Carabao & FA Match Report Premier League

မွိုက်စ်နဲ့ ဝက်စ်ဟမ်းကို ပညာပေးနှိပ်ကွပ်ပြီး ဆီမီးတက်တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ ဗန်ဒိုက်၊ ကွမ်ဆား၊ ဂျိုးဂိုမက်ဇ်နဲ့ ဆီမီကတ်စ်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ဆိုဘော့ဆ်လိုင်းနဲ့ ကားတစ်ဂျုံးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဲလီးယော၊ ဒါဝင် နူးညက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ မာဗရိုပါနို့စ်၊ အော့ဘွန်နာ၊ ဆိုဖာလ်နဲ့ ဂျွန်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဆိုးချက်ခ်နဲ့ ဖော်နယ်လ်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကူဒူးစ်၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲစကတည်းက အိမ်ရှင်တွေကပဲ ထိန်းချုပ်ကစားခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့ဘက်က လိဂ်ချန်ပီယံရှစ်အဆင့်တောင် ရှိမနေတော့တဲ့ အီတလီ-နိုင်ဂျီးရီးယား လူအိုခြေကျ အော့ဘွန်နာနဲ့ လီဗာပူးလ်လို အသင်းမျိုးကို ကိုင်တွယ်ဖို့ အဆင့်မရှိသေးတဲ့ အာဆင်နယ်လူဟောင်း မာဗရိုပါနို့စ်တို့ကို တွဲပေးခဲ့တာက မရှုမလှဖြစ်စေခဲ့ပြီး တိုက်စစ်က ကူဒူးစ်ကလည်း ပွဲရှိန်နေပြီး ထောင့်ဖြတ်မှ မှန်အောင် ဖြတ်မတင်ပေးတတ်တဲ့အခါ သနားစရာဖြစ်နေခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝက်စ်ဟမ်းတို့ ကောင်တာဝင်လာတာရာမှာ ရှေ့ကို ဦးအောင်တက်ပြီး ဖြတ်ယူနိုင်ခဲ့တဲ့ နောက်ခံလူ ကွမ်ဆားက ခင်းပေးတဲ့ ဘောလုံးကို ဆိုဘော့ဆ်လိုင်းက တစ်ချက်ထိန်းပြီး ဘယ်ဘက်တိုင်ကို အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား အာရီယိုးလား ဒိုက်ပစ်ရာမှာ အစွမ်းကုန် Full Stretch မလုပ်နိုင်ခဲ့လို့ ထောင့်ကို မမီလိုက်ဘဲ ဂိုးပေးလိုက်ရတာပါ။

ဒေးဗစ် မွိုက်စ်ရဲ့ အသင်းမှာ ဝါ့ဒ်-ပရောက်စ်၊ အာဂွါဒ်၊ ဇူးမားနဲ့ ပါကေးတာတို့လို ကစားသမားတွေကို အနားပေးထားချိန်မှာ ဝင်ကစားတဲ့ အရန်လူတွေအနေနဲ့ ပရီးမီးယားလိဂ် ပွဲထွက်နေကျ အသင်းရဲ့ အရှိန်အဟုန်မျိုးကို လိုက်မမီဘဲ နိမ့်ပါးနေခဲ့ကြတာကြောင့် ပထမပိုင်းမှာ လီဗာပူးလ်တို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဒါဝင် နူးညက်ဇ် ခင်းပေးလိုက်တာကို ပွဲကြည့်ပရိသတ်တွေကို ကြောင်ကြည့်နေခဲ့ကြတဲ့ မာဗရိုပါနို့စ်နဲ့ ဆိုဖာလ်တို့ကြားကနေ ပြေးထွက်သွားတဲ့ ကားတစ်ဂျုံးစ်က ထောင့်ကျဉ်းအနေအထားကနေ ဂိုးသမား အာရီယိုးလားရဲ့ ပေါင်ကြားကို ဘယ်ခြေနဲ့ ကန်ထည့်သွားခဲ့တာပါ။

