Saudi League

ငွေနောက်လိုက်မိတာ နောင်တရနေပြီး အိမ်ပြန်ချင်နေကြတဲ့ စူပါစတားများ

ဆော်ဒီ အာရေဗျဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အရည်အချင်းအရှိဆုံး ကစားသမားတွေထဲက အချို့ကို အရခေါ်ယူခဲ့ပေမယ့်လည်း မက်မောလောက်ဖွယ်ငွေကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားအများစုဟာ နောင်တရနေကြပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အခြားဥရောပစျေးကွက်ထက် ပြောစရာဖြစ်ခဲ့တဲ့အထိ ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ကမ္ဘာကျော်ကစားသမားအများအပြားကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီ အာရေဗျဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အာဂျင်တီးနားဂန္တဝင်တို့ရဲ့ ယှဉ်ပြိုင်မှုကို ပြန်လည်အသက်သွင်းပေးနိုင်ဖို့အတွက် မက်ဆီကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီ အာရေဗျကို ရောက်သွားတဲ့ ကစားသမားတွေနဲ့ နည်းပြတွေဟာ အိမ်ပြန်ချင်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း မက်ဆီအနေနဲ့ အဲဒီ စိန်ခေါ်မှုကို လက်မခံခင် ၂ ခါပြန်စဉ်းစားနိုင်ပါတယ်။

ဘောလုံးကြယ်ပွင့်အများအပြားဟာ မက်မောလောက်ဖွယ် ငွေကြေးနောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ နောင်တရနေကြပြီဖြစ်တာကြောင့် ဆော်ဒီ အာရေဗျဟာ အရှက်ရစရာ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း အောက်တိုဘာလမှာ The Sun က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကစားသမားအချို့ဆိုရင် ဆော်ဒီ အာရေဗျမှာ ရှိနေရတဲ့ မိနစ်တိုင်းကို မုန်းတီးမိတဲ့အထိ ဖြစ်နေကြတယ်လို့ သိရပြီး အနည်းဆုံး ၂ နှစ်ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ လှုပ်မရအောင် ချုပ်ထားတဲ့အချက်တွေကြောင့် လွတ်လမ်းမရှိဖြစ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပွဲတက်ရောက်ကြည့်ရှုတဲ့ပရိသတ်ဦးရေကလည်း ကမ္ဘာပေါ်က တခြားလိဂ်တွေအားလုံးနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နည်းပါးနေပြီး ဖာဘင်ညိုရဲ့ အယ်လ်-အစ်တီဟတ်အသင်းဟာ ၎င်းတို့ရဲ့ပွဲစဉ်တွေမှာ ပရိသတ်ပေါင်း ၂၉၀၀၀ လာရောက်ကြည့်ရှုခဲ့တဲ့အတွက် ပရိသတ်အများဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျန်တဲ့ ၁၈ သင်းမှာ ၁၁ သင်းလောက်အထိက ပုံမှန်ပွဲတက်ရောက်ကြည့်ရှုသူ ပရိသတ်ပေါင်း ၅၀၀၀ လောက်သာ ရှိနေတာဖြစ်ပြီး ဒီလအစောပိုင်းတုန်းက အယ်လ် ဝါဒါးနဲ့ အယ်လ်-အိုခဒုခ်တို့ ကစားခဲ့တဲ့ပွဲဆိုရင် လက်ညှိုးထိုး ရေတွက်လို့ရလောက်တဲ့အထိ စံချိန်တင် နည်းပါးခဲ့တာဖြစ်ပါတယ်။

