Premier League

လန်ဒန်ဟိုတယ်က ထွက်လာတဲ့ ပထမအသင်းကစားသမားက ဘယ်သူမှန်းမသိခဲ့တဲ့ အာဆင်နယ်ဖန်

အာဆင်နယ်ပရိသတ်တစ်ဦးဟာ လန်ဒန်က ဟိုတယ်ကနေ ထွက်ခွာခဲ့ကြတဲ့ အာဆင်နယ် အသင်းသားတွေကို စောင့်ကြည့်ခဲ့ပြီး ပထမအသင်းသားတွေထဲက တစ်ဦးကို ဘယ်သူမှန်း မသိဖြစ်ခဲ့ပါတယ်။

ဂန်းနားတွေဟာ ဘရိုက်တန်ကို တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ဂါဘရီယဲလ် ဂျေဆူးစ်၊ ခိုင် ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဒီကလန် ရိုက်၊ ဇင်ချန်ကိုတို့အပါအဝင် အာဆင်နယ်ကြယ်ပွင့်ကစားသမားအများအပြားဟာ လန်ဒန်က ဟေလ်တန်ဟိုတယ်ကနေ ထွက်ခွာခဲ့ကြတာကို မြင်တွေ့ခ့ရပါတယ်။

အဲဒီကစားသမားတွေရဲ့ နောက်မှာ တတိယမြောက်ကစားသမားအဖြစ်နဲ့ နောက်ခံကစားသမား ဆီးဒရစ် ဆိုအာရက်စ်က လိုက်ပါလာခဲ့ပေမယ့်လည်း အာဆင်နယ်ပရိသတ်တစ်ဦးက ပေါ်တူဂီညာနောက်ခံလူက ဘယ်သူလဲဆိုတာကို စဉ်းစားလို့မရဖြစ်ခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ မြင်ခဲ့ရပါတယ်။

ပရိသတ်က ဆီးဒရစ် ဆိုအာရက်စ် ဖြတ်လျှောက်သွားချိန်မှာ “အဲဒါ ဘယ်သူကြီးလဲ”လို့ အော်ဟစ်ခဲ့တာဖြစ်ပေမယ့်လည်း ဟိုတယ်ပတ်ဝန်းကျင်က ကျန်တဲ့လူတွေကတော့ ဒီကစားသမား ၃ ဦးက ဘယ်သူတွေလဲဆိုတာကို သိခဲ့ကြတာဖြစ်ပါတယ်။ ဆီးဒရစ်ဟာ ဒီရာသီမှာ ဂန်းနားတွေအတွက် ၂ ပွဲသာ ပါဝင်ကစားပေးထားရသေးသူဖြစ်ပြီး အကြာဆုံးကွင်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ပွဲကတော့ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဗွီနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပါတယ်။

အာတီတာရဲ့ အပြောင်းအလဲတွေ အများကြီး ပြုလုပ်ထားတဲ့အသင်းအတွက် ဆီးဒရစ် ဆိုအာရက်စ်ဟာ မိနစ် ၆၀ အထိ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နောက်ထပ်တစ်ပွဲကတော့ စက်တင်ဘာလတုန်းက ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ၄ မိနစ် ဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ယခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အမ်းမရိတ်စ်ကနေ ထွက်ခွာဖို့ များနေပေမယ့်လည်း မကြာသေးမီက တိုမီယဆုဒဏ်ရာရရှိသွားမှုက အဲဒီအစီအစဉ်ကို အပြောင်းအလဲ ဖြစ်လာစေဖွယ်ရှိပါတယ်။

ဒါပေမယ့်လည်း ESPN ရဲ့ ဖော်ပြချက်အရ စပိန်လာလီဂါကလပ်ဖြစ်တဲ့ ဗီလာရီးရဲလ်ဟာ ပေါ်တူဂီ နောက်ခံလူကို ဇန်နဝါရီလမှာ ခေါ်ယူချင်နေတယ်လို့ သိရပြီး မကြာမီအချိန်အတွင်း အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်း ခံထားရသလို အမည်မသိ တူရကီကလပ်ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဆီးဒရစ် ဆိုအာရက်စ်ဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး လာမယ့်လမှာ အင်္ဂလန်ပြင်ပက ကလပ်အသင်းတွေနဲ့ အကြိုသဘောတူစာချုပ်အတွက် ဆွေးနွေးခွင့်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ ခံစစ်ဒဏ်ရာပြဿနာတွေကို ကာဗာလုပ်နိုင်ဖို့အတွက် ရာသီကုန်အထိ ဆီးဒရစ် ဆိုအာရက်စ်ကို ဆက်လက် ထိန်းသိမ်းထားမလား ဒါမှမဟုတ် ဇန်နဝါရီလမှာ ထွက်ခွာခွင့်ပေးချင်လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္တစ္ဦးဟာ လန္ဒန္က ဟိုတယ္ကေန ထြက္ခြာခဲ့ၾကတဲ့ အာဆင္နယ္ အသင္းသားေတြကို ေစာင့္ၾကည့္ခဲ့ၿပီး ပထမအသင္းသားေတြထဲက တစ္ဦးကို ဘယ္သူမွန္း မသိျဖစ္ခဲ့ပါတယ္။

