Premier League

ဖလားအောင်ပွဲခံချိန်အတွင်း အရေးကြီးတဲ့အရာကို မြင်တွေ့ခဲ့တဲ့ ပရိသတ်များ

မန်ချက်စတာစီးတီးပရိသတ်တွေဟာ ရိုဒရီ ဒဏ်ရာကြောင့် အနားယူရမှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဖီဖာကလပ် ကမ္ဘာ့ဖလားအောင်ပွဲခံချိန်အတွင်း ကြီးမားတဲ့သဲလွန်စကို မြင်တွေ့ခဲ့ရပါတယ်။

သောကြာနေ့ညမှာ မန်ချက်စတာစီးတီးဟာ ဆော်ဒီအာရေဗျက အက်ဗ်ဒူလာဘုရင် အားကစားမြို့တော်ကွင်းထဲမှာ ဘရာဇီးလ်ကလပ် ဖလူမီးနန့်စ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ချန်ပီယံတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ ယူလီယန် အယ်လ်ဗာရက်ဇ်က ပွဲစစချင်း ၁ မိနစ်အတွင်းမှာပဲ မန်ချက်စတာစီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၇ မိနစ်မှာ နီနိုက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အသင်းက နောက်ထပ်ဦးဆောင်ဂိုးရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဖိုဒန်က မန်ချက်စတာစီးတီးအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး စတုတ္ထမြောက်ဦးဆောင်ဂိုးကို အယ်လ်ဗာရက်ဇ်ကပဲ ဒီပွဲစဉ်အတွင်း ဒုတိယမြောက်သွင်းဂိုးအဖြစ်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖလူမီးနန့်စ်ကွင်းလယ်ကစားသမား အလက်ဆန်းဒါးရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုအပြီးမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ရိုဒရီကြောင့် မန်ချက်စတာစီးတီး ပရိသတ်တွေကြားမှာ စိုးရိမ်ပူပင်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာစိုးရိမ်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ဆုပေးပွဲအခမ်းအနားမှာ ရိုဒရီက ဘာမှမဖြစ်သလိုပဲ သွားလာနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး စပိန်ကွင်းလယ်လူဟာ မန်စီးတီးက ကလပ်ကမ္ဘာ့ဖလားကို ကိုင်မြှောက်ချိန်မှာ စင်ပေါ်မှာ ခုန်ပေါက်နေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးပရိသတ်တွေဟာ ဒီရာသီမှာ ရိုဒရီ မပါဝင်နိုင်ခဲ့တဲ့ကာလတွေမှာ ရုန်းကန်ခဲ့ရတာကြောင့် စပိန်ကွင်းလယ်ကစားသမားရဲ့ ဒဏ်ရာက ပြင်းထန်တဲ့ ဒဏ်ရာမဟုတ်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်း ယခုရာသီ ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ ၃ ပွဲစလုံးဟာ ရိုဒရီ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တဲ့ပွဲစဉ်တွေဖြစ်ခဲ့ပြီး ဆုဖလားပြိုင်ပွဲအတွက် အရေးကြီးလာပြီဖြစ်တဲ့ ရာသီဝက်မှာ အဓိက ကစားသမားကို ထပ်မံဆုံးရှုံးရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရိုဒရီဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ ရွှေဘောလုံးဆုကို ရယူဖို့သွားရာမှာ ပုံမှန်အတိုင်း သွားလာနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း ကွင်းထဲကနေ ထွက်ခွာချိန်မှာတော့ ညာဘက်ဒူးကို ကြပ်စည်းထားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်က အဲဒီဖျက်ထုတ်မှုကြောင့် အမှန်တကယ် မထိခိုက်မိခဲ့ကြောင်း Sky Sports ကို ပြောပြခဲ့ပါတယ်။