ခံစစ်တစ်တန်းလုံး သုံးစားမရအောင် ညံ့ခဲ့တာကြောင့် ပေးလိုက်ရတဲ့ ဂိုးအပြီးမှာတော့ ဒေးဗစ် မွိုက်စ်က ဘင်ရာမာအစား ပါကေးတာကို ထည့်ခဲ့သလို ယာဂန် ကလော့ပ်ကတော့ အန်ဒို၊ ဗန်ဒိုက်၊ ဆိုဘော့ဆ်လိုင်းနဲ့ ဆီမီကတ်စ်တို့အစား အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကိုနာတေ၊ ဆာလားနဲ့ လူငယ်နောက်ခံလူ ဘရက်ဒ်လီတို့ကို ပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လူများပြီး ပွဲမစည်တဲ့ ဝက်စ်ဟမ်း ကွင်းလယ်က သုံးယောက်တောင် ဘောလုံးမထိန်းနိုင်ခဲ့ကြတဲ့ အမှားကနေ ကိုနာတေက ဖြတ်ယူပြီး ဧရိယာထိပ်ကို ခင်းပေးရာမှာ ဘောလုံးရသွားခဲ့တဲ့ ဂက်ခ်ပိုက မာဗရိုပါနို့စ်ကို တစ်ချက်ခေါက်ပြီး ခံစစ်တန်းကြားကနေ အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးတစ်ဂိုးကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ ဂျွန်ဆန်က ဘယ်တောင်ပံကို ကန်တင်ပေးလိုက်ရာမှာ လိုက်လံရယူနိုင်ခဲ့တဲ့ ဘိုဝင်က ပါးနပ်တဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ လီဗာပူးလ်နောက်ခံလူ ကွမ်ဆားကို မျက်လှည့်ပြပြီးမှ ညာခြေနဲ့ အဝေးတိုင်ဘက်ကို အမြောက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ဝက်စ်ဟမ်းတို့ရဲ့ ဟဒယရွှင်ဆေး တိုက်ကျွေးမှုကို မြင်ခဲ့ရပြီး သုံးဂိုး-တစ်ဂိုးဖြစ်သွားလို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရေးရေးအတွက် ကြိုးစားခဲ့ရာမှာ ကူဒူးစ်နဲ့ ဆိုဖာလ်တို့အစား ဝါ့ဒ်-ပရောက်စ်နဲ့ ခယ်ရာတို့ကို ထည့်သွင်းခဲ့သလို အဆိုးဆုံး အမှားအဖြစ်တော့ လီဗာပူးလ်ကွင်းလယ်ကို ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ အယ်လ်ဗာရက်ဇ်ကို ထုတ်ပြီး ဒန်နီအင်းစ်ကို ပြောင်းလဲခဲ့ချိန်မှာ အိမ်ရှင်တွေဘက်ကတော့ ဂက်ခ်ပိုအစား လူးဝစ် ဒီယက်ဇ် ဝင်ကစားလာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ် မရှိတဲ့ ဒဏ်ကို ဝက်စ်ဟမ်းတို့ လှလှကြီး ခံစားသွားခဲ့ရပြီး လီဗာပူးလ်တို့ကို စတုတ္ထဂိုး ပေးလိုက်ရသလို ဒီဂိုးကိုတော့ မာဗရိုပါနို့စ်ရဲ့ ထောင့်ကန်ဘောလဲ မဟုတ်ဘဲ ခွေးအလုပ် မြည်းလုပ်တဲ့ ရှေ့တက်ဂိုးသွင်းဖို့ ကြိုးစားရာကနေ ပျက်တဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ပြန်ရပြီး ခင်းပေးခဲ့ရာမှာ ဆာလားက ကွင်းလယ်ကနေ ပြိုင်ဘက် ခံစစ်မှူးနှစ်ဦးဖြစ်တဲ့ အော့ဘွန်နာနဲ့ ခယ်ရာတို့ကြားကနေ တောက်လျှောက်ဆွဲပြေးပြီး ကူကယ်ရာမဲ့ဖြစ်သွားခဲ့တဲ့ ဂိုးသမား အာရီယိုးလားကို အနိမ့်ဘော ခပ်သာသာ ကန်သွင်းပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ လီဗာပူးလ်တို့ပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူပြီး ဧည့်သည်တွေကို နှိပ်ကွပ်သွားခဲ့သလို ဒီဂိုးကိုတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ပဲ ကွင်းလယ်ကို ထိုးထည့်ပေးလိုက်တဲ့‌ ဘောလုံးကို ကားတစ်ဂျုံးစ်က ဝက်စ်ဟမ်းနောက်ခံလူ ငါးယောက်လောက်ကြားထဲကနေ တောက်လျှောက်ဆွဲယူပြီး ဂိုးရှေ့ကျမှ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘောချိုးထည့်ပြီး အလဲထိုးသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က ဝက်စ်ဟမ်းတို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး ကျန်ခဲ့တဲ့ ပွဲတုန်းက မန်ယူကို အန်းဖီးလ်မှာ သရေကျလို့ တင်းနေတဲ့ အိမ်ရှင်ပရိသတ်တွေကို နှစ်သိမ့်နိုင်ခဲ့သလို ဧည့်သည်နည်းပြ ဒေးဗစ် မွိုက်စ်အတွက်တော့ ကွင်းလယ်အဖျက်မပါဘဲ လာကစားလို့ရတဲ့ အသင်းမျိုး မဟုတ်ဘူးဆိုတာကို သက်သေနဲ့တကွ ပညာပေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။T

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကယ္ေလဟာ၊ ခံစစ္မွာ ဗန္ဒိုက္၊ ကြမ္ဆား၊ ဂ်ိဳးဂိုမက္ဇ္နဲ႔ ဆီမီကတ္စ္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အဲလီးေယာ၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ မာဗ႐ိုပါႏို႔စ္၊ ေအာ့ဘြန္နာ၊ ဆိုဖာလ္နဲ႔ ဂြၽန္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ဆိုးခ်က္ခ္နဲ႔ ေဖာ္နယ္လ္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကူဒူးစ္၊ ဘိုဝင္နဲ႔ ဘင္ရာမာတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲစကတည္းက အိမ္ရွင္ေတြကပဲ ထိန္းခ်ဳပ္ကစားခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းတို႔ဘက္က လိဂ္ခ်န္ပီယံရွစ္အဆင့္ေတာင္ ရွိမေနေတာ့တဲ့ အီတလီ-ႏိုင္ဂ်ီးရီးယား လူအိုေျခက် ေအာ့ဘြန္နာနဲ႔ လီဗာပူးလ္လို အသင္းမ်ိဳးကို ကိုင္တြယ္ဖို႔ အဆင့္မရွိေသးတဲ့ အာဆင္နယ္လူေဟာင္း မာဗ႐ိုပါႏို႔စ္တို႔ကို တြဲေပးခဲ့တာက မရႈမလွျဖစ္ေစခဲ့ၿပီး တိုက္စစ္က ကူဒူးစ္ကလည္း ပြဲရွိန္ေနၿပီး ေထာင့္ျဖတ္မွ မွန္ေအာင္ ျဖတ္မတင္ေပးတတ္တဲ့အခါ သနားစရာျဖစ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဝက္စ္ဟမ္းတို႔ ေကာင္တာဝင္လာတာရာမွာ ေရွ႕ကို ဦးေအာင္တက္ၿပီး ျဖတ္ယူႏိုင္ခဲ့တဲ့ ေနာက္ခံလူ ကြမ္ဆားက ခင္းေပးတဲ့ ေဘာလုံးကို ဆိုေဘာ့ဆ္လိုင္းက တစ္ခ်က္ထိန္းၿပီး ဘယ္ဘက္တိုင္ကို အနိမ့္ေဘာ ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား အာရီယိုးလား ဒိုက္ပစ္ရာမွာ အစြမ္းကုန္ Full Stretch မလုပ္ႏိုင္ခဲ့လို႔ ေထာင့္ကို မမီလိုက္ဘဲ ဂိုးေပးလိုက္ရတာပါ။

ေဒးဗစ္ မြိဳက္စ္ရဲ႕ အသင္းမွာ ဝါ့ဒ္-ပေရာက္စ္၊ အာဂြါဒ္၊ ဇူးမားနဲ႔ ပါေကးတာတို႔လို ကစားသမားေတြကို အနားေပးထားခ်ိန္မွာ ဝင္ကစားတဲ့ အရန္လူေတြအေနနဲ႔ ပရီးမီးယားလိဂ္ ပြဲထြက္ေနက် အသင္းရဲ႕ အရွိန္အဟုန္မ်ိဳးကို လိုက္မမီဘဲ နိမ့္ပါးေနခဲ့ၾကတာေၾကာင့္ ပထမပိုင္းမွာ လီဗာပူးလ္တို႔ကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၆ မိနစ္မွာ လီဗာပူးလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဒါဝင္ ႏူးညက္ဇ္ ခင္းေပးလိုက္တာကို ပြဲၾကည့္ပရိသတ္ေတြကို ေၾကာင္ၾကည့္ေနခဲ့ၾကတဲ့ မာဗ႐ိုပါႏို႔စ္နဲ႔ ဆိုဖာလ္တို႔ၾကားကေန ေျပးထြက္သြားတဲ့ ကားတစ္ဂ်ဳံးစ္က ေထာင့္က်ဥ္းအေနအထားကေန ဂိုးသမား အာရီယိုးလားရဲ႕ ေပါင္ၾကားကို ဘယ္ေျခနဲ႔ ကန္ထည့္သြားခဲ့တာပါ။

ခံစစ္တစ္တန္းလုံး သုံးစားမရေအာင္ ညံ့ခဲ့တာေၾကာင့္ ေပးလိုက္ရတဲ့ ဂိုးအၿပီးမွာေတာ့ ေဒးဗစ္ မြိဳက္စ္က ဘင္ရာမာအစား ပါေကးတာကို ထည့္ခဲ့သလို ယာဂန္ ကေလာ့ပ္ကေတာ့ အန္ဒို၊ ဗန္ဒိုက္၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ဆီမီကတ္စ္တို႔အစား အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကိုနာေတ၊ ဆာလားနဲ႔ လူငယ္ေနာက္ခံလူ ဘရက္ဒ္လီတို႔ကို ေျပာင္းလဲသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ လူမ်ားၿပီး ပြဲမစည္တဲ့ ဝက္စ္ဟမ္း ကြင္းလယ္က သုံးေယာက္ေတာင္ ေဘာလုံးမထိန္းႏိုင္ခဲ့ၾကတဲ့ အမွားကေန ကိုနာေတက ျဖတ္ယူၿပီး ဧရိယာထိပ္ကို ခင္းေပးရာမွာ ေဘာလုံးရသြားခဲ့တဲ့ ဂက္ခ္ပိုက မာဗ႐ိုပါႏို႔စ္ကို တစ္ခ်က္ေခါက္ၿပီး ခံစစ္တန္းၾကားကေန အနိမ့္ေဘာ ကန္သြင္းယူခဲ့ရာမွာ ဘယ္ဘက္တိုင္ေျခကို ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေနာက္ခံလူ ဂြၽန္ဆန္က ဘယ္ေတာင္ပံကို ကန္တင္ေပးလိုက္ရာမွာ လိုက္လံရယူႏိုင္ခဲ့တဲ့ ဘိုဝင္က ပါးနပ္တဲ့ ေဘာလုံးအထိန္းအသိမ္းနဲ႔ လီဗာပူးလ္ေနာက္ခံလူ ကြမ္ဆားကို မ်က္လွည့္ျပၿပီးမွ ညာေျခနဲ႔ အေဝးတိုင္ဘက္ကို