Premier League

လက်စွမ်းစကောင်းလာခါမှ အိုနာနာကို ဆုံးရှုံးရမယ့်ကိစ္စကို ပြောလာတဲ့ တန်ဟက်

အဲရစ် တန်ဟက်က လာမယ့် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ အာဖရိကဖလားပြိုင်ပွဲကြောင့် ဂိုးသမား အန်ဒရီ အိုနာနာကို ဆုံးရှုံးရမယ့်အလားအလာကြောင့် စိုးရိမ်ပူပင်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အတည်မပြုရသေးပေမယ့်လည်း အိုနာနာကို ကင်မရွန်းလက်ရွေးစင်အသင်းက အာဖရိကဖလားပြိုင်ပွဲအတွက် ခေါ်ယူမယ်ဆိုတာ ကျိန်းသေသလောက်ရှိနေပုံပေါ်ပြီး တကယ်လို့ ခေါ်ယူခြင်းခံရမယ်ဆိုရင် မန်ယူနိုက်တက်ရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ကင်မရွန်း လက်ရွေးစင်အသင်းသာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်မယ်ဆိုရင် ၆ ပွဲအထိ လွဲချော်မှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ တော့တင်ဟမ်ဟော့စပါး၊ အက်စတန် ဗီလာတို့နဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

အိုနာနာဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲတိုင်းမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်ကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့မှုဟာ ထင်ထားသလို ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ဂိုးသမားဟာ အမှားအယွင်းအများအပြား ပြုလုပ်ခဲ့ပြီး အထူးသဖြင့် မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ အရှက်ရဖွယ် ထွက်ခွာခဲ့ရစေတဲ့ အမှားမျိုးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုဆိုပေမယ့်လည်း ဒုတိယပွဲထွက်ဂိုးသမားဖြစ်တဲ့ အယ်လ်တေး ဘာရင်ဒီယာရဲ့ လက်စွမ်းကလည်း မေးခွန်းထုတ်စရာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဖီနာဘာချီကနေ အိုးထရက်ဖို့ဒ်ကို ရောက်လာပြီးကတည်းက ပွဲဦးထွက်ခွင့်မရသေးတာဖြစ်ပါတယ်။

ဝါရင့်ဂိုးသမား တွမ် ဟီတန်လည်း ပါဝင်ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေပေမယ့်လည်း အသက် ၃၇ နှစ်အရွယ်ကစားသမားရဲ့ အကောင်းဆုံးနေ့တွေက အတိတ်မှာ ကျန်ခဲ့ပြီဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း တန်ဟက်က ဂိုးသမားကိစ္စအတွက် စိုးရိမ်ပူပင်နေခြင်းမရှိဘဲ ယနေ့ ဝက်စ်ဟမ်း အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူ အဲဒီကိုသွားရင် ကျွန်တော်တို့မှာ ဘာရင်ဒီယာ၊ တွမ် ဟီတန်တို့နဲ့အတူ အားကောင်းတဲ့ဂိုးသမား အစုအဖွဲ့ရှိနေလို့ သက်တောင့်သက်သာပါပဲ။ ဟုတ်တာပေါ့။ ကျွန်တော်တို့ အန်ဒရီ ပါဝင်ကစားပေးနိုင်သလောက် များများ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သူ့နေရာမှာ အစားထိုးနိုင်တဲ့ ဂိုးသမားကောင်း ၂ ဦး ကျွန်တော်တို့မှာ ရှိပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြောခဲ့တဲ့အတိုင်းပဲ အိုနာနာ အာဖရိကဖလားပြိုင်ပွဲကို သွားကစားဖို့က မသေချာဘဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက လက်ရွေးစင်နည်းပြ ရီဂိုဘတ် ဆောင်းနဲ့ ပြဿနာတက်ပြီးနောက် လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက လက်ရွေးစင်အသင်းလူစာရင်းထဲ ပြန်ပါခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ပွဲထွက်ဂိုးသမားနေရာကို ဆုံးရှုံးမှာစိုးရိမ်တာကြောင့် အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးချင်စိတ်မရှိဘူးလို့ ကောလာဟလအချို့လည်းရှိနေခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်မှာ ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲအတွက် လူစာရင်းကို နောက်ဆုံး စာရင်းသွင်းရမယ့်ရက်က ဇန်နဝါရီ ၃ ရက်နေ့ဖြစ်ပြီး ဖီဖာရဲ့ စည်းမျဉ်းအရ လက်ရွေးစင်တာဝန်အတွက် ခေါ်ယူခံထားရတဲ့ကစားသမားတွေဟာ အချိန်မီ သတင်းပို့ရမှာ ဖြစ်ပါတယ်။

