Match Report Premier League

လန်ဒန်မှာ ဝက်စ်ဟမ်းကြိတ်တာခံရပြီး အရှုံးသံသရာက နာလံမထူတဲ့ မန်ယူ

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ မာဗရိုပါနို့စ်၊ ဇူးမား၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဆိုးချက်ခ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ကူဒူးစ်၊ ဘိုဝင်နဲ့ ပါကေးတာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ယူတို့ကတော့ ဂိုးသမား အိုနာနာ၊ ဂီလာနတွေ များနေခဲ့တဲ့ ခံစစ်မှာ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ် ရှောတို့ကို လူငယ်ကစားသမား ကမ်ဘွာလာနဲ့ တွဲပေးခဲ့ရပြီး ကွင်းလယ်မှာတော့ မိုင်နူး၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ပဲ ကစားခဲ့ကြတာပါ။

မန်ယူတို့ဘက်က ဂါနာချိုက လက်ရှိအချိန်အထိ ကစားပုံတွေ ကလေးဆန်နေဆဲဖြစ်ပြီး နေရာလွတ် မရရင် ထိရောက်တဲ့ အကျိုးပြုမှုမျိုးကို မပြသနိုင်သလို ဝက်စ်ဟမ်းတို့ဘက်ကတော့ အာဆင်နယ်မှာ မအောင်မြင်ခဲ့တဲ့ မာဗရိုပါနို့စ်ကို စတုဂတ်ဆီက ပြန်ခေါ်ရာမှာ ဈေးကြီးမိခဲ့ပြီး ခြေစွမ်းနဲ့ တန်ကြေးက မကာမိဘဲဖြစ်နေချိန်မှာ ခံစစ်ကစားပုံက အားနည်းနေခဲ့တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်က လူပေးမှားတာကို အန်တိုနီ ဖန်တီးပေးတဲ့ အကောင်းဆုံး အခွင့်အရေးတစ်ကြိမ်ကို ဂါနာချိုက ဂိုးအဖြစ် မပြောင်းနိုင်ဘဲ လွဲချော်သွားခဲ့သလို မန်ယူတို့ဘက်က မိုင်နူးရဲ့ ကန်ချက်ကိုတော့ ဂိုးသမား အာရီယိုးလား ညံ့ဖျင်းမှုကနေ ကံကောင်းလို့ ဂိုးမပေးခဲ့ရဘဲ ထောင့်ကန်ဘော ဖြစ်သွားခဲ့ရပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာ ဘရူနို ဖာနန်ဒက်စ် တစ်ကြိမ် ခေါင်းတိုက်ခွင့်ရပေမယ့် လွဲချော်သွားခဲ့သလို ဝက်စ်ဟမ်းတို့ဘက်က ဘိုဝင်ရဲ့ ခေါင်းတိုက်ချက် ကိုတော့ အိုနာနာက ခဲရာခဲဆစ် ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ မန်ယူတို့ဘက်က အရင် အပြောင်းအလဲလုပ်ခဲ့ပြီး ဂိုးမသွင်းကြေး ကစားနေတဲ့ ဟွိုင်းလန်းအစား ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဗျူဟာပြောင်းဖို့လုပ်နေတဲ့ မန်ယူတို့ကို လူမလဲခင်မှာ ထိုးနှက်ခံခဲ့ရပြီး ဝက်စ်ဟမ်းတို့ ဂိုးစရသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ပါကေးတာနဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲ ဝင်လာခဲ့တဲ့ ဘိုဝင်က လုခ် ရှော တိုင်မင်အောက်နေမှုကို အခွင့်ကောင်းယူပြီး ကန်သွင်းခဲ့ရာမှာ အိုနာနာ ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးက ဘိုဝင်နဲ့ပဲ ပြန်ထိပြီး ဝင်သွားခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ဒီဂိုးပေးလိုက်ရအပြီးမှာ မန်ယူတို့ဘက်က အန်တိုနီအစား ပယ်လစ္စထရီ ဝင်လာခဲ့ပေမယ့် ပွဲချိန် ၇၈ မိနစ်မှာ ဝက်စ်ဟမ်းတို့ပဲ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကိုတော့ မိုင်နူးရဲ့ ဘောလုံးထိန်းပုံမှားပြီး လွတ်ထွက်သွားတာကနေ ကူဒူးစ်က ပါကေးတာနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ဂိုးရှေ့အရောက်မှာ အီဗန်စ်နဲ့ ကမ်ဘွာလာတို့ကြားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ လေးလံနေတဲ့ အိုနာနာ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်ယူတို့ အစွယ်မရှိ အဆိပ်မရှိနဲ့ အိမ်ရှင်ပရိသတ်တွေရဲ့ အလှောင်ပြောင်ခံပဲဖြစ်ခဲ့ရသလို ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ သုံးမှတ် အပိုင်သိမ်းသွားခဲ့ပြီး အဆင့် ၆ ကို တက်ရောက်လာခဲ့ချိန်မှာ သုံးပွဲဆက် နိုင်ပွဲပျောက်ပြီး အဆင့် ၈ နေရာမှာ ရပ်တည်သွားခဲ့ပါကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ မာဗ႐ိုပါႏို႔စ္၊ ဇူးမား၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ဆိုးခ်က္ခ္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ကူဒူးစ္၊ ဘိုဝင္နဲ႔ ပါေကးတာတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ မန္ယူတို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ဂီလာနေတြ မ်ားေနခဲ့တဲ့ ခံစစ္မွာ အီဗန္စ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ ေရွာတို႔ကို လူငယ္ကစားသမား ကမ္ဘြာလာနဲ႔ တြဲေပးခဲ့ရၿပီး ကြင္းလယ္မွာေတာ့ မိုင္ႏူး၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔ပဲ ကစားခဲ့ၾကတာပါ။

