Premier League

တသက်တာ တန်ဖိုးအရှိဆုံးပွဲစဉ်တွေထဲမှာ ပါဝင်ခဲ့တဲ့ အာဆင်နယ်နဲ့မန်စီးတီးပွဲစဉ်

မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကြား ဩဂုတ်လက တွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲဟာ တသက်တာ တန်ဖိုးအရှိဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ဝင်ဘလေမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆုဖလားပြိုင်ပွဲမှာ တာထွက်လှခဲ့ပြီး လက်ရှိမှာလည်း ဂန်းနားတွေဟာ အလုပ်များတဲ့ ပွဲတော်ကာလကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူတွေအဖြစ် ဦးဆောင်ဝင်ရောက်နေတာဖြစ်ပါတယ်။

အရင်တုန်းက လီဗာပူးလ်နဲ့ မန်စီးတီးတို့ ၂၀၁၉ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ စံချိန်ကို ချိုးဖျက်ပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲစဉ်က ၂ သင်းလူစာရင်းတန်ဖိုးဟာ ပေါင် ၁.၅၃ ဘီလီယံအထိ ရှိခဲ့တယ်လို့ Transfermarkt က ဖော်ပြခဲ့ပါတယ်။

အသင်းတွေက ကစားသမားသစ်တွေ ဆက်လက် အင်အားဖြည့်တင်းနေကြမှာဖြစ်တာကြောင့် ဒီစံချိန်ကို ဆက်လက်ပြီး ရိုက်ချိုးကြဦးမယ်ဆိုရင် အံ့အားသင့်စရာမဟုတ်ပေဘဲ ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရိုက်၊ တင်းဘား၊ ဟာဗတ်ဇ်တို့ကို ပေါင်သန်း ၂၀၀ ကျော်ပေးပြီး နှစ်ပေါင်း ၂၀ ကျော်စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားကို ယခုရာသီမှာ အရယူဖို့ အားခဲထားတာဖြစ်ပါတယ်။

မန်စီးတီးကလည်း မတ်တီအို ကိုဗာချစ်၊ ဂဗာဒီယောလ်၊ မားသီးယပ်စ် နူးနက်စ်၊ ဒိုကုတို့ကို ခေါ်ယူပြီး ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ရရှိဖူးတဲ့ ပထမဆုံးသော အင်္ဂလိပ်ကလပ်အသင်းဖြစ်လာဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ ကွင်းတွင်းစွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်လက် သတ်မှတ်ခံခဲ့ရပြီး လက်ရှိ စျေးကွက်ပေါက်စျေး ပေါင် ၁၅၆ သန်းသတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ဖိုဒန်၊ ဆာကာနဲ့ ဒီကလန်ရိုက်တို့ရဲ့ တန်ဖိုးကလည်း ပေါင် ၈၆.၇ သန်းနဲ့အထက်မှာပဲ ရှိနေကြပြီး ပြီးခဲ့တဲ့ရာသီတွေမှာ အင်္ဂလိပ်ကစားသမားတွေရဲ့ တန်ဖိုးဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ ၂၀၂၃ ခုနှစ် နွေရာသီအတွင်းမှာ ပေါင် ၂.၃၆ ဘီလီယံအထိ အံ့အားသင့်ဖွယ် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီမတိုင်ခင် နွေရာသီတုန်းက ပေါင် ၁.၉၂ ဘီလီယံသုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ၾကား ဩဂုတ္လက ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲဟာ တသက္တာ တန္ဖိုးအရွိဆုံးပြဲစဥ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ဝင္ဘေလမွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲမွာ တာထြက္လွခဲ့ၿပီး လက္ရွိမွာလည္း ဂန္းနားေတြဟာ အလုပ္မ်ားတဲ့ ပြဲေတာ္ကာလကို ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဦးေဆာင္သူေတြအျဖစ္ ဦးေဆာင္ဝင္ေရာက္ေနတာျဖစ္ပါတယ္။

အရင္တုန္းက လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ၂၀၁၉ ခုႏွစ္မွာ ေရးထိုးခဲ့တဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး အာဆင္နယ္နဲ႔ မန္စီးတီးတို႔ပြဲစဥ္က ၂ သင္းလူစာရင္းတန္ဖိုးဟာ ေပါင္ ၁.၅၃ ဘီလီယံအထိ ရွိခဲ့တယ္လို႔ Transfermarkt က ေဖာ္ျပခဲ့ပါတယ္။

အသင္းေတြက ကစားသမားသစ္ေတြ ဆက္လက္ အင္အားျဖည့္တင္းေနၾကမွာျဖစ္တာေၾကာင့္ ဒီစံခ်ိန္ကို ဆက္လက္ၿပီး ႐ိုက္ခ်ိဳးၾကဦးမယ္ဆိုရင္ အံ့အားသင့္စရာမဟုတ္ေပဘဲ ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ႐ိုက္၊ တင္းဘား၊ ဟာဗတ္ဇ္တို႔ကို ေပါင္သန္း ၂၀၀ ေက်ာ္ေပးၿပီး ႏွစ္ေပါင္း ၂၀ ေက်ာ္ေစာင့္ဆိုင္းခဲ့ရတဲ့ ဆုဖလားကို ယခုရာသီမွာ အရယူဖို႔ အားခဲထားတာျဖစ္ပါတယ္။

မန္စီးတီးကလည္း မတ္တီအို ကိုဗာခ်စ္၊ ဂဗာဒီေယာလ္၊ မားသီးယပ္စ္ ႏူးနက္စ္၊ ဒိုကုတို႔ကို ေခၚယူၿပီး ပရီးမီးယားလိဂ္ဖလားကို ၄ ႏွစ္ဆက္တိုက္ ရရွိဖူးတဲ့ ပထမဆုံးေသာ အဂၤလိပ္ကလပ္အသင္းျဖစ္လာဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ရာသီ ကြင္းတြင္းစြမ္းေဆာင္ရည္ေတြေၾကာင့္ ကမာၻ႔ေဘာလုံးေလာကမွာ တန္ဖိုးအႀကီးဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ဆက္လက္ သတ္မွတ္ခံခဲ့ရၿပီး လက္ရွိ ေစ်းကြက္ေပါက္ေစ်း ေပါင္ ၁၅၆ သန္းသတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ဖိုဒန္၊ ဆာကာနဲ႔ ဒီကလန္႐ိုက္တို႔ရဲ႕ တန္ဖိုးကလည္း ေပါင္ ၈၆.၇ သန္းနဲ႔အထက္မွာပဲ ရွိေနၾကၿပီး ၿပီးခဲ့တဲ့ရာသီေတြမွာ အဂၤလိပ္ကစားသမားေတြရဲ႕ တန္ဖိုးဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ျမင့္တက္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ကလပ္ေတြဟာ ၂၀၂၃ ခုႏွစ္ ေႏြရာသီအတြင္းမွာ ေပါင္ ၂.၃၆ ဘီလီယံအထိ အံ့အားသင့္ဖြယ္ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့ၿပီး အဲဒီမတိုင္ခင္ ေႏြရာသီတုန္းက ေပါင္ ၁.၉၂ ဘီလီယံသုံးစြဲခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.