Premier League

ဝက်စ်ဟမ်းနဲ့ပွဲအပြီး အာဆင်နယ်က ဘယ်လိုအသင်းလဲဆိုတာ မှတ်ချက်ပေးလိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က ဗုဒ္ဓဟူးနေ့ညက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ လီဗာပူးလ်ကြယ်ပွင့် ၃ ဦးကို ချီးကျူးခဲ့ရာမှာ အာဆင်နယ်က ပရီးမီးယားလိဂ် အားအကောင်းဆုံးအသင်းဖြစ်ကောင်းဖြစ်နိုင်တဲ့အသင်းလို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်ဟာ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၅-၁ နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကစာသမားအများအပြားက အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ နောက်ထပ်ပွဲစဉ်အဖြစ် ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာတိုက်ပွဲအဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရှိမှာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ အာဆင်နယ်တို့ဟာ ယခုရာသီ ဖလားပြိုင်ပွဲမှာ ရေပန်းအစားဆုံးအသင်းတွေထဲက ၂ သင်းဖြစ်ပြီး ကလော့ပ်က ဂန်းနားတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပွဲတစ်ပွဲကစားသွားရမယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

“ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ကျွန်တော်တို့ ကောင်းမွန်နေတယ်လို့ ခံစားခဲ့ရတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အားအကောင်းဆုံးအသင်းဖြစ်ကောင်းဖြစ်နိုင်တဲ့ အာဆင်နယ်နဲ့ ကစားသွားရတော့မှာပါ။ သူတို့တွေက တကယ်ကို ရုပ်ပိုင်းဆိုင်ရာအားကောင်းတယ်။ သူတို့တွေ အသင်းထဲမှာ ဒီကလန် ရိုက်ရှိနေလို့ ဒီကထ်ပိုဆိုးရွားတာတွေ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ ကျွန်တော် ပြောပါရစေ။ တကယ်ကို အားကောင်းပါတယ်။ အဲဒီပွဲက ခက်ခဲပြီး မတူညီတဲ့ပွဲဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အာဆင်နယ်အတွက်လည်း ခက်ခဲတဲ့ပွဲဖြစ်အောင် လုပ်ရမှာပါ။ ကျွန်တော် အဲဒီပွဲကို စောင့်မျှော်နေတာပါ။ ရိုင်ယန်က အဲဒီပွဲ ပြန်ပါချင် ပါနိုင်မှာပါ။ အဲဒီလိုဆိုရင်လည်း ကျွန်တာ်တို့မှာ ရှိနေတာ လူစာရင်းအပြည့်မဟုတ်သေးပါဘူး။ ဒါပေမယ့် အခု ကျွန်တော်တို့ ဒီလိုပွဲစဉ်တွေကို ဖြတ်သန်းသွားရမှာဖြစ်ပြီး ကျွန်တော်တို့ လမ်းကြောင်းပေါ်မှာ ပြန်ရှိနေပါပြီ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္က ဗုဒၶဟူးေန႔ညက ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ လီဗာပူးလ္ၾကယ္ပြင့္ ၃ ဦးကို ခ်ီးက်ဴးခဲ့ရာမွာ အာဆင္နယ္က ပရီးမီးယားလိဂ္ အားအေကာင္းဆုံးအသင္းျဖစ္ေကာင္းျဖစ္ႏိုင္တဲ့အသင္းလို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးလ္ဟာ ကာရာေဘာင္းဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ ဝက္စ္ဟမ္းကို ၅-၁ နဲ႔ အျပတ္အသတ္ အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကစာသမားအမ်ားအျပားက အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ ေနာက္ထပ္ပြဲစဥ္အျဖစ္ ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ထိပ္ဆုံးေနရာတိုက္ပြဲအျဖစ္ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အႏိုင္ရတဲ့အသင္းက အမွတ္ေပးဇယားကို ဦးေဆာင္ခြင့္ရရွိမွာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ဟာ ယခုရာသီ ဖလားၿပိဳင္ပြဲမွာ ေရပန္းအစားဆုံးအသင္းေတြထဲက ၂ သင္းျဖစ္ၿပီး ကေလာ့ပ္က ဂန္းနားေတြနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့ ပြဲတစ္ပြဲကစားသြားရမယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

“ဝက္စ္ဟမ္းနဲ႔ပြဲအၿပီးမွာ ကြၽန္ေတာ္တို႔ ေကာင္းမြန္ေနတယ္လို႔ ခံစားခဲ့ရတာ အမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္မွာ အားအေကာင္းဆုံးအသင္းျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ အာဆင္နယ္နဲ႔ ကစားသြားရေတာ့မွာပါ။ သူတို႔ေတြက တကယ္ကို ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတယ္။ သူတို႔ေတြ အသင္းထဲမွာ ဒီကလန္ ႐ိုက္ရွိေနလို႔ ဒီကထ္ပိုဆိုး႐ြားတာေတြ မျဖစ္ႏိုင္ဘူး။ အဲဒီလိုပဲ ကြၽန္ေတာ္ ေျပာပါရေစ။ တကယ္ကို အားေကာင္းပါတယ္။ အဲဒီပြဲက ခက္ခဲၿပီး မတူညီတဲ့ပြဲျဖစ္လာပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ အာဆင္နယ္အတြက္လည္း ခက္ခဲတဲ့ပြဲျဖစ္ေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္ အဲဒီပြဲကို ေစာင့္ေမွ်ာ္ေနတာပါ။ ႐ိုင္ယန္က အဲဒီပြဲ ျပန္ပါခ်င္ ပါႏိုင္မွာပါ။ အဲဒီလိုဆိုရင္လည္း ကြၽန္တာ္တို႔မွာ ရွိေနတာ လူစာရင္းအျပည့္မဟုတ္ေသးပါဘူး။ ဒါေပမယ့္ အခု ကြၽန္ေတာ္တို႔ ဒီလိုပြဲစဥ္ေတြကို ျဖတ္သန္းသြားရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ လမ္းေၾကာင္းေပၚမွာ ျပန္ရွိေနပါၿပီ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.