La Liga

သရဲနီတွေရဲ့အမှားကို အချိန်မီပြင်ဆင်ဖို့ သတိပေးချက်ဖြစ်လာတဲ့ ဂရစ်ဇ်မန်းရဲ့မှတ်ချက်

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဂီတာဖေးနဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲမှာ ၎င်းရဲ့အသင်းက မေဆန် ဂရင်းဝုဒ်ကို မထိန်းနိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဒီယေဂို ဆီမြွန်နီရဲ့အသင်းဟာ ဂီတာဖေးနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲမှာ နောက်ထပ် ရမှတ် လျော့ကျခဲ့တာဖြစ်ပြီး ဂီတာဖေးတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လာလီဂါထိပ်သီးအသင်းကြီးအတွက် စစ်မှန်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ဩဂုတ်လမှာ မန်ချက်စတာယူနိုက်တက်က ပထမအသင်းမှာ ပါဝင်ခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဂီတာဖေးကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပွဲမကစားဘဲ ၁၈ လကြာနေခဲ့ရတာကြောင့် အင်္ဂလန်တိုက်စစ်မှူးဟာ ပုံမှန်ခြေစွမ်းပြန်ရဖို့ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂါနေ့က အက်သလက်တီကို မက်ဒရစ်နဲ့ပွဲစဉ်မှာ ဒီရာသီရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဂီတာဖေးဟာ ၉၃ မိနစ်မှာ ချေပဂိုးသွင်းယူသွားခဲ့တာကြောင့် ဂရစ်ဇ်မန်းက စိတ်ပျက်ခဲ့ပေမယ့်လည်း ဂရင်းဝုဒ်အတွက် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“​မေဆန် ဂရင်းဝုဒ်က ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို တကယ်ကို ပြဿနာဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို မတားဆီးနိုင်ခဲ့ဘူး။ အဲဒါက ကျွန်တော်တို့ကို ဒုက္ခရောက်စေခဲ့ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉး ဂရစ္ဇ္မန္းက ဂီတာေဖးနဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲမွာ ၎ရဲ႕အသင္းက ေမဆန္ ဂရင္းဝုဒ္ကို မထိန္းႏိုင္ခဲ့ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ဒီေယဂို ဆီႁမြန္နီရဲ႕အသင္းဟာ ဂီတာေဖးနဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ဆုဖလားၿပိဳင္ပြဲမွာ ေနာက္ထပ္ ရမွတ္ ေလ်ာ့က်ခဲ့တာျဖစ္ၿပီး ဂီတာေဖးတိုက္စစ္မႉး ဂရင္းဝုဒ္ဟာ လာလီဂါထိပ္သီးအသင္းႀကီးအတြက္ စစ္မွန္တဲ့ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂရင္းဝုဒ္ဟာ ဩဂုတ္လမွာ မန္ခ်က္စတာယူႏိုက္တက္က ပထမအသင္းမွာ ပါဝင္ခြင့္မေပးဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဂီတာေဖးကို တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ပြဲမကစားဘဲ ၁၈ လၾကာေနခဲ့ရတာေၾကာင့္ အဂၤလန္တိုက္စစ္မႉးဟာ ပုံမွန္ေျခစြမ္းျပန္ရဖို႔ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဂၤါေန႔က အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲစဥ္မွာ ဒီရာသီရဲ႕ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၿပီး ဂီတာေဖးဟာ ၉၃ မိနစ္မွာ ေခ်ပဂိုးသြင္းယူသြားခဲ့တာေၾကာင့္ ဂရစ္ဇ္မန္းက စိတ္ပ်က္ခဲ့ေပမယ့္လည္း ဂရင္းဝုဒ္အတြက္ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“​ေမဆန္ ဂရင္းဝုဒ္က ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ကို တကယ္ကို ျပႆနာျဖစ္ေစခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို မတားဆီးႏိုင္ခဲ့ဘူး။ အဲဒါက ကြၽန္ေတာ္တို႔ကို ဒုကၡေရာက္ေစခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.