Premier League

ဂန်းနားကြယ်ပွင့်က ဝိန်းနဲ့ တိဗက်ဇ်တို့ကို ပြန်အမှတ်ရစေတယ်လို့ ချီးကျူးခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက ဂါဘရီယဲလ် ဂျေးဇုဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဝိန်း ရူနီနဲ့ ကားလို့စ် တီဗက်ဇ်တို့ကို ပြန်အမှတ်ရစေတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အာဆင်နယ်ကြယ်ပွင့်အနေနဲ့ တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၁၃ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပြီး စနေနေ့က လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ပွဲအပြီးမှာ ဂယ်ရီ နဗီးက ဘရာဇီးလ်တိုက်စစ်မှူးကို နှစ်သက်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နဗီးက ဂျေးဇုဟာ ဂိုးရှေ့မှာ ဂိုးမုဆိုးဗီဇမျိုး မရှိဘဲ တစ်ခါတလေကျရင် မရှိစေချင်တဲ့နေရာတွေမှာ ရောက်နေတတ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပြီး ဆာကာ၊ မာတီနယ်လီတို့နဲ့လည်း ကောင်းကောင်း ချိတ်ဆက်နိုင်ခြင်းလည်းမရှိခဲ့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဂျေးဇု၊ မာတီနယ်လီနဲ့ ဆာကာတို့ ချိတ်ဆက်ကစားနိုင်တာ ကျွန်တော် မမြင်ပါဘူး။ ဆာကာက ဂိုးရှေ့ကို ဖြတ်တင်ပေးပို့ဖို့ ကြိုးစားချိန်မှာ သူက အဲဒါကို တလွဲလုပ်ပစ်တယ်။ မာတီနယ်လီကလည်း ဂိုးတိုင်နားကို ပြေးတက်တာမျိုး ကျွန်တော် မမြင်ဘူး။ လုပ်စရာတွေ တော်တော်များများရှိနေပါတယ်။ ဒီရာသီ အာဆင်နယ်ပွဲစဉ်တော်တော်များများအပြီးမှာ ဂျေးဇုနဲ့ အန်ကီးတီးယားက ပရီးမီးယားလိဂ်ဆုဖလားအနိုင်ရမယ့်အသင်းထဲက နံပါတ် ၁ လား၊ နံပါတ် ၂ လား ဒါမှမဟုတ် သူတို့တွေက နံပါတ် ၂၊ နံပါတ် ၃ တိုက်စစ်မှူးတွေလားလို့ ကျွန်တော့်ဘာသာ မေးခွန်းထုတ်မိတယ်”

“ကျွန်တော် ဂျေးဇုကို နှစ်သက်ပါတယ်။ သူ့ကို တကယ်သဘောကျတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး သူနဲ့ ကျွန်တော် ကစားချင်ပါတယ်။ သူက ဝိန်းရူနီပုံစံမျိုးနည်းနည်းနဲ့ ကားလို့စ် တီဗက်ဇ်လို ပုံစံမျိုးနည်းနည်း ရှိတယ်။ ဒါပေမယ့် ဂိုးရှေ့မှာ ဂိုးမုဆိုးဗီဇမျိုးတော့ သူ့မှာမရှိဘူး။ တစ်ခါတလေ ခင်ဗျား မရှိစေချင်တဲ့နေရာတွေမှာ သူ ရောက်နေတတ်တယ်။ တီဗက်ဇ်လည်း နေရာတိုင်းကို လျှောက်ပြေးနေတာပဲ။ တစ်ခါတလေ ဝိန်းရူနီလည်း ဘယ်တောင်ပံ ထွက်ကစားလိုက်၊ ပျောက်သွားလိုက်ပါပဲ။ ဒါပေမယ့် ခင်ဗျား တိုက်စစ်မှာက ဂိုးသွင်းကောင်းတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားက ရှိနေခဲ့တယ်လေ”

