Match Report Premier League

ဒိုင်ကူတာတောင် ကြမ်းကပ်အသင်းနဲ့ သရေကျပြီး ဇယားထိပ် မရောက်လိုက်ရတဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီတစ်ပတ်မှာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ တွေ့ဆုံနေပြီး အမှတ်လျော့နိုင်မှုကို အခွင့်ကောင်းယူပြီး ဇယားထိပ် တက်နိုင်ရမယ့်အစား အိမ်ကွင်းမှာ ကြမ်းကပ် အဆင့် ၂၀ က ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို နောက်ကနေ ဒိုင်ကူမှုတွေနဲ့ သရေရဖို့တောင် မနည်းကစားခဲ့ရလို့ အိမ်ကွင်းနိုင်ပွဲဆက် မှတ်တမ်းပါ ရပ်တန့်သွားရမှုနဲ့အတူ မိအေး နှစ်ခါနာဖြစ်ခဲ့ရပါတယ်။

အူနိုင်း အမ်မရီရဲ့ အိမ်ရှင်တွေအနေနဲ့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ လွန်ဂလေ၊ မက်တီ ကတ်ရှ်နဲ့ ဒီညာတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ နှစ်ယောက်တည်းကို ကစားစေခဲ့တာကိုတော့ အံ့အားသင့်ဖွယ် မြင်ခဲ့ရပြီး တိုက်စစ်မှာတော့ ရမ်ဆေး၊ ဒီယာဘီ၊ ဘေလီနဲ့ မက်ဂင်းတို့ကို လေးဦးအထိ ထားကစားခဲ့တာပါ။

ဧည့်သည် ခရစ္စ ဝိုင်လ်ဒါရဲ့ ရှက်ဖီးလ်ဒ်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ ထရပ်စ်တီ၊ ရော်ဘင်ဆန်၊ ဘောလ်ဒေါ့ခ်နဲ့ လာရူးချီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ နော်ဝုဒ်၊ ဗီနီးရှပ် ဆူဇာ၊ ဘိုဂယ်လ်၊ ဆလီမာနီနဲ့ ဘရွတ်ခ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဗီလာလူငယ် အကယ်ဒမီထွက် အာချာကို ပွဲထုတ်လာခဲ့ပါတယ်။

ဗီလာတို့အနေနဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်ကို ဂရုမစိုက်ဘဲ ချဉ်းကပ်ခဲ့သလို စာရွက်ပေါ်က လူစာရင်းအရ မက်ဂင်း၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရမ်ဆေးဆိုပြီး သုံးယောက်ဖြစ်ပေမယ့် ရမ်ဆေးက ဘယ်တောင်ပံ ထွက်ကစားခဲ့လို့ အလယ်မှာ နှစ်ဦးသာ ရှိခဲ့သလို ညာခြမ်းကို ဘေလီနဲ့ ဒီယာဘီတို့ အလဲအလှယ်ကစားပြီး Overload လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရှက်ဖီးလ်ဒ်တို့ရဲ့ ဘယ်နောက်ခံလူ လာရူးချီကလည်း မထင်မှတ်လောက်အောင် တည်ငြိမ်နေခဲ့တာပါ။