တန်ဟက်က မန်ချက်စတာယူနိုက်တက်နဲ့ အိုနာနာတို့ဟာ ကင်မရွန်းရဲ့လက်ရွေးစင်လူစာရင်းမကြေညာခင် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး “သူတို့သာ သူ့ကိုခေါ်ရင် ခင်ဗျား စည်းမျဉ်းစည်းကမ်းတွေကို သိပါတယ်”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲအတွက် အိုင်ဗရီကို့စ်ကို နောက်ထပ် ထွက်ခွာနိုင်တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေကတော့ ဆိုဖရန် အမ်မရာဘတ်(မော်ရိုကို)၊ အာမက် ဂျယ်လို(အိုင်ဗရီကို့စ်)နဲ့ ဟန်နီဘယ် မက်ဂျ်ဘရီ(တူနီးရှား)တို့ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က လာမယ့္ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီလမွာ အာဖရိကဖလားၿပိဳင္ပြဲေၾကာင့္ ဂိုးသမား အန္ဒရီ အိုနာနာကို ဆုံးရႈံးရမယ့္အလားအလာေၾကာင့္ စိုးရိမ္ပူပင္ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အတည္မျပဳရေသးေပမယ့္လည္း အိုနာနာကို ကင္မ႐ြန္းလက္ေ႐ြးစင္အသင္းက အာဖရိကဖလားၿပိဳင္ပြဲအတြက္ ေခၚယူမယ္ဆိုတာ က်ိန္းေသသေလာက္ရွိေနပုံေပၚၿပီး တကယ္လို႔ ေခၚယူျခင္းခံရမယ္ဆိုရင္ မန္ယူႏိုက္တက္ရဲ႕ ပြဲစဥ္အမ်ားအျပားကို လြဲေခ်ာ္ဖြယ္ရွိေနတာျဖစ္ပါတယ္။

ကင္မ႐ြန္း လက္ေ႐ြးစင္အသင္းသာ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ က်င္းပမယ့္ ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ႏိုင္မယ္ဆိုရင္ ၆ ပြဲအထိ လြဲေခ်ာ္မွာျဖစ္ၿပီး အဲဒီကာလအတြင္းမွာ ေတာ့တင္ဟမ္ေဟာ့စပါး၊ အက္စတန္ ဗီလာတို႔နဲ႔ ကစားရမယ့္ ပြဲႀကီးပြဲေကာင္းေတြလည္း အပါအဝင္ျဖစ္ပါတယ္။

အိုနာနာဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ပြဲတိုင္းမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့သူျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ အင္တာမီလန္ကေန ေပါင္ ၄၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕မႈဟာ ထင္ထားသလို ျဖစ္မလာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ဂိုးသမားဟာ အမွားအယြင္းအမ်ားအျပား ျပဳလုပ္ခဲ့ၿပီး အထူးသျဖင့္ မန္ခ်က္စတာယူႏိုက္တက္ကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန အရွက္ရဖြယ္ ထြက္ခြာခဲ့ရေစတဲ့ အမွားမ်ိဳးေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒီလိုဆိုေပမယ့္လည္း ဒုတိယပြဲထြက္ဂိုးသမားျဖစ္တဲ့ အယ္လ္ေတး ဘာရင္ဒီယာရဲ႕ လက္စြမ္းကလည္း ေမးခြန္းထုတ္စရာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ဖီနာဘာခ်ီကေန အိုးထရက္ဖို႔ဒ္ကို ေရာက္လာၿပီးကတည္းက ပြဲဦးထြက္ခြင့္မရေသးတာျဖစ္ပါတယ္။