မန္ယူတို႔ဘက္က ဂါနာခ်ိဳက လက္ရွိအခ်ိန္အထိ ကစားပုံေတြ ကေလးဆန္ေနဆဲျဖစ္ၿပီး ေနရာလြတ္ မရရင္ ထိေရာက္တဲ့ အက်ိဳးျပဳမႈမ်ိဳးကို မျပသႏိုင္သလို ဝက္စ္ဟမ္းတို႔ဘက္ကေတာ့ အာဆင္နယ္မွာ မေအာင္ျမင္ခဲ့တဲ့ မာဗ႐ိုပါႏို႔စ္ကို စတုဂတ္ဆီက ျပန္ေခၚရာမွာ ေဈးႀကီးမိခဲ့ၿပီး ေျခစြမ္းနဲ႔ တန္ေၾကးက မကာမိဘဲျဖစ္ေနခ်ိန္မွာ ခံစစ္ကစားပုံက အားနည္းေနခဲ့တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းကြင္းလယ္က လူေပးမွားတာကို အန္တိုနီ ဖန္တီးေပးတဲ့ အေကာင္းဆုံး အခြင့္အေရးတစ္ႀကိမ္ကို ဂါနာခ်ိဳက ဂိုးအျဖစ္ မေျပာင္းႏိုင္ဘဲ လြဲေခ်ာ္သြားခဲ့သလို မန္ယူတို႔ဘက္က မိုင္ႏူးရဲ႕ ကန္ခ်က္ကိုေတာ့ ဂိုးသမား အာရီယိုးလား ညံ့ဖ်င္းမႈကေန ကံေကာင္းလို႔ ဂိုးမေပးခဲ့ရဘဲ ေထာင့္ကန္ေဘာ ျဖစ္သြားခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာ ဘ႐ူႏို ဖာနန္ဒက္စ္ တစ္ႀကိမ္ ေခါင္းတိုက္ခြင့္ရေပမယ့္ လြဲေခ်ာ္သြားခဲ့သလို ဝက္စ္ဟမ္းတို႔ဘက္က ဘိုဝင္ရဲ႕ ေခါင္းတိုက္ခ်က္ ကိုေတာ့ အိုနာနာက ခဲရာခဲဆစ္ ကာကြယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ မန္ယူတို႔ဘက္က အရင္ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဂိုးမသြင္းေၾကး ကစားေနတဲ့ ဟြိဳင္းလန္းအစား ရက္ရွ္ဖို႔ဒ္ကို ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဗ်ဴဟာေျပာင္းဖို႔လုပ္ေနတဲ့ မန္ယူတို႔ကို လူမလဲခင္မွာ ထိုးႏွက္ခံခဲ့ရၿပီး ဝက္စ္ဟမ္းတို႔ ဂိုးစရသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ပါေကးတာနဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲ ဝင္လာခဲ့တဲ့ ဘိုဝင္က လုခ္ ေရွာ တိုင္မင္ေအာက္ေနမႈကို အခြင့္ေကာင္းယူၿပီး ကန္သြင္းခဲ့ရာမွာ အိုနာနာ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးက ဘိုဝင္နဲ႔ပဲ ျပန္ထိၿပီး ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ဒီဂိုးေပးလိုက္ရအၿပီးမွာ မန္ယူတို႔ဘက္က အန္တိုနီအစား ပယ္လစၥထရီ ဝင္လာခဲ့ေပမယ့္ ပြဲခ်ိန္ ၇၈ မိနစ္မွာ ဝက္စ္ဟမ္းတို႔ပဲ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ မိုင္ႏူးရဲ႕ ေဘာလုံးထိန္းပုံမွားၿပီး လြတ္ထြက္သြားတာကေန ကူဒူးစ္က ပါေကးတာနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ဂိုးေရွ႕အေရာက္မွာ အီဗန္စ္နဲ႔ ကမ္ဘြာလာတို႔ၾကားကေန အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ေလးလံေနတဲ့ အိုနာနာ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မန္ယူတို႔ အစြယ္မရွိ အဆိပ္မရွိနဲ႔ အိမ္ရွင္ပရိသတ္ေတြရဲ႕ အေလွာင္ေျပာင္ခံပဲျဖစ္ခဲ့ရသလို ပြဲခ်ိန္အျပည့္မွာေတာ့ ဝက္စ္ဟမ္းတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ သုံးမွတ္ အပိုင္သိမ္းသြားခဲ့ၿပီး အဆင့္ ၆ ကို တက္ေရာက္လာခဲ့ခ်ိန္မွာ သုံးပြဲဆက္ ႏိုင္ပြဲေပ်ာက္ၿပီး အဆင့္ ၈ ေနရာမွာ ရပ္တည္သြားခဲ့ပါေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.