ကွင်းလယ်မှာ နှစ်ယောက်သာ ရှိချိန်မှာ လေးလံတဲ့ ဗဟိုခံစစ်မှူးနှစ်ယောက်ကြောင့် ဗီလာတို့ ကစားကွက်ဖော်ဖို့က မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ တာဝန်လုံးလုံးပဲဖြစ်သွားခဲ့ရပြီး အပိုတောင်ပံသမား ဒီယာဘီကလည်း ခြေပျောက်နေခဲ့တဲ့အခါ ပထမပိုင်းမှာတော့ ရှက်ဖီးလ်ဒ်တို့ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရှက်ဖီးလ်ဒ်တို့ ပိတ်ကစားဖို့ထက် ကောင်တာချောင်းဖို့ လုပ်သွားခဲ့ပြီး ဘရွတ်ခ်စ်နဲ့ လာရူးချီတို့အစား တိုက်စစ်ကို ပိုမိုပံ့ပိုးနိုင်မယ့် ဟေမာနဲ့ လိုးဝ်တို့ကို ထည့်သွင်းလာခဲ့ချိန်မှာ ရှေ့တန်းမှာ ပိတ်ဆို့နေတဲ့ ဗီလာတို့ကတော့ ဒီညာ၊ ဒီယာဘီနဲ့ ဘေလီတို့အစား အဲလက်စ် မိုရီနို၊ ဒူရန်နဲ့ ဇာနျိုလိုတို့ကို ပြောင်းလဲလာခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာ ရှက်ဖီးလ်ဒ်ကပ္ပတိန် ရော်ဘင်ဆန်ကို ဘောလုံးလုရင်း ရန်လိုပြီး တံတောင်နဲ့ရိုက်တဲ့ ဗီလာတိုက်စစ်မှူး ဒူရန်ကို ဘာကတ်ပြားမှ မပြဘဲ လွှတ်ပေးခဲ့တာကတော့ ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ ကျက်သရေတုံးစွာ ကူညီမှုပဲဖြစ်ခဲ့ပြီး တစ်ပွဲလုံးမှာလည်း မြို့မေတ္တာဂတုံးအနေနဲ့ အိမ်ရှင်တွေကို အားသာစေမယ့် ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်တို့က အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ မက္ကာတီးက ဗီလာခံစစ်ကို အငိုက်ဖမ်းပြီး တောင်ပံကို မျှောပေးလိုက်တဲ့ ဘောလုံးကို ဟေမာက တစ်ဖက်ကစားသမား မက်ဂင်းကို ခေါက်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးခဲ့ရာမှာ အာချာက အသင်းဟောင်းဘက်ကို ဂိုးသွင်းပြီး ကြေကွဲစေခဲ့တာပါ။

တစ်ဂိုးနဲ့ ဦးဆောင်နေတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းဖို့အတွက်တော့ ရှက်ဖီးလ်ဒ်တို့အနေနဲ့ အာချာအစား အရပ်ရှည်ရှည်နဲ့ မက်ဘာနီကို ထည့်သွင်းပြီး ဗီလာတို့ရဲ့ တည်ကန်ဘောတွေကို တားဆီးနိုင်ဖို့ပဲ Option ရှိခဲ့သလို အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ အာမက်ဟော့ဂျစ်ချ်လည်း မပါဝင်နိုင်တာကြောင့် ထရပ်စ်တီ၊ ရော်ဘင်ဆန်တို့အုပ်စု ပင်ပန်းနေတာကို သိလျက်နဲ့ မပြင်ဆင်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ဒိုင်ကူအနေအထားကနေ ဗီလာတို့ ချေပဂိုးပြန်သွင်းသွားခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဧရိယာထိပ်ကနေ ဂိုးရှေ့ကို In Swinger ဖြတ်ပို့ပေးရာမှာ လေးလံနေတဲ့ ရှက်ဖီးလ်ဒ်နောက်ခံလူတွေကြားကနေ ဇာနျိုလိုက ပြေးဝင်ခေါင်းတိုက်သွားခဲ့တာပါ။

