဲ့လဲဆိုတာကို ပြသတဲ့အနေနဲ့ စပိန်လူမျိုးနည်းပြကို ဝေါင်း ဝေါင်း ဝေါင်းလို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ၂ သင္းဟာ စေနေန႔ညက အန္းဖီးမွာ တိုက္ပြဲဝင္ခဲ့ၾကၿပီး တစ္ဖက္ တစ္ဂိုးစီ သေရရလဒ္နဲ႔ ေက်နပ္ခဲ့ရပါတယ္။

ဂါဘရီယဲလ္ မာဂါလိုင္စ္က အာဆင္နယ္အတြက္ ၄ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ေပမယ့္ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ပြဲကစားခ်ိန္ မိနစ္ ၃၀ မျပည့္ခင္မွာပဲ ေခ်ပသြားခဲ့တာျဖစ္ပါတယ္။ အန္းဖီးမွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္ဟာ ေနာက္ဆုံးမွာေတာ့ သေရရလဒ္ထြက္ေပၚခဲ့ၿပီး အာဆင္နယ္ဟာ ဒုတိယေနရာက လီဗာပူးလ္ထက္ ၁ မွတ္အသာနဲ႔ ခရစၥမတ္ကာလကို ျဖတ္သန္းသြားရေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ပထမပိုင္းမွာ ဆာလီဘာကိုယ္တိုင္ ပြဲအၿပီးမွာ ပင္နယ္တီေပးခဲ့ရမွာလို႔ ဝန္ခံခဲ့တဲ့ ေအာ္ဒီဂြါဒ္ရဲ႕ အျငင္းပြားဖြယ္ လက္ထိေဘာကို ပင္နယ္တီေပးဖို႔ ျငင္းပယ္ခံခဲ့ရတာျဖစ္ၿပီး ပင္နယ္တီသာရခဲ့မယ္ဆိုရင္ အရာအားလုံးက ေျပာင္းလဲသြားႏိုင္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ပင္နယ္တီဧရိယာထဲမွာ ေျခေခ်ာ္လဲၿပီး ေဘာလုံးကို လက္နဲ႔ ပုတ္မိခဲ့တာျဖစ္ေပမယ့္လည္း ကြင္းလယ္ဒိုင္ ခရစၥ ကက္ဗနာက ပင္နယ္တီ ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္ေပးခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကို VAR ကလည္း အေရးတယူမလုပ္ခဲ့တာေၾကာင့္ ကြင္းထဲက မူလဆုံးျဖတ္ခ်က္အတိုင္း ျဖစ္ခဲ့ၿပီး လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ပရိသတ္ေတြ ေဒါသထြက္ခဲ့ရတာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က “အိုးမိုင္ေဂါ့ဒ္။ သူတို႔ေတြ ဘယ္ေလာက္ေတာင္ အားေကာင္းလိုက္သလဲ။ သတင္းေကာင္းက ကြၽန္ေတာ္တို႔လည္း သူတို႔ေလာက္ ေကာင္းမြန္ပါတယ္။ မန္စီးတီးကလည္း အရမ္းေကာင္းတဲ့အသင္းပါ။ ဒါေပမယ့္လည္း အာဆင္နယ္က အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိေနမွာပါ။ ကြၽန္ေတာ္တို႔လည္း အဲဒီေနရာမွာ ရွိေနဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို တကယ္ကို တြန္းအားေပးရပါလိမ့္မယ္။ အာဆင္နယ္က တကယ္ကို ထူးျခားပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူတို႔ကို မိနစ္ ၂၀ ေလာက္ နည္းနည္း ဖ႐ိုဖရဲျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ သူတို႔ေတြ နည္းနည္း တုန္လႈပ္ေနခဲ့တယ္လို႔ ခံစားခဲ့ရၿပီး အဲဒါကို အသုံးခ်ႏိုင္ခဲ့သင့္တယ္။ ႏွစ္သင္းစလုံးက အရႈံးမေပးခဲ့ဘူး။ ေနာက္ဆုံးစကၠန႔္အထိ အရွိန္အဟုန္က ထိပ္ဆုံးမွာရွိေနခဲ့တယ္။ အားလုံးလည္း အဲဒါကို ခံစားမိခဲ့တယ္။ အရမ္းကို ျပင္းထန္ပါတယ္။ ခက္ခဲ့တဲ့ပြဲ၊ ပြဲေကာင္းတစ္ပြဲ။ ထူးျခားတဲ့ အခိုက္အတန႔္ေတြရွိခဲ့တဲ့ပြဲပါ။ ကြၽန္ေတာ္တို႔ ဒီရလဒ္ကေန ယုံၾကည္မႈ ရယူရမွာ က်ိန္းေသပါတယ္။ ခင္ဗ်ား ဒီလိုရလဒ္ေတြ၊ ထိပ္တန္းအသင္းနဲ႔ ရင္ဆိုင္ကစားရတဲ့ ပြဲစဥ္ကေန ယုံၾကည္မႈရယူရမွာပါ။ ဥပမာအေနနဲ႔ ကြၽန္ေတာ္တို႔ မန္စီးတီးနဲ႔ပြဲမွာလည္း ဆိုးဆိုး႐ြား႐ြား မကစားခဲ့ပါဘူး။ ဒါေပမယ့္ အဲဒါက ဒီေန႔ေလာက္လည္း မေကာင္းခဲ့ဘူး။ ခင္ဗ်ား ဒီလိုအရာေတြကေန ေရွ႕ဆက္ဖို႔ ယုံၾကည္မႈ ရယူရမွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ပြဲၿပီး ဝီစီမႈတ္ၿပီးေနာက္ ခ်က္ခ်င္းပဲ ကေလာ့ပ္နဲ႔ မီေခးလ္ အာတီတာတို႔ဟာ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၾကၿပီး လီဗာပူးလ္နည္းျပက အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္ကို ဘယ္ေလာက္အထိ အံ့အားသင့္ခဲ့လဲဆိုတာကို ျပသတဲ့အေနနဲ႔ စပိန္လူမ်ိဳးနည္းျပကို ေဝါင္း ေဝါင္း ေဝါင္းလို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.