Premier League

ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် မကျေမနပ်ဖြစ်ခဲ့တဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂါနေ့ညက အူရာဝါ ရက်ဒိုင်းမွန်းကို ၃-၀ နဲ့ အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သက်တောင့်သက်သာ တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်က ကွင်းအခြေအနေကြောင့် စိတ်ပျက်ခဲ့ပါတယ်။

မန်စီးတီးဟာ ဂျပန်ကလပ်ဖြစ်တဲ့ အူရာဝါ ရက်ဒိုင်းမွန်းကို အက်ဗ်ဒူလာဘုရင်အားကစားမြို့တော်ကွင်းမှာ ကိုဗာချစ်၊ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ သောကြာနေ့မှာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ဘရာဇီးလ်ကလပ် ဖလူမီးနန့်စ်နဲ့ ကစားသွားရတော့မှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ကွင်းအခြေအနေကြောင့် မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့အသင်းဟာ အရှေ့အလယ်ပိုင်းကို ပြီးခဲ့တဲ့ စနေနေ့က ပဲ့လေစ်နဲ့ သရေကျခဲ့တဲ့ပွဲပြီးတာနဲ့ တန်းလာခဲ့ရတာကြောင့် အရမ်းပင်ပန်းနေတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ဗိုလ်လုပွဲအတွက် ဘယ်လိုပြင်ဆင်မလဲဆိုတာ အိပ်မယ်။ အိပ်မယ်။ အိပ်မယ်။ ကွင်းအခြေအနေက တကယ်ကို မကောင်းမွန်ခဲ့ပါဘူး။ ဒါပေမယ့် အလုပ်တွေက ဘယ်လို အလုပ်လုပ်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခု ကျွန်တော်တို့ အနားယူရမယ်။ သူတို့(ဖလူမီးနန့်စ်)က တစ်ရက်ပိုနားရတယ်။ ကျွန်တာ်တို့ တစ်ရက်နားရက်ရမယ်။ အတူတူညစာစားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးမယ်။ ကစားသမားတွေက ဒီဗိုလ်လုပွဲက မန်စီးတီးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိပါတယ်။ ဒီဗိုလ်လုပွဲမှာ ရှိနိုင်ဖို့အတွက် ခင်ဗျား မယုံနိုင်စရာအရာတွေကို လုပ်ရမယ်။ ချန်ပီယံလိဂ်ဖလားကို ရအောင် ယူရမယ်။ ဒီပွဲက ကျွန်တော်တို့ တသက်မှာ တစ်ခါပဲ ကစားရတဲ့ပွဲလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မနက်ဖြန် ကျွန်တော်တို့ ဖလူမီးနန့်စ်ကစားတာကို စကြည့်သွားမှာဖြစ်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည် ပြသနိုင်အောင် ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးနည္းျပ ဂြါဒီယိုလာက အဂၤါေန႔ညက အူရာဝါ ရက္ဒိုင္းမြန္းကို ၃-၀ နဲ႔ အႏိုင္ရၿပီး ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲကို သက္ေတာင့္သက္သာ တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲစဥ္က ကြင္းအေျခအေနေၾကာင့္ စိတ္ပ်က္ခဲ့ပါတယ္။

မန္စီးတီးဟာ ဂ်ပန္ကလပ္ျဖစ္တဲ့ အူရာဝါ ရက္ဒိုင္းမြန္းကို အက္ဗ္ဒူလာဘုရင္အားကစားၿမိဳ႕ေတာ္ကြင္းမွာ ကိုဗာခ်စ္၊ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ေသာၾကာေန႔မွာ ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲအျဖစ္ ဘရာဇီးလ္ကလပ္ ဖလူမီးနန႔္စ္နဲ႔ ကစားသြားရေတာ့မွာျဖစ္ေပမယ့္လည္း ဂြါဒီယိုလာက ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ကစားခဲ့ရတဲ့ ကြင္းအေျခအေနေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တာျဖစ္ၿပီး ၎ရဲ႕အသင္းဟာ အေရွ႕အလယ္ပိုင္းကို ၿပီးခဲ့တဲ့ စေနေန႔က ပဲ့ေလစ္နဲ႔ သေရက်ခဲ့တဲ့ပြဲၿပီးတာနဲ႔ တန္းလာခဲ့ရတာေၾကာင့္ အရမ္းပင္ပန္းေနတယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“ဗိုလ္လုပြဲအတြက္ ဘယ္လိုျပင္ဆင္မလဲဆိုတာ အိပ္မယ္။ အိပ္မယ္။ အိပ္မယ္။ ကြင္းအေျခအေနက တကယ္ကို မေကာင္းမြန္ခဲ့ပါဘူး။ ဒါေပမယ့္ အလုပ္ေတြက ဘယ္လို အလုပ္လုပ္လဲဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ အခု ကြၽန္ေတာ္တို႔ အနားယူရမယ္။ သူတို႔(ဖလူမီးနန႔္စ္)က တစ္ရက္ပိုနားရတယ္။ ကြၽန္တာ္တို႔ တစ္ရက္နားရက္ရမယ္။ အတူတူညစာစားၿပီး ပတ္ဝန္းက်င္တစ္ခုကို ဖန္တီးမယ္။ ကစားသမားေတြက ဒီဗိုလ္လုပြဲက မန္စီးတီးအတြက္ ဘယ္ေလာက္အေရးႀကီးလဲဆိုတာ သိပါတယ္။ ဒီဗိုလ္လုပြဲမွာ ရွိႏိုင္ဖို႔အတြက္ ခင္ဗ်ား မယုံႏိုင္စရာအရာေတြကို လုပ္ရမယ္။ ခ်န္ပီယံလိဂ္ဖလားကို ရေအာင္ ယူရမယ္။ ဒီပြဲက ကြၽန္ေတာ္တို႔ တသက္မွာ တစ္ခါပဲ ကစားရတဲ့ပြဲလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ မနက္ျဖန္ ကြၽန္ေတာ္တို႔ ဖလူမီးနန႔္စ္ကစားတာကို စၾကည့္သြားမွာျဖစ္ၿပီး ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ ျပသႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.