Carabao & FA

ထရစ်ပီယာအတွက် အသင်းကို တောင်းဆိုလိုက်တဲ့ အက်ဒီဟောင်း

အက်ဒီ ဟောင်းက ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းကို ဒုက္ခရောက်စေခဲ့တဲ့ အမှား ၂ ခု ကျူးလွန်ခဲ့တဲ့ ကီရန် ထရစ်ပီယာကို ပြန်လည်အားပေးရမယ့် အလှည့်ရောက်ပြီလို့ ပြောကြားခဲ့ပါတယ်။

ငှက်ကျားတွေဟာအင်္ဂါနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကယ်လမ် ဝီလ်ဆင်ရဲ့ အစောပိုင်း ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိတော့မယ့်ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အခွင့်အရေးတွေ ဆက်တိုက် ဖြုန်းတီးခဲ့သလို ငှက်ကျားတွေရဲ့ ခံစစ်ကလည်း ကြံ့ကြံ့ခံနိုင်ခဲ့တာဖြစ်ပြီး ၉၂ မိနစ်မှာ ထရစ်ပီယာက ဂိုးသမား မာတင် ဒူဗရက်ကာကို ဘောလုံးပြန်ခေါင်းတိုက်ချပေးဖို့ ကြိုးပမ်းချိန်မတိုင်ခင်အထိပဲ ဖြစ်ပါတယ်။

ထရစ်ပီယာရဲ့ အမှားကြောင့် မိုင်ခေလို မာဒရစ်ခ်က ချဲလ်ဆီးအတွက် ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဘက်က ပင်နယ်တီ ကန်သွင်းသူအားလုံးဟာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့်လည်း ထရစ်ပီယာရဲ့ ကန်ချက်က ဘေးချော်သွားခဲ့သလို မတ် ရစ်ချီရဲ့ ကန်ချက်ကိုလည်း ပက်ထရိုဗစ်က ကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေက ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ထရစ်ပီယာဟာ ဆော်ဒီ လုပ်ငန်းစုက နယူးကာဆယ်ကို လက်လွှဲရယူပြီးနောက်ပိုင်း အကောင်းဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပေမယ့်လည်း အင်္ဂလန်နောက်ခံလူဟာ အင်္ဂါနေ့ညပွဲစဉ်မှာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်ဒီ ဟောင်းက အသင်းကို အသက် ၃၃ နှစ်အရွယ် နောက်ခံကစားသမားနောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးကြဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး “အသင်းအတွက် အများကြီး ပေးဆပ်ခဲ့ပြီးနောက် အခုဆိုရင် ကျွန်တော်တို့က ကီရန်ကို ပြန်အားပေးထောက်ခံရမယ့် အလှည့်ကျလာပါပြီ။ သူက ထူးခြားဆန်းကြယ်တယ်လို့ ခံစားခဲ့ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့ ခံစစ်အရည်အသွေးနဲ့ နည်းစနစ်ပိုင်း ထူးချွန်မှုအပေါ်မှာ သူ့ကိုယ်သူ ဂုဏ်ယူနေလို့ပါ။ သူက ကျွန်တော်တို့အတွက် ပြုပြင်ပြောင်းလဲမှုဖြစ်စေခဲ့တဲ့ ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး အဝတ်လဲခန်းထဲမှာ အားလုံးကို တသားတည်းဖြစ်အောင် လုပ်ပေးခဲ့တယ်။ သူက ကျွန်တော်တို့ စွမ်းဆောင်ရည်ရဲ့ နှလုံးခုန်သံဖြစ်ခဲ့ပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

အက်ဒီ ဟောင်းရဲ့ ကစားသမားတွေဟာ ပင်နယ်တီအဆုံးအဖြတ်အပြီးမှာ ထရစ်ပီယာနဲ့ ရစ်ချီတို့ကို လျင်လျင်မြန်မြန်ပဲ ပွေ့ဖက် နှစ်သိမ့်ပေးခဲ့ပြီး အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္ဒီ ေဟာင္းက ခ်ဲလ္ဆီးကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အသင္းကို ဒုကၡေရာက္ေစခဲ့တဲ့ အမွား ၂ ခု က်ဴးလြန္ခဲ့တဲ့ ကီရန္ ထရစ္ပီယာကို ျပန္လည္အားေပးရမယ့္ အလွည့္ေရာက္ၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