“ရူနီလည်း ဂိုးသွင်းကောင်းခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော် ဒီလိုမျိုး အရမ်းကောင်းတဲ့ တိုက်စစ် ၃ ဦးအကြောင်းကို စဉ်းစားမိရုံပါ။ ဒီ ၃ ယောက်(အာဆင်နယ်)က ဂိုးတွေတင်မကဘူး။ ပွဲစဉ်အတွင်းမှာ ကစားဖို့ ချိတ်ဆက်မှုများများစားစားတောင် မလုပ်နိုင်ဘူး။ အဲဒါက တစ်ချိန်မှာ သူတို့ကို ဒုက္ခရောက်စေလိမ့်မယ်လို့ ကျွန်တော်ခံစားရတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက ဂါဘရီယဲလ္ ေဂ်းဇုဟာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ဝိန္း ႐ူနီနဲ႔ ကားလို႔စ္ တီဗက္ဇ္တို႔ကို ျပန္အမွတ္ရေစတယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း အာဆင္နယ္ၾကယ္ပြင့္အေနနဲ႔ တိုးတက္ေအာင္လုပ္ဖို႔ လိုေသးတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇုဟာ ဒီရာသီမွာ အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ၁၃ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ထားႏိုင္ေသးတာျဖစ္ၿပီး စေနေန႔က လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ ပြဲအၿပီးမွာ ဂယ္ရီ နဗီးက ဘရာဇီးလ္တိုက္စစ္မႉးကို ႏွစ္သက္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နဗီးက ေဂ်းဇုဟာ ဂိုးေရွ႕မွာ ဂိုးမုဆိုးဗီဇမ်ိဳး မရွိဘဲ တစ္ခါတေလက်ရင္ မရွိေစခ်င္တဲ့ေနရာေတြမွာ ေရာက္ေနတတ္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ၿပီး ဆာကာ၊ မာတီနယ္လီတို႔နဲ႔လည္း ေကာင္းေကာင္း ခ်ိတ္ဆက္ႏိုင္ျခင္းလည္းမရွိခဲ့ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ေဂ်းဇု၊ မာတီနယ္လီနဲ႔ ဆာကာတို႔ ခ်ိတ္ဆက္ကစားႏိုင္တာ ကြၽန္ေတာ္ မျမင္ပါဘူး။ ဆာကာက ဂိုးေရွ႕ကို ျဖတ္တင္ေပးပို႔ဖို႔ ႀကိဳးစားခ်ိန္မွာ သူက အဲဒါကို တလြဲလုပ္ပစ္တယ္။ မာတီနယ္လီကလည္း ဂိုးတိုင္နားကို ေျပးတက္တာမ်ိဳး ကြၽန္ေတာ္ မျမင္ဘူး။ လုပ္စရာေတြ ေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။ ဒီရာသီ အာဆင္နယ္ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားအၿပီးမွာ ေဂ်းဇုနဲ႔ အန္ကီးတီးယားက ပရီးမီးယားလိဂ္ဆုဖလားအႏိုင္ရမယ့္အသင္းထဲက နံပါတ္ ၁ လား၊ နံပါတ္ ၂ လား ဒါမွမဟုတ္ သူတို႔ေတြက နံပါတ္ ၂၊ နံပါတ္ ၃ တိုက္စစ္မႉးေတြလားလို႔ ကြၽန္ေတာ့္ဘာသာ ေမးခြန္းထုတ္မိတယ္”

“ကြၽန္ေတာ္ ေဂ်းဇုကို ႏွစ္သက္ပါတယ္။ သူ႔ကို တကယ္သေဘာက်တယ္။ သူက အရမ္းေကာင္းတဲ့ကစားသမားျဖစ္ၿပီး သူနဲ႔ ကြၽန္ေတာ္ ကစားခ်င္ပါတယ္။ သူက ဝိန္း႐ူနီပုံစံမ်ိဳးနည္းနည္းနဲ႔ ကားလို႔စ္ တီဗက္ဇ္လို ပုံစံမ်ိဳးနည္းနည္း ရွိတယ္။ ဒါေပမယ့္ ဂိုးေရွ႕မွာ ဂိုးမုဆိုးဗီဇမ်ိဳးေတာ့ သူ႔မွာမရွိဘူး။ တစ္ခါတေလ ခင္ဗ်ား မရွိေစခ်င္တဲ့ေနရာေတြမွာ သူ ေရာက္ေနတတ္တယ္။ တီဗက္ဇ္လည္း ေနရာတိုင္းကို ေလွ်ာက္ေျပးေနတာပဲ။ တစ္ခါတေလ ဝိန္း႐ူနီလည္း ဘယ္ေတာင္ပံ ထြက္ကစားလိုက္၊ ေပ်ာက္သြားလိုက္ပါပဲ။ ဒါေပမယ့္ ခင္ဗ်ား တိုက္စစ္မွာက ဂိုးသြင္းေကာင္းတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလို ကစားသမားက ရွိေနခဲ့တယ္ေလ”

“႐ူနီလည္း ဂိုးသြင္းေကာင္းခဲ့တာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ ဒီလိုမ်ိဳး အရမ္းေကာင္းတဲ့ တိုက္စစ္ ၃ ဦးအေၾကာင္းကို စဥ္းစားမိ႐ုံပါ။ ဒီ ၃ ေယာက္(အာဆင္နယ္)က ဂိုးေတြတင္မကဘူး။ ပြဲစဥ္အတြင္းမွာ ကစားဖို႔ ခ်ိတ္ဆက္မႈမ်ားမ်ားစားစားေတာင္ မလုပ္ႏိုင္ဘူး။ အဲဒါက တစ္ခ်ိန္မွာ သူတို႔ကို ဒုကၡေရာက္ေစလိမ့္မယ္လို႔ ကြၽန္ေတာ္ခံစားရတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.