La Liga

ငါးပိရည်နဲ့အမဲနှပ်လဲဖို့ လုပ်လာတဲ့ သရဲနီတွေကို တုံ့ပြန်လိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရာဟင်ညာနဲ့ အပယ်ခံ ဂျေဒန် ဆန်ချိုကို ဒဲ့လဲဖို့ မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စက်တင်ဘာလမှာ အဲရစ် တန်ဟက်ရဲ့ ပထမအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဂျေဒန် ဆန်ချိုကို လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်တောင်ပံကစားသမားဟာ ပထမအသင်းနဲ့ အဝေးဆုံးမှာ နေနေရတာဖြစ်ပါတယ်။

ဒီအပတ် စပိန်က သတင်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုကို ရာဖင်ညာနဲ့ အလဲအထပ် လုပ်ဖို့ ဘာစီလိုနာကို ကမ်းလှမ်းခဲ့ပြီး ဇာဗီရဲ့အသင်းက မန်ယူနိုက်တက်တောင်ပံကစားသမားက ၎င်းတို့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်နိုင်မှာမဟုတ်လို့ ငြင်းပယ်လိုက်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ ရာဖင်ညာကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အထိခံလို့မရတဲ့ ကစားသမားစာရင်းထဲမှာ ထည့်ထားတယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး ဘရာဇီးလ်တောင်ပံကြယ်ပွင့်အတွက် သိသိသာသာများပြားတဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင်တောင်မှ လာမယ့် နွေရာသီလောက်မှ ရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။

ရာဖင်ညာဟာ ပြီးခဲ့တဲ့နှစ်မှာ လိဒ်စ်ယူနိုက်တက်ကနေ ဘာစီလိုနာကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး စပိန်လာလီဂါချန်ပီယံတွေအတွက် ၆၅ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ထားပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ရာဟင္ညာနဲ႔ အပယ္ခံ ေဂ်ဒန္ ဆန္ခ်ိဳကို ဒဲ့လဲဖို႔ မန္ခ်က္စတာယူႏိုက္တက္က ကမ္းလွမ္းမႈကို ျငင္းပယ္လိုက္တယ္လို႔ စပိန္က သတင္းေတြအရ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ စက္တင္ဘာလမွာ အဲရစ္ တန္ဟက္ရဲ႕ ပထမအသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ေဂ်ဒန္ ဆန္ခ်ိဳကို လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကေန ေရာင္းထုတ္ခ်င္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္အသင္းကေန ေပါင္ ၇၃ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အဂၤလန္ေတာင္ပံကစားသမားဟာ ပထမအသင္းနဲ႔ အေဝးဆုံးမွာ ေနေနရတာျဖစ္ပါတယ္။

ဒီအပတ္ စပိန္က သတင္းေတြအရ မန္ခ်က္စတာယူႏိုက္တက္ဟာ ဆန္ခ်ိဳကို ရာဖင္ညာနဲ႔ အလဲအထပ္ လုပ္ဖို႔ ဘာစီလိုနာကို ကမ္းလွမ္းခဲ့ၿပီး ဇာဗီရဲ႕အသင္းက မန္ယူႏိုက္တက္ေတာင္ပံကစားသမားက ၎တို႔ရဲ႕ အစီအစဥ္ထဲမွာ ပါဝင္ႏိုင္မွာမဟုတ္လို႔ ျငင္းပယ္လိုက္တယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာဟာ ရာဖင္ညာကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အထိခံလို႔မရတဲ့ ကစားသမားစာရင္းထဲမွာ ထည့္ထားတယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ဘရာဇီးလ္ေတာင္ပံၾကယ္ပြင့္အတြက္ သိသိသာသာမ်ားျပားတဲ့ ေျပာင္းေ႐ႊ႕ေၾကးရမယ္ဆိုရင္ေတာင္မွ လာမယ့္ ေႏြရာသီေလာက္မွ ေရာင္းထုတ္သြားခ်င္ေနတယ္လို႔ သိရပါတယ္။

ရာဖင္ညာဟာ ၿပီးခဲ့တဲ့ႏွစ္မွာ လိဒ္စ္ယူႏိုက္တက္ကေန ဘာစီလိုနာကို ေပါင္ ၅၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး စပိန္လာလီဂါခ်န္ပီယံေတြအတြက္ ၆၅ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္အထိ ျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.