Premier League

အာဆင်နယ်နဲ့ပွဲကို ယုံကြည်ချက်အပြည့်နဲ့ ဟောကိန်းထုတ်လိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင်ကွင်းလယ်ကစားသမားဟောင်း ဒန်နီ မာဖီက အာဆင်နယ်ဟာ လာမယ့် စနေနေ့ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ချိန်မှာ အန်းဖီးကျိန်စာဆိုးကို အဆုံးသတ်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ဆုဖလားစိန်ခေါ်မှုဟာ ၎င်းတို့ရဲ့ အိမ်ကွင်း ခြေစွမ်းအားကောင်းမှုအပေါ်မှာ အဓိက တည်ဆောက်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့မှုက ဒီရာသီ အန်းဖီးမှာ အနိုင်မရခဲ့တဲ့ ပထမဆံးပွဲစဉ်ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

အများအပြား အပြောင်းအလဲလုပ်ထားတဲ့ လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဝက်စ်ဟမ်းကို ကာရာဘောင်းဖလားကွာတားဖိုင်နယ်မှာ ၅-၁ နဲ့ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း လီဗာပူးလ်ရဲ့ ရှားရှားပါးပါး ခြေချော်မှုကို အခွင့်ကောင်းယူတဲ့အနေနဲ့ ဘရိုက်တန်ကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အန်းဖီးမှာ ပထမဆုံးနိုင်ပွဲ ရယူပြီး ဆုဖလားစိန်ခေါ်နိုင်စွမ်း အမှန်တကယ်ရှိတဲ့အသင်းဖြစ်ကြောင်း သက်သေပြသသွားချင်နေမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဂန်းနားတွေဟာ အန်းဖီးမှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်မှုကို လွှင့်ပစ်ခဲ့တာဖြစ်ပြီး ဒန်နီ မာဖီက လီဗာပူးလ်ကို စိတ်ပျက်အောင် မန်ချက်စတာယူနိုက်တက်အသုံးပြုခဲ့တဲ့ အလွန်သတိကြီးကြီးထားတဲ့ နည်းဗျူဟာအစား အာဆင်နယ်က ထိပ်တိုက်တွေ့တဲ့နည်းဗျူဟာကို သုံးလာမှာ စိုးရိမ်နေတာဖြစ်ပါတယ်။

“လီဗာပူးလ်က အာဆင်နယ်ကို အနိုင်ယူနိုင်တာထက် အာဆင်နယ်ကသာ အန်းဖီးမှာ အနိုင်ရသွားရင် ပိုပြီး ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အထူးသဖြင့် အန်းဖီးက သူတို့ရဲ့ မှတ်တမ်းတွေကြောင့်ပေါ့။ မနှစ်တုန်းကတောင် သူတို့တွေ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ လွှင့်ပစ်ခဲ့ပါတယ်။ ရှုံးတောင် ရှုံးခဲ့သင့်တယ်။ ရှုံးခဲ့တယ်ဆိုရင်လည်း ခင်ဗျား သူတို့ကို လုံးဝ လျှော့တွက်လို့မရဘူးလို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်အတွက် မန်ချက်စတာယူနိုက်တက်နဲ့ပွဲက တကယ်ကို သတင်းစကားပါးခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးနောက် လီဗာပူးလ်အတွက် ဒီပွဲက ပိုကြီးမားတဲ့ပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်က ယုံကြည်ချက်အပိုင်းမှာတော့ သာမယ်ထင်တယ်။ အာဆင်နယ်က ဘာလုပ်နေလဲဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။ သူတို့တွေ ဒီရာသီမှာ ၂ ပွဲပဲ ရှုံးသေးတာပါ။ ဒါပေမယ့် သူတို့တွေက ပိတ်ဆို့ထားခဲ့ပြီး ဗီလာကို သူတို့ရဲ့ အကောင်းဆုံးပွဲစဉ် ပေးခဲ့တယ်။ လီဗာပူးလ်အတွက်တော့ အဲဒါက တကယ်ကို အရေးကြီးပြီး သူတို့တွေ ရှုံးမယ်လို့ မမြင်ပါဘူး။ မရှုံးနိုင်ဘူး။ အာဆင်နယ်က ပိတ်ချထားမှာမဟုတ်ပါဘူး။ ဆာလားကို ဘယ်သူ ရပ်တန့်မှာလဲ။ ဇင်ချန်ကိုက ကြောက်မက်ဖွယ်ဘောလုံးသမားတစ်ယောက်ပါ။ ဒါပေမယ့် တိုမိယဆုလောက် ခံစစ်ပိုင်းမှာ မကောင်းဘူး။ အာဆင်နယ်က ပိတ်လည်း ပိတ်ဆော့နိုင်သလို တိုက်စစ်လည်း ဖွင့်နိုင်တယ်။ ကျွန်တော်ကတော့ ဂိုးတွေများမယ်လို့ မြင်တယ်။ ဒါပေမယ့် အသင်းတွေက အန်းဖီးကို လာပြီး ကစားရတဲ့အချိန်မှာ လီဗာပူးလ်ကပဲ အသာစီးရသွားတာပဲ။ အဲဒါကြောင့်ပဲ သူတို့တွေ အဲဒီမှာ ဒီရာသီ မရှုံးသေးတာပေါ့။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ကြင္းလယ္ကစားသမားေဟာင္း ဒန္နီ မာဖီက အာဆင္နယ္ဟာ လာမယ့္ စေနေန႔ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခ်ိန္မွာ အန္းဖီးက်ိန္စာဆိုးကို အဆုံးသတ္ႏိုင္စြမ္းရွိမွာမဟုတ္ဘူးလို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