“ကျွန်တော် ဒီနေ့အရမ်းကံကောင်းခဲ့တယ်။ အဲဒါက ကျွန်တော့်ကစားသမားဘဝရဲ့ အဆိုးရွားဆုံးဖျက်ထုတ်မှုတွေထဲက တစ်ခုပါ။ ကျွန်တော် အရမ်းကြောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့် ဒူးမှာ တစ်ခုခုခံစားခဲ့ရလို့ပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် အဲဒီကစားသမားကို ခင်ဗျား ဒီလိုဖျက်ထုတ်မှုမျိုးတွေ လုပ်လို့မရဘူးလို့ ပြောခဲ့တယ်။ ဒီနေ့ ကျွန်တော် ဆုဖလားတစ်ခုထက်ပိုပြီး အနိုင်ရခဲ့တယ်။ ကျွန်တော် အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်သွားခဲ့ပေမယ့်လည်း ငိုမိဖို့ အရမ်းနီးစပ်ခဲ့တယ်။ ကျွန်တော် အရမ်းစိုးရိမ်မိခဲ့ပေမယ့် ဘာမှမဖြစ်ပါဘူး။ ဟုတ်ပါတယ်။အဲဗာတန်နဲ့ပွဲအတွက် ကျွန်တော် ကြံ့ခိုင်မှု ပြည့်ဝနေမှာပါ။ ကျွန်တော့်မှာ နာကျင်မှုရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်းကို ပြင်းထန်ခဲ့လို့ပါ။ ဒါပေမယ့် ဘာမှ အကျိုးသက်ရောက်မှုမရှိပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ႐ိုဒရီ ဒဏ္ရာေၾကာင့္ အနားယူရမွာကို စိုးရိမ္မႈေတြ ရွိေနခ်ိန္မွာ ဖီဖာကလပ္ ကမာၻ႔ဖလားေအာင္ပြဲခံခ်ိန္အတြင္း ႀကီးမားတဲ့သဲလြန္စကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေသာၾကာေန႔ညမွာ မန္ခ်က္စတာစီးတီးဟာ ေဆာ္ဒီအာေရဗ်က အက္ဗ္ဒူလာဘုရင္ အားကစားၿမိဳ႕ေတာ္ကြင္းထဲမွာ ဘရာဇီးလ္ကလပ္ ဖလူမီးနန႔္စ္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကမာၻ႔ခ်န္ပီယံေတြျဖစ္လာခဲ့တာျဖစ္ပါတယ္။ ယူလီယန္ အယ္လ္ဗာရက္ဇ္က ပြဲစစခ်င္း ၁ မိနစ္အတြင္းမွာပဲ မန္ခ်က္စတာစီးတီးအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ၂၇ မိနစ္မွာ နီႏိုက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းက ေနာက္ထပ္ဦးေဆာင္ဂိုးရခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဖိုဒန္က မန္ခ်က္စတာစီးတီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး စတုတၳေျမာက္ဦးေဆာင္ဂိုးကို အယ္လ္ဗာရက္ဇ္ကပဲ ဒီပြဲစဥ္အတြင္း ဒုတိယေျမာက္သြင္းဂိုးအျဖစ္နဲ႔ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဖလူမီးနန႔္စ္ကြင္းလယ္ကစားသမား အလက္ဆန္းဒါးရဲ႕ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈအၿပီးမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ႐ိုဒရီေၾကာင့္ မန္ခ်က္စတာစီးတီး ပရိသတ္ေတြၾကားမွာ စိုးရိမ္ပူပင္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာျပႆနာစိုးရိမ္မႈေတြ ရွိေနခဲ့ေပမယ့္လည္း ဆုေပးပြဲအခမ္းအနားမွာ ႐ိုဒရီက ဘာမွမျဖစ္သလိုပဲ သြားလာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး စပိန္ကြင္းလယ္လူဟာ မန္စီးတီးက ကလပ္ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ခ်ိန္မွာ စင္ေပၚမွာ ခုန္ေပါက္ေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ဒီရာသီမွာ ႐ိုဒရီ မပါဝင္ႏိုင္ခဲ့တဲ့ကာလေတြမွာ ႐ုန္းကန္ခဲ့ရတာေၾကာင့္ စပိန္ကြင္းလယ္ကစားသမားရဲ႕ ဒဏ္ရာက ျပင္းထန္တဲ့ ဒဏ္ရာမဟုတ္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္း ယခုရာသီ ပရီးမီးယားလိဂ္မွာ ရႈံးနိမ့္ခဲ့တဲ့ ၃ ပြဲစလုံးဟာ ႐ိုဒရီ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တဲ့ပြဲစဥ္ေတြျဖစ္ခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲအတြက္ အေရးႀကီးလာၿပီျဖစ္တဲ့ ရာသီဝက္မွာ အဓိက ကစားသမားကို ထပ္မံဆုံးရႈံးရမယ့္အေရးကေန ေရွာင္လႊဲႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

႐ိုဒရီဟာ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားကို ေပးအပ္တဲ့ ေ႐ႊေဘာလုံးဆုကို ရယူဖို႔သြားရာမွာ ပုံမွန္အတိုင္း သြားလာႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း ကြင္းထဲကေန ထြက္ခြာခ်ိန္မွာေတာ့ ညာဘက္ဒူးကို ၾကပ္စည္းထားတာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္က အဲဒီဖ်က္ထုတ္မႈေၾကာင့္ အမွန္တကယ္ မထိခိုက္မိခဲ့ေၾကာင္း Sky Sports ကို ေျပာျပခဲ့ပါတယ္။

“ကြၽန္ေတာ္ ဒီေန႔အရမ္းကံေကာင္းခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္ကစားသမားဘဝရဲ႕ အဆိုး႐ြားဆုံးဖ်က္ထုတ္မႈေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ အရမ္းေၾကာက္သြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ ဒူးမွာ တစ္ခုခုခံစားခဲ့ရလို႔ပါ။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ ဘာမွ မျဖစ္ခဲ့ပါဘူး။ ကြၽန္ေတာ္ အဲဒီကစားသမားကို ခင္ဗ်ား ဒီလိုဖ်က္ထုတ္မႈမ်ိဳးေတြ လုပ္လို႔မရဘူးလို႔ ေျပာခဲ့တယ္။ ဒီေန႔ ကြၽန္ေတာ္ ဆုဖလားတစ္ခုထက္ပိုၿပီး အႏိုင္ရခဲ့တယ္။ ကြၽန္ေတာ္ အိမ္ကို လုံလုံၿခဳံၿခဳံနဲ႔ ျပန္သြားခဲ့ေပမယ့္လည္း ငိုမိဖို႔ အရမ္းနီးစပ္ခဲ့တယ္။ ကြၽန္ေတာ္ အရမ္းစိုးရိမ္မိခဲ့ေပမယ့္ ဘာမွမျဖစ္ပါဘူး။ ဟုတ္ပါတယ္။အဲဗာတန္နဲ႔ပြဲအတြက္ ကြၽန္ေတာ္ ႀကံ့ခိုင္မႈ ျပည့္ဝေနမွာပါ။ ကြၽန္ေတာ့္မွာ နာက်င္မႈရွိခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက အရမ္းကို ျပင္းထန္ခဲ့လို႔ပါ။ ဒါေပမယ့္ ဘာမွ အက်ိဳးသက္ေရာက္မႈမရွိပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.