ဝါရင့္ဂိုးသမား တြမ္ ဟီတန္လည္း ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနမွာ ရွိေနေပမယ့္လည္း အသက္ ၃၇ ႏွစ္အ႐ြယ္ကစားသမားရဲ႕ အေကာင္းဆုံးေန႔ေတြက အတိတ္မွာ က်န္ခဲ့ၿပီဆိုတာေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း တန္ဟက္က ဂိုးသမားကိစၥအတြက္ စိုးရိမ္ပူပင္ေနျခင္းမရွိဘဲ ယေန႔ ဝက္စ္ဟမ္း အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူ အဲဒီကိုသြားရင္ ကြၽန္ေတာ္တို႔မွာ ဘာရင္ဒီယာ၊ တြမ္ ဟီတန္တို႔နဲ႔အတူ အားေကာင္းတဲ့ဂိုးသမား အစုအဖြဲ႕ရွိေနလို႔ သက္ေတာင့္သက္သာပါပဲ။ ဟုတ္တာေပါ့။ ကြၽန္ေတာ္တို႔ အန္ဒရီ ပါဝင္ကစားေပးႏိုင္သေလာက္ မ်ားမ်ား ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အဲဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ သူ႔ေနရာမွာ အစားထိုးႏိုင္တဲ့ ဂိုးသမားေကာင္း ၂ ဦး ကြၽန္ေတာ္တို႔မွာ ရွိပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေျပာခဲ့တဲ့အတိုင္းပဲ အိုနာနာ အာဖရိကဖလားၿပိဳင္ပြဲကို သြားကစားဖို႔က မေသခ်ာဘဲ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက လက္ေ႐ြးစင္နည္းျပ ရီဂိုဘတ္ ေဆာင္းနဲ႔ ျပႆနာတက္ၿပီးေနာက္ လက္ေ႐ြးစင္လူစာရင္းကေန ႏုတ္ထြက္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဒီႏွစ္အေစာပိုင္းတုန္းက လက္ေ႐ြးစင္အသင္းလူစာရင္းထဲ ျပန္ပါခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ ပြဲထြက္ဂိုးသမားေနရာကို ဆုံးရႈံးမွာစိုးရိမ္တာေၾကာင့္ အာဖရိကဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးခ်င္စိတ္မရွိဘူးလို႔ ေကာလာဟလအခ်ိဳ႕လည္းရွိေနခဲ့တာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္မွာ က်င္းပမယ့္ အာဖရိကဖလားၿပိဳင္ပြဲအတြက္ လူစာရင္းကို ေနာက္ဆုံး စာရင္းသြင္းရမယ့္ရက္က ဇန္နဝါရီ ၃ ရက္ေန႔ျဖစ္ၿပီး ဖီဖာရဲ႕ စည္းမ်ဥ္းအရ လက္ေ႐ြးစင္တာဝန္အတြက္ ေခၚယူခံထားရတဲ့ကစားသမားေတြဟာ အခ်ိန္မီ သတင္းပို႔ရမွာ ျဖစ္ပါတယ္။

တန္ဟက္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ အိုနာနာတို႔ဟာ ကင္မ႐ြန္းရဲ႕လက္ေ႐ြးစင္လူစာရင္းမေၾကညာခင္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနဆဲျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး “သူတို႔သာ သူ႔ကိုေခၚရင္ ခင္ဗ်ား စည္းမ်ဥ္းစည္းကမ္းေတြကို သိပါတယ္”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲအတြက္ အိုင္ဗရီကို႔စ္ကို ေနာက္ထပ္ ထြက္ခြာႏိုင္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြကေတာ့ ဆိုဖရန္ အမ္မရာဘတ္(ေမာ္႐ိုကို)၊ အာမက္ ဂ်ယ္လို(အိုင္ဗရီကို႔စ္)နဲ႔ ဟန္နီဘယ္ မက္ဂ်္ဘရီ(တူနီးရွား)တို႔ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.