Saudi League

ရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ထက်တောင် ပိုကြီးမားတဲ့ခေါ်ယူမှုပြုလုပ်မယ့် ဆော်ဒီပရိုလိဂ်

ဆော်ဒီ ပရိုလိဂ်ဟာ လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက်တောင် ကြီးမားတဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ရှုမြင်ထားတယ်လို့သိရပါတယ်။

ဆော်ဒီအာရေဗျဟာ အီဂျစ်ကြယ်ကြယ်ပွင့်တိုက်စစ်မှူးကို မကြာမီ အချိန်အတွင်း ခေါ်ယူချင်နေပြီး နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အရှေ့အလယ်ပိုင်းလိဂ်ဟာ လီဗာပူးလ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက အယ်လ်နာဆာကို ပြောင်းရွှေ့လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုထက်တောင် ပိုမိုကြီးမားတဲ့ ဆွဲဆောင်မှုတွေ ပြုလုပ်နိုင်မယ်လို့ ယူဆထားတယ်လို့ သိရပါတယ်။

ပေါ်တူဂီကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကြောင့် ဆော်ဒီ ပရိုလိဂ်ကို တကမ္ဘာလုံး လူသိများထင်ရှားကျော်ကြားလာစေခဲ့တာဖြစ်ပြီး ဥရောပလိဂ်က ကာရင် ဘန်ဇီးမား၊ ကန်တေ၊ ရူဘင် နက်ဗက်စ်၊ နေမာတို့လို ကမ္ဘာကျော်ကစားသမားတွေကိုပါ ပြောင်းရွှေ့ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နာမည်ကြီးကစားသမားတွေ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့လာခဲ့ကြပေမယ့်လည်း ဆော်ဒီ အာရေဗျအာဏာပိုင်တွေက နောက်ထပ် ဘောလုံးမီဂါစတားတွေကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး နောက်ထပ်ခေါ်ယူဖို့ အဓိကရည်မှန်းထားတဲ့သူကတော့ မိုဟာမက် ဆာလားဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်-အစ်တီဟတ်က ပြီးခဲ့တဲ့နွေရာသီတုန်းက အီဂျစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း လီဗာပူးလ်က အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အယ်လ်-ဟီလာလ်ကလည်း ယခုနွေရာသီမှာ ပီအက်စ်ဂျီနဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ ခီလီယန် အမ်ဘာပေကို ယူရိုသန်း ၃၀၀ နဲ့ ကမ်းလှမ်းခဲ့သေးပြီး ကစားသမားကိုယ်တိုင်က ငြင်းပယ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဘောလုံးဒါရိုက်တာ မိုက်ကယ် အီမီနာလိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုလိုမျိုး အရှေ့အလယ်ပိုင်းလိဂ်ကို မိုဟာမက် ဆာလား ပြောင်းရွှေ့လာဖို့ တံခါးဖွင့်ပေးထားပြီး စိတ်ဝင်စားမယ်ဆိုရင် မန်စီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားကိုလည်း ပြောင်းရွှေ့လာဖို့ ဖိတ်ခေါ်ထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဆာ္ဒီ ပ႐ိုလိဂ္ဟာ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ေတာင္ ႀကီးမားတဲ့ ေခၚယူမႈျဖစ္လိမ့္မယ္လို႔ ရႈျမင္ထားတယ္လို႔သိရပါတယ္။

ေဆာ္ဒီအာေရဗ်ဟာ အီဂ်စ္ၾကယ္ၾကယ္ပြင့္တိုက္စစ္မႉးကို မၾကာမီ အခ်ိန္အတြင္း ေခၚယူခ်င္ေနၿပီး ေနာက္ထပ္တစ္ႀကိမ္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အေရွ႕အလယ္ပိုင္းလိဂ္ဟာ လီဗာပူးလ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ေတာင္ ပိုမိုႀကီးမားတဲ့ ဆြဲေဆာင္မႈေတြ ျပဳလုပ္ႏိုင္မယ္လို႔ ယူဆထားတယ္လို႔ သိရပါတယ္။

ေပၚတူဂီၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕ေၾကာင့္ ေဆာ္ဒီ ပ႐ိုလိဂ္ကို တကမာၻလုံး လူသိမ်ားထင္ရွားေက်ာ္ၾကားလာေစခဲ့တာျဖစ္ၿပီး ဥေရာပလိဂ္က ကာရင္ ဘန္ဇီးမား၊ ကန္ေတ၊ ႐ူဘင္ နက္ဗက္စ္၊ ေနမာတို႔လို ကမာၻေက်ာ္ကစားသမားေတြကိုပါ ေျပာင္းေ႐ႊ႕ခ်င္လာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

နာမည္ႀကီးကစားသမားေတြ အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၾကေပမယ့္လည္း ေဆာ္ဒီ အာေရဗ်အာဏာပိုင္ေတြက ေနာက္ထပ္ ေဘာလုံးမီဂါစတားေတြကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနဆဲျဖစ္ၿပီး ေနာက္ထပ္ေခၚယူဖို႔ အဓိကရည္မွန္းထားတဲ့သူကေတာ့ မိုဟာမက္ ဆာလားျဖစ္တယ္လို႔ သိရပါတယ္။

အယ္လ္-အစ္တီဟတ္က ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အီဂ်စ္တိုက္စစ္မႉးကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း လီဗာပူးလ္က အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။ အယ္လ္-ဟီလာလ္ကလည္း ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ အနာဂတ္ မေရမရာျဖစ္ေနတဲ့ ခီလီယန္ အမ္ဘာေပကို ယူ႐ိုသန္း ၃၀၀ နဲ႔ ကမ္းလွမ္းခဲ့ေသးၿပီး ကစားသမားကိုယ္တိုင္က ျငင္းပယ္မႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဆာ္ဒီပ႐ိုလိဂ္ေဘာလုံးဒါ႐ိုက္တာ မိုက္ကယ္ အီမီနာလိုက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလိုမ်ိဳး အေရွ႕အလယ္ပိုင္းလိဂ္ကို မိုဟာမက္ ဆာလား ေျပာင္းေ႐ႊ႕လာဖို႔ တံခါးဖြင့္ေပးထားၿပီး စိတ္ဝင္စားမယ္ဆိုရင္ မန္စီးတီးၾကယ္ပြင့္ ကီဗင္ ဒီဘ႐ိုင္းနားကိုလည္း ေျပာင္းေ႐ႊ႕လာဖို႔ ဖိတ္ေခၚထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.