ဒီဂိုးမတိုင်ခင်မှာ ဘယ်ခြမ်းကနေ ကောင်တာပြန်ဝင်ဖို့ ကြိုးစားတဲ့ ဟေမာကို ကွန်ဆာက ဘောလုံးလွတ်ပြီးမှ မျက်နှာကို လက်နဲ့ရိုက်ပြီး တားခဲ့ပေမယ့် ဂတုံး တေလာကတော့ မျက်ကွယ်ပြုသွားခဲ့သလို ဒီကူညီမှုကနေ ဗီလာတို့ ရှုံးပွဲနဲ့ လွဲခွင့်ရခဲ့ပေမယ့် နာကျင်အချိန်ပို ၁၁ မိနစ်အထိ ပေးခဲ့တဲ့ ပွဲမှာတော့ Come Back နိုင်ပွဲရဖို့တော့ မဖြစ်နိုင်ခဲ့ဘဲ ဇယားထိပ်တက်ခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ဗီလာပါ့ခ်ရဲ့ ၁၅ ပွဲဆက်တိုက် နိုင်ပွဲဆက်စံချိန်ကတော့ ဒီနေ့မှာ သူတို့ရဲ့ လူငယ်ကစားသမားဟောင်း အာချာကြောင့် ကျိုးပျက်ခဲ့ရသလို အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ကျော်ပြီး ခရစ္စမတ်မှာ ဇယားထိပ်ကို ဦးဆောင်သူအဖြစ် အောင်ပွဲခံနိုင်ခွင့်နဲ့ လွဲခဲ့တဲ့ ဗီလာတို့အတွက် ကြီးမားတဲ့ စိတ်ပျက်စရာလည်းဖြစ်ခဲ့ချိန်မှာ ရှက်ဖီးလ်ဒ်တို့ကတော့ တစ်ကျော့ပြန် နည်းပြ ခရစ္စ ဝိုင်လ်ဒါနဲ့ မျှော်လင့်ချက်ကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီတစ္ပတ္မွာ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ေတြ႕ဆုံေနၿပီး အမွတ္ေလ်ာ့ႏိုင္မႈကို အခြင့္ေကာင္းယူၿပီး ဇယားထိပ္ တက္ႏိုင္ရမယ့္အစား အိမ္ကြင္းမွာ ၾကမ္းကပ္ အဆင့္ ၂၀ က ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို ေနာက္ကေန ဒိုင္ကူမႈေတြနဲ႔ သေရရဖို႔ေတာင္ မနည္းကစားခဲ့ရလို႔ အိမ္ကြင္းႏိုင္ပြဲဆက္ မွတ္တမ္းပါ ရပ္တန႔္သြားရမႈနဲ႔အတူ မိေအး ႏွစ္ခါနာျဖစ္ခဲ့ရပါတယ္။

အူႏိုင္း အမ္မရီရဲ႕ အိမ္ရွင္ေတြအေနနဲ႔ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ကြန္ဆာ၊ လြန္ဂေလ၊ မက္တီ ကတ္ရွ္နဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ မက္ဂင္းနဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔ ႏွစ္ေယာက္တည္းကို ကစားေစခဲ့တာကိုေတာ့ အံ့အားသင့္ဖြယ္ ျမင္ခဲ့ရၿပီး တိုက္စစ္မွာေတာ့ ရမ္ေဆး၊ ဒီယာဘီ၊ ေဘလီနဲ႔ မက္ဂင္းတို႔ကို ေလးဦးအထိ ထားကစားခဲ့တာပါ။

ဧည့္သည္ ခရစၥ ဝိုင္လ္ဒါရဲ႕ ရွက္ဖီးလ္ဒ္တို႔ကေတာ့ ဂိုးသမား ဖိုဒါရင္ဟမ္၊ ခံစစ္မွာ ထရပ္စ္တီ၊ ေရာ္ဘင္ဆန္၊ ေဘာလ္ေဒါ့ခ္နဲ႔ လာ႐ူးခ်ီတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေနာ္ဝုဒ္၊ ဗီနီးရွပ္ ဆူဇာ၊ ဘိုဂယ္လ္၊ ဆလီမာနီနဲ႔ ဘ႐ြတ္ခ္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဗီလာလူငယ္ အကယ္ဒမီထြက္ အာခ်ာကို ပြဲထုတ္လာခဲ့ပါတယ္။

ဗီလာတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ကြင္းလယ္ကို ဂ႐ုမစိုက္ဘဲ ခ်ဥ္းကပ္ခဲ့သလို စာ႐ြက္ေပၚက လူစာရင္းအရ မက္ဂင္း၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ရမ္ေဆးဆိုၿပီး သုံးေယာက္ျဖစ္ေပမယ့္ ရမ္ေဆးက ဘယ္ေတာင္ပံ ထြက္ကစားခဲ့လို႔ အလယ္မွာ ႏွစ္ဦးသာ ရွိခဲ့သလို ညာျခမ္းကို ေဘလီနဲ႔ ဒီယာဘီတို႔ အလဲအလွယ္ကစားၿပီး Overload လုပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရွက္ဖီးလ္ဒ္တို႔ရဲ႕ ဘယ္ေနာက္ခံလူ လာ႐ူးခ်ီကလည္း မထင္မွတ္ေလာက္ေအာင္ တည္ၿငိမ္ေနခဲ့တာပါ။

ကြင္းလယ္မွာ ႏွစ္ေယာက္သာ ရွိခ်ိန္မွာ ေလးလံတဲ့ ဗဟိုခံစစ္မႉးႏွစ္ေယာက္ေၾကာင့္ ဗီလာတို႔ ကစားကြက္ေဖာ္ဖို႔က မက္ဂင္းနဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔ တာဝန္လုံးလုံးပဲျဖစ္သြားခဲ့ရၿပီး အပိုေတာင္ပံသမား ဒီယာဘီကလည္း ေျခေပ်ာက္ေနခဲ့တဲ့အခါ ပထမပိုင္းမွာေတာ့ ရွက္ဖီးလ္ဒ္တို႔ရဲ႕ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ရွက္ဖီးလ္ဒ္တို႔ ပိတ္ကစားဖို႔ထက္ ေကာင္တာေခ်ာင္းဖို႔ လုပ္သြားခဲ့ၿပီး ဘ႐ြတ္ခ္စ္နဲ႔ လာ႐ူးခ်ီတို႔အစား တိုက္စစ္ကို ပိုမိုပံ့ပိုးႏိုင္မယ့္ ေဟမာနဲ႔ လိုးဝ္တို႔ကို ထည့္သြင္းလာခဲ့ခ်ိန္မွာ ေရွ႕တန္းမွာ ပိတ္ဆို႔ေနတဲ့ ဗီလာတို႔ကေတာ့ ဒီညာ၊ ဒီယာဘီနဲ႔ ေဘလီတို႔အစား အဲလက္စ္ မိုရီႏို၊ ဒူရန္နဲ႔ ဇာန်ိဳလိုတို႔ကို ေျပာင္းလဲလာခဲ့တာပါ။

ပြဲခ်ိန္ ၈၅ မိနစ္မွာ ရွက္ဖီးလ္ဒ္ကပၸတိန္ ေရာ္ဘင္ဆန္ကို ေဘာလုံးလုရင္း ရန္လိုၿပီး တံေတာင္နဲ႔႐ိုက္တဲ့ ဗီလာတိုက္စစ္မႉး ဒူရန္ကို ဘာကတ္ျပားမွ မျပဘဲ လႊတ္ေပးခဲ့တာကေတာ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာရဲ႕ က်က္သေရတုံးစြာ ကူညီမႈပဲျဖစ္ခဲ့ၿပီး တစ္ပြဲလုံးမွာလည္း ၿမိဳ႕ေမတၱာဂတုံးအေနနဲ႔ အိမ္ရွင္ေတြကို အားသာေစမယ့္ ဆုံးျဖတ္ခ်က္ေတြကိုပဲ ခ်မွတ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္တို႔က အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ဘယ္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကေန မကၠာတီးက ဗီလာခံစစ္ကို အငိုက္ဖမ္းၿပီး ေတာင္ပံကို ေမွ်ာေပးလိုက္တဲ့ ေဘာလုံးကို ေဟမာက တစ္ဖက္ကစားသမား မက္ဂင္းကို ေခါက္ၿပီးမွ ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့ရာမွာ အာခ်ာက အသင္းေဟာင္းဘက္ကို ဂိုးသြင္းၿပီး ေၾကကြဲေစခဲ့တာပါ။