ငွက္က်ားေတြဟာအဂၤါေန႔ည စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကယ္လမ္ ဝီလ္ဆင္ရဲ႕ အေစာပိုင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီးေနာက္ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိေတာ့မယ့္ပုံေပၚခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ အခြင့္အေရးေတြ ဆက္တိုက္ ျဖဳန္းတီးခဲ့သလို ငွက္က်ားေတြရဲ႕ ခံစစ္ကလည္း ႀကံ့ႀကံ့ခံႏိုင္ခဲ့တာျဖစ္ၿပီး ၉၂ မိနစ္မွာ ထရစ္ပီယာက ဂိုးသမား မာတင္ ဒူဗရက္ကာကို ေဘာလုံးျပန္ေခါင္းတိုက္ခ်ေပးဖို႔ ႀကိဳးပမ္းခ်ိန္မတိုင္ခင္အထိပဲ ျဖစ္ပါတယ္။

ထရစ္ပီယာရဲ႕ အမွားေၾကာင့္ မိုင္ေခလို မာဒရစ္ခ္က ခ်ဲလ္ဆီးအတြက္ ေခ်ပဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဘက္က ပင္နယ္တီ ကန္သြင္းသူအားလုံးဟာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ေပမယ့္လည္း ထရစ္ပီယာရဲ႕ ကန္ခ်က္က ေဘးေခ်ာ္သြားခဲ့သလို မတ္ ရစ္ခ်ီရဲ႕ ကန္ခ်က္ကိုလည္း ပက္ထ႐ိုဗစ္က ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြက ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ထရစ္ပီယာဟာ ေဆာ္ဒီ လုပ္ငန္းစုက နယူးကာဆယ္ကို လက္လႊဲရယူၿပီးေနာက္ပိုင္း အေကာင္းဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ေပမယ့္လည္း အဂၤလန္ေနာက္ခံလူဟာ အဂၤါေန႔ညပြဲစဥ္မွာ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အက္ဒီ ေဟာင္းက အသင္းကို အသက္ ၃၃ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားေနာက္ကေန မားမားမတ္မတ္ ရပ္တည္ေပးၾကဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး “အသင္းအတြက္ အမ်ားႀကီး ေပးဆပ္ခဲ့ၿပီးေနာက္ အခုဆိုရင္ ကြၽန္ေတာ္တို႔က ကီရန္ကို ျပန္အားေပးေထာက္ခံရမယ့္ အလွည့္က်လာပါၿပီ။ သူက ထူးျခားဆန္းၾကယ္တယ္လို႔ ခံစားခဲ့ရမွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက သူ႔ရဲ႕ ခံစစ္အရည္အေသြးနဲ႔ နည္းစနစ္ပိုင္း ထူးခြၽန္မႈအေပၚမွာ သူ႔ကိုယ္သူ ဂုဏ္ယူေနလို႔ပါ။ သူက ကြၽန္ေတာ္တို႔အတြက္ ျပဳျပင္ေျပာင္းလဲမႈျဖစ္ေစခဲ့တဲ့ ကစားသမားေခၚယူမႈျဖစ္ခဲ့ၿပီး အဝတ္လဲခန္းထဲမွာ အားလုံးကို တသားတည္းျဖစ္ေအာင္ လုပ္ေပးခဲ့တယ္။ သူက ကြၽန္ေတာ္တို႔ စြမ္းေဆာင္ရည္ရဲ႕ ႏွလုံးခုန္သံျဖစ္ခဲ့ပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

အက္ဒီ ေဟာင္းရဲ႕ ကစားသမားေတြဟာ ပင္နယ္တီအဆုံးအျဖတ္အၿပီးမွာ ထရစ္ပီယာနဲ႔ ရစ္ခ်ီတို႔ကို လ်င္လ်င္ျမန္ျမန္ပဲ ေပြ႕ဖက္ ႏွစ္သိမ့္ေပးခဲ့ၿပီး အသင္းအဖြဲ႕စိတ္ဓာတ္ကို ျပသခဲ့ၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.