ဂန္းနားေတြဟာ ဘ႐ိုက္တန္ကို တနဂၤေႏြေန႔က အမ္းမရိတ္စ္မွာ ဂါဘရီယဲလ္ ေဂ်ဆူးစ္၊ ခိုင္ ဟာဗတ္ဇ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ တင္ခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ ဒီကလန္ ႐ိုက္၊ ဇင္ခ်န္ကိုတို႔အပါအဝင္ အာဆင္နယ္ၾကယ္ပြင့္ကစားသမားအမ်ားအျပားဟာ လန္ဒန္က ေဟလ္တန္ဟိုတယ္ကေန ထြက္ခြာခဲ့ၾကတာကို ျမင္ေတြ႕ခ့ရပါတယ္။

အဲဒီကစားသမားေတြရဲ႕ ေနာက္မွာ တတိယေျမာက္ကစားသမားအျဖစ္နဲ႔ ေနာက္ခံကစားသမား ဆီးဒရစ္ ဆိုအာရက္စ္က လိုက္ပါလာခဲ့ေပမယ့္လည္း အာဆင္နယ္ပရိသတ္တစ္ဦးက ေပၚတူဂီညာေနာက္ခံလူက ဘယ္သူလဲဆိုတာကို စဥ္းစားလို႔မရျဖစ္ခဲ့တာကို ဗီဒီယိုဖိုင္ထဲမွာ ျမင္ခဲ့ရပါတယ္။

ပရိသတ္က ဆီးဒရစ္ ဆိုအာရက္စ္ ျဖတ္ေလွ်ာက္သြားခ်ိန္မွာ “အဲဒါ ဘယ္သူႀကီးလဲ”လို႔ ေအာ္ဟစ္ခဲ့တာျဖစ္ေပမယ့္လည္း ဟိုတယ္ပတ္ဝန္းက်င္က က်န္တဲ့လူေတြကေတာ့ ဒီကစားသမား ၃ ဦးက ဘယ္သူေတြလဲဆိုတာကို သိခဲ့ၾကတာျဖစ္ပါတယ္။ ဆီးဒရစ္ဟာ ဒီရာသီမွာ ဂန္းနားေတြအတြက္ ၂ ပြဲသာ ပါဝင္ကစားေပးထားရေသးသူျဖစ္ၿပီး အၾကာဆုံးကြင္းထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ပြဲကေတာ့ ၿပီးခဲ့တဲ့အပတ္က ပီအက္စ္ဗြီနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ျဖစ္ပါတယ္။

အာတီတာရဲ႕ အေျပာင္းအလဲေတြ အမ်ားႀကီး ျပဳလုပ္ထားတဲ့အသင္းအတြက္ ဆီးဒရစ္ ဆိုအာရက္စ္ဟာ မိနစ္ ၆၀ အထိ ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ေနာက္ထပ္တစ္ပြဲကေတာ့ စက္တင္ဘာလတုန္းက ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ၄ မိနစ္ ဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ကစားသမားဟာ ယခုလာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အမ္းမရိတ္စ္ကေန ထြက္ခြာဖို႔ မ်ားေနေပမယ့္လည္း မၾကာေသးမီက တိုမီယဆုဒဏ္ရာရရွိသြားမႈက အဲဒီအစီအစဥ္ကို အေျပာင္းအလဲ ျဖစ္လာေစဖြယ္ရွိပါတယ္။

ဒါေပမယ့္လည္း ESPN ရဲ႕ ေဖာ္ျပခ်က္အရ စပိန္လာလီဂါကလပ္ျဖစ္တဲ့ ဗီလာရီးရဲလ္ဟာ ေပၚတူဂီ ေနာက္ခံလူကို ဇန္နဝါရီလမွာ ေခၚယူခ်င္ေနတယ္လို႔ သိရၿပီး မၾကာမီအခ်ိန္အတြင္း အေျပာင္းအေ႐ႊ႕အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရသလို အမည္မသိ တူရကီကလပ္ကလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ဆီးဒရစ္ ဆိုအာရက္စ္ဟာ လာမယ့္ေႏြရာသီမွာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ကစားသမားျဖစ္ၿပီး လာမယ့္လမွာ အဂၤလန္ျပင္ပက ကလပ္အသင္းေတြနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္အတြက္ ေဆြးေႏြးခြင့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဟာ ခံစစ္ဒဏ္ရာျပႆနာေတြကို ကာဗာလုပ္ႏိုင္ဖို႔အတြက္ ရာသီကုန္အထိ ဆီးဒရစ္ ဆိုအာရက္စ္ကို ဆက္လက္ ထိန္းသိမ္းထားမလား ဒါမွမဟုတ္ ဇန္နဝါရီလမွာ ထြက္ခြာခြင့္ေပးခ်င္လားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.