တစ္ဂိုးနဲ႔ ဦးေဆာင္ေနတဲ့ အေနအထားကို ဆက္လက္ထိန္းသိမ္းဖို႔အတြက္ေတာ့ ရွက္ဖီးလ္ဒ္တို႔အေနနဲ႔ အာခ်ာအစား အရပ္ရွည္ရွည္နဲ႔ မက္ဘာနီကို ထည့္သြင္းၿပီး ဗီလာတို႔ရဲ႕ တည္ကန္ေဘာေတြကို တားဆီးႏိုင္ဖို႔ပဲ Option ရွိခဲ့သလို အဓိက ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အာမက္ေဟာ့ဂ်စ္ခ်္လည္း မပါဝင္ႏိုင္တာေၾကာင့္ ထရပ္စ္တီ၊ ေရာ္ဘင္ဆန္တို႔အုပ္စု ပင္ပန္းေနတာကို သိလ်က္နဲ႔ မျပင္ဆင္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၇ မိနစ္မွာေတာ့ ဒိုင္ကူအေနအထားကေန ဗီလာတို႔ ေခ်ပဂိုးျပန္သြင္းသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာတဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ဧရိယာထိပ္ကေန ဂိုးေရွ႕ကို In Swinger ျဖတ္ပို႔ေပးရာမွာ ေလးလံေနတဲ့ ရွက္ဖီးလ္ဒ္ေနာက္ခံလူေတြၾကားကေန ဇာန်ိဳလိုက ေျပးဝင္ေခါင္းတိုက္သြားခဲ့တာပါ။

ဒီဂိုးမတိုင္ခင္မွာ ဘယ္ျခမ္းကေန ေကာင္တာျပန္ဝင္ဖို႔ ႀကိဳးစားတဲ့ ေဟမာကို ကြန္ဆာက ေဘာလုံးလြတ္ၿပီးမွ မ်က္ႏွာကို လက္နဲ႔႐ိုက္ၿပီး တားခဲ့ေပမယ့္ ဂတုံး ေတလာကေတာ့ မ်က္ကြယ္ျပဳသြားခဲ့သလို ဒီကူညီမႈကေန ဗီလာတို႔ ရႈံးပြဲနဲ႔ လြဲခြင့္ရခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ၁၁ မိနစ္အထိ ေပးခဲ့တဲ့ ပြဲမွာေတာ့ Come Back ႏိုင္ပြဲရဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့ဘဲ ဇယားထိပ္တက္ခြင့္နဲ႔ လြဲခဲ့ရတာျဖစ္ပါတယ္။

ဗီလာပါ့ခ္ရဲ႕ ၁၅ ပြဲဆက္တိုက္ ႏိုင္ပြဲဆက္စံခ်ိန္ကေတာ့ ဒီေန႔မွာ သူတို႔ရဲ႕ လူငယ္ကစားသမားေဟာင္း အာခ်ာေၾကာင့္ က်ိဳးပ်က္ခဲ့ရသလို အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ကို ေက်ာ္ၿပီး ခရစၥမတ္မွာ ဇယားထိပ္ကို ဦးေဆာင္သူအျဖစ္ ေအာင္ပြဲခံႏိုင္ခြင့္နဲ႔ လြဲခဲ့တဲ့ ဗီလာတို႔အတြက္ ႀကီးမားတဲ့ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ခ်ိန္မွာ ရွက္ဖီးလ္ဒ္တို႔ကေတာ့ တစ္ေက်ာ့ျပန္ နည္းျပ ခရစၥ ဝိုင္လ္ဒါနဲ႔ ေမွ်ာ္လင့္ခ်က္ေကာင္းေတြ ပိုင္ဆိုင္သြားခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.