ပေါင်သန်း ၄၅၀ အကုန်ကျခံတည်ဆောက်ခဲ့ပြီး ပရိသတ်ပေါင်း ၆၂၀၀၀ ဝင်ဆံ့တဲ့ အက်ဗ်ဒူလာဇစ်စပို့စ်စီးတီးကွင်းထဲမှာ စုစုပေါင်း တက်ရောက်ကြည့်ရှုခဲ့သူက ၅၇၅ ဦးသာ ရှိခဲ့တယ်လို့ သိရပြီး အင်္ဂလန်ရဲ့ အဌမတန်းလိဂ်ပွဲစဉ်ဖြစ်တဲ့ ချေ့စ်တောင်းက ဝစ်တန်အယ်ဘီယွန်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတောင် ပရိသတ်ပေါင်း ၁၈၄၂ ဦးအထိ လာကြည့်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဆာ္ဒီ အာေရဗ်ဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ အရည္အခ်င္းအရွိဆုံး ကစားသမားေတြထဲက အခ်ိဳ႕ကို အရေခၚယူခဲ့ေပမယ့္လည္း မက္ေမာေလာက္ဖြယ္ေငြေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားအမ်ားစုဟာ ေနာင္တရေနၾကၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္းႏိုင္ငံဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အျခားဥေရာပေစ်းကြက္ထက္ ေျပာစရာျဖစ္ခဲ့တဲ့အထိ ႀကီးမားတဲ့ ေငြေၾကးပမာဏနဲ႔ ကမာၻေက်ာ္ကစားသမားအမ်ားအျပားကို ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ေဆာ္ဒီ အာေရဗ်ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အာဂ်င္တီးနားဂႏၲဝင္တို႔ရဲ႕ ယွဥ္ၿပိဳင္မႈကို ျပန္လည္အသက္သြင္းေပးႏိုင္ဖို႔အတြက္ မက္ဆီကို အငွားနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကို ေရာက္သြားတဲ့ ကစားသမားေတြနဲ႔ နည္းျပေတြဟာ အိမ္ျပန္ခ်င္ေနၾကတယ္လို႔ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း မက္ဆီအေနနဲ႔ အဲဒီ စိန္ေခၚမႈကို လက္မခံခင္ ၂ ခါျပန္စဥ္းစားႏိုင္ပါတယ္။

ေဘာလုံးၾကယ္ပြင့္အမ်ားအျပားဟာ မက္ေမာေလာက္ဖြယ္ ေငြေၾကးေနာက္ကို လိုက္ဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚမွာ ေနာင္တရေနၾကၿပီျဖစ္တာေၾကာင့္ ေဆာ္ဒီ အာေရဗ်ဟာ အရွက္ရစရာ အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း ေအာက္တိုဘာလမွာ The Sun က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ကစားသမားအခ်ိဳ႕ဆိုရင္ ေဆာ္ဒီ အာေရဗ်မွာ ရွိေနရတဲ့ မိနစ္တိုင္းကို မုန္းတီးမိတဲ့အထိ ျဖစ္ေနၾကတယ္လို႔ သိရၿပီး အနည္းဆုံး ၂ ႏွစ္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ထဲမွာ လႈပ္မရေအာင္ ခ်ဳပ္ထားတဲ့အခ်က္ေတြေၾကာင့္ လြတ္လမ္းမရွိျဖစ္ေနၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ပြဲတက္ေရာက္ၾကည့္ရႈတဲ့ပရိသတ္ဦးေရကလည္း ကမာၻေပၚက တျခားလိဂ္ေတြအားလုံးနဲ႔ ႏႈိင္းယွဥ္ရင္ ေတာ္ေတာ္ေလး နည္းပါးေနၿပီး ဖာဘင္ညိဳရဲ႕ အယ္လ္-အစ္တီဟတ္အသင္းဟာ ၎တို႔ရဲ႕ပြဲစဥ္ေတြမွာ ပရိသတ္ေပါင္း ၂၉၀၀၀ လာေရာက္ၾကည့္ရႈခဲ့တဲ့အတြက္ ပရိသတ္အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း က်န္တဲ့ ၁၈ သင္းမွာ ၁၁ သင္းေလာက္အထိက ပုံမွန္ပြဲတက္ေရာက္ၾကည့္ရႈသူ ပရိသတ္ေပါင္း ၅၀၀၀ ေလာက္သာ ရွိေနတာျဖစ္ၿပီး ဒီလအေစာပိုင္းတုန္းက အယ္လ္ ဝါဒါးနဲ႔ အယ္လ္-အိုခဒုခ္တို႔ ကစားခဲ့တဲ့ပြဲဆိုရင္ လက္ညႇိဳးထိုး ေရတြက္လို႔ရေလာက္တဲ့အထိ စံခ်ိန္တင္ နည္းပါးခဲ့တာျဖစ္ပါတယ္။

ေပါင္သန္း ၄၅၀ အကုန္က်ခံတည္ေဆာက္ခဲ့ၿပီး ပရိသတ္ေပါင္း ၆၂၀၀၀ ဝင္ဆံ့တဲ့ အက္ဗ္ဒူလာဇစ္စပို႔စ္စီးတီးကြင္းထဲမွာ စုစုေပါင္း တက္ေရာက္ၾကည့္ရႈခဲ့သူက ၅၇၅ ဦးသာ ရွိခဲ့တယ္လို႔ သိရၿပီး အဂၤလန္ရဲ႕ အဌမတန္းလိဂ္ပြဲစဥ္ျဖစ္တဲ့ ေခ်႕စ္ေတာင္းက ဝစ္တန္အယ္ဘီယြန္ကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာေတာင္ ပရိသတ္ေပါင္း ၁၈၄၂ ဦးအထိ လာၾကည့္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.