အေျမာက္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာပဲ ဝက္စ္ဟမ္းတို႔ရဲ႕ ဟဒယ႐ႊင္ေဆး တိုက္ေကြၽးမႈကို ျမင္ခဲ့ရၿပီး သုံးဂိုး-တစ္ဂိုးျဖစ္သြားလို႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရးေရးအတြက္ ႀကိဳးစားခဲ့ရာမွာ ကူဒူးစ္နဲ႔ ဆိုဖာလ္တို႔အစား ဝါ့ဒ္-ပေရာက္စ္နဲ႔ ခယ္ရာတို႔ကို ထည့္သြင္းခဲ့သလို အဆိုးဆုံး အမွားအျဖစ္ေတာ့ လီဗာပူးလ္ကြင္းလယ္ကို ပိတ္ဆို႔ဖို႔ ႀကိဳးစားေနတဲ့ အယ္လ္ဗာရက္ဇ္ကို ထုတ္ၿပီး ဒန္နီအင္းစ္ကို ေျပာင္းလဲခဲ့ခ်ိန္မွာ အိမ္ရွင္ေတြဘက္ကေတာ့ ဂက္ခ္ပိုအစား လူးဝစ္ ဒီယက္ဇ္ ဝင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အယ္လ္ဗာရက္ဇ္ မရွိတဲ့ ဒဏ္ကို ဝက္စ္ဟမ္းတို႔ လွလွႀကီး ခံစားသြားခဲ့ရၿပီး လီဗာပူးလ္တို႔ကို စတုတၳဂိုး ေပးလိုက္ရသလို ဒီဂိုးကိုေတာ့ မာဗ႐ိုပါႏို႔စ္ရဲ႕ ေထာင့္ကန္ေဘာလဲ မဟုတ္ဘဲ ေခြးအလုပ္ ျမည္းလုပ္တဲ့ ေရွ႕တက္ဂိုးသြင္းဖို႔ ႀကိဳးစားရာကေန ပ်က္တဲ့ ေဘာလုံးကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ျပန္ရၿပီး ခင္းေပးခဲ့ရာမွာ ဆာလားက ကြင္းလယ္ကေန ၿပိဳင္ဘက္ ခံစစ္မႉးႏွစ္ဦးျဖစ္တဲ့ ေအာ့ဘြန္နာနဲ႔ ခယ္ရာတို႔ၾကားကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ကူကယ္ရာမဲ့ျဖစ္သြားခဲ့တဲ့ ဂိုးသမား အာရီယိုးလားကို အနိမ့္ေဘာ ခပ္သာသာ ကန္သြင္းၿပီး အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ လီဗာပူးလ္တို႔ပဲ ပၪၥမေျမာက္ဂိုးကို သြင္းယူၿပီး ဧည့္သည္ေတြကို ႏွိပ္ကြပ္သြားခဲ့သလို ဒီဂိုးကိုေတာ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ပဲ ကြင္းလယ္ကို ထိုးထည့္ေပးလိုက္တဲ့‌ ေဘာလုံးကို ကားတစ္ဂ်ဳံးစ္က ဝက္စ္ဟမ္းေနာက္ခံလူ ငါးေယာက္ေလာက္ၾကားထဲကေန ေတာက္ေလွ်ာက္ဆြဲယူၿပီး ဂိုးေရွ႕က်မွ ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာခ်ိဳးထည့္ၿပီး အလဲထိုးသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က ဝက္စ္ဟမ္းတို႔ကို ငါးဂိုး-တစ္ဂိုးနဲ႔ အျပတ္အသတ္ အႏိုင္ယူၿပီး က်န္ခဲ့တဲ့ ပြဲတုန္းက မန္ယူကို အန္းဖီးလ္မွာ သေရက်လို႔ တင္းေနတဲ့ အိမ္ရွင္ပရိသတ္ေတြကို ႏွစ္သိမ့္ႏိုင္ခဲ့သလို ဧည့္သည္နည္းျပ ေဒးဗစ္ မြိဳက္စ္အတြက္ေတာ့ ကြင္းလယ္အဖ်က္မပါဘဲ လာကစားလို႔ရတဲ့ အသင္းမ်ိဳး မဟုတ္ဘူးဆိုတာကို သက္ေသနဲ႔တကြ ပညာေပးႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။T

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.