လီဗာပူးလ္ရဲ႕ ဆုဖလားစိန္ေခၚမႈဟာ ၎တို႔ရဲ႕ အိမ္ကြင္း ေျခစြမ္းအားေကာင္းမႈအေပၚမွာ အဓိက တည္ေဆာက္ထားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဂိုးမရွိသေရက်ခဲ့မႈက ဒီရာသီ အန္းဖီးမွာ အႏိုင္မရခဲ့တဲ့ ပထမဆံးပြဲစဥ္ျဖစ္လာေစခဲ့တာျဖစ္ပါတယ္။

အမ်ားအျပား အေျပာင္းအလဲလုပ္ထားတဲ့ လီဗာပူးလ္အသင္းဟာ ဗုဒၶဟူးေန႔ညက ဝက္စ္ဟမ္းကို ကာရာေဘာင္းဖလားကြာတားဖိုင္နယ္မွာ ၅-၁ နဲ႔ ဂိုးျပတ္အႏိုင္ယူႏိုင္ခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ကလည္း လီဗာပူးလ္ရဲ႕ ရွားရွားပါးပါး ေျခေခ်ာ္မႈကို အခြင့္ေကာင္းယူတဲ့အေနနဲ႔ ဘ႐ိုက္တန္ကို အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း အန္းဖီးမွာ ပထမဆုံးႏိုင္ပြဲ ရယူၿပီး ဆုဖလားစိန္ေခၚႏိုင္စြမ္း အမွန္တကယ္ရွိတဲ့အသင္းျဖစ္ေၾကာင္း သက္ေသျပသသြားခ်င္ေနမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ဂန္းနားေတြဟာ အန္းဖီးမွာ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္မႈကို လႊင့္ပစ္ခဲ့တာျဖစ္ၿပီး ဒန္နီ မာဖီက လီဗာပူးလ္ကို စိတ္ပ်က္ေအာင္ မန္ခ်က္စတာယူႏိုက္တက္အသုံးျပဳခဲ့တဲ့ အလြန္သတိႀကီးႀကီးထားတဲ့ နည္းဗ်ဴဟာအစား အာဆင္နယ္က ထိပ္တိုက္ေတြ႕တဲ့နည္းဗ်ဴဟာကို သုံးလာမွာ စိုးရိမ္ေနတာျဖစ္ပါတယ္။

“လီဗာပူးလ္က အာဆင္နယ္ကို အႏိုင္ယူႏိုင္တာထက္ အာဆင္နယ္ကသာ အန္းဖီးမွာ အႏိုင္ရသြားရင္ ပိုၿပီး ႀကီးမားတဲ့ အံ့အားသင့္စရာျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အထူးသျဖင့္ အန္းဖီးက သူတို႔ရဲ႕ မွတ္တမ္းေတြေၾကာင့္ေပါ့။ မႏွစ္တုန္းကေတာင္ သူတို႔ေတြ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ လႊင့္ပစ္ခဲ့ပါတယ္။ ရႈံးေတာင္ ရႈံးခဲ့သင့္တယ္။ ရႈံးခဲ့တယ္ဆိုရင္လည္း ခင္ဗ်ား သူတို႔ကို လုံးဝ ေလွ်ာ့တြက္လို႔မရဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ လီဗာပူးလ္အတြက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲက တကယ္ကို သတင္းစကားပါးခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီးေနာက္ လီဗာပူးလ္အတြက္ ဒီပြဲက ပိုႀကီးမားတဲ့ပြဲျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ လီဗာပူးလ္က ယုံၾကည္ခ်က္အပိုင္းမွာေတာ့ သာမယ္ထင္တယ္။ အာဆင္နယ္က ဘာလုပ္ေနလဲဆိုတာ ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ သူတို႔ေတြ ဒီရာသီမွာ ၂ ပြဲပဲ ရႈံးေသးတာပါ။ ဒါေပမယ့္ သူတို႔ေတြက ပိတ္ဆို႔ထားခဲ့ၿပီး ဗီလာကို သူတို႔ရဲ႕ အေကာင္းဆုံးပြဲစဥ္ ေပးခဲ့တယ္။ လီဗာပူးလ္အတြက္ေတာ့ အဲဒါက တကယ္ကို အေရးႀကီးၿပီး သူတို႔ေတြ ရႈံးမယ္လို႔ မျမင္ပါဘူး။ မရႈံးႏိုင္ဘူး။ အာဆင္နယ္က ပိတ္ခ်ထားမွာမဟုတ္ပါဘူး။ ဆာလားကို ဘယ္သူ ရပ္တန႔္မွာလဲ။ ဇင္ခ်န္ကိုက ေၾကာက္မက္ဖြယ္ေဘာလုံးသမားတစ္ေယာက္ပါ။ ဒါေပမယ့္ တိုမိယဆုေလာက္ ခံစစ္ပိုင္းမွာ မေကာင္းဘူး။ အာဆင္နယ္က ပိတ္လည္း ပိတ္ေဆာ့ႏိုင္သလို တိုက္စစ္လည္း ဖြင့္ႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ ဂိုးေတြမ်ားမယ္လို႔ ျမင္တယ္။ ဒါေပမယ့္ အသင္းေတြက အန္းဖီးကို လာၿပီး ကစားရတဲ့အခ်ိန္မွာ လီဗာပူးလ္ကပဲ အသာစီးရသြားတာပဲ။ အဲဒါေၾကာင့္ပဲ သူတို႔ေတြ အဲဒီမွာ ဒီရာသီ မရႈံးေသးတာေပါ့။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.