Premier League

ရွိုင်ကီးန်ရဲ့ စိတ်ကြီးဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို တုံ့ပြန်လိုက်တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဥ်အပြီး ပြောဆိုခဲ့တဲ့ ၎င်းရဲ့ မှတ်ချက်ဟာ စိတ်ကြီးဝင် ဘဝင်မြင့်နေခဲ့တယ်ဆိုတဲ့ ရွိုင် ကီးန်ရဲ့ ပြစ်တင်ဝေဖန်မှုကို ငြင်းပယ်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ညနေက မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အန်းဖီးမှာ စိတ်ပျက်ဖွယ် ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းဗျူဟာကို ဗန်ဒိုက် ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး အနိုင်ရဖို့ ကစားခဲ့တဲ့ အသင်းတစ်သင်းတည်းသာ ရှိခဲ့တာကြောင့် သရေ ၁ မှတ်ရလို့ သရဲနီတွေက ပျော်ရွှင်နေကြလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီမှတ်ချက်ဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်ကို ဒေါသထွက်စေခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် နောက်ခံကစားသမားရဲ့ မှတ်ချက်ဟာ စိတ်ကြီးဝင် ဘဝင်မြင့်မှုလို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗန်ဒိုက်က ရွိုင် ကီးန်ရဲ့ မှတ်ချက်ကို တုံ့ပြန်ဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာတော့ “ကျွန်တော် ရွိုင် ကီးန်ကို သဘောကျတယ်။ သူ အဲဒီလို ပြောခဲ့တာဆိုရင်လည်း အဆင်ပြေပါတယ်။ သူက မန်ချက်စတာယူနိုက်တက်မှာ အကြာကြီးကစားခဲ့ပြီး သူ ဒီလိုမျိုး တုံ့ပြန်တာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့တာက စိတ်ကြီးဝင် ဘဝင်မြင့်တာမျိုးမရှိခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ အဲဒီပွဲကို ကြည့်ခဲ့တဲ့လူတိုင်း ကျွန်တော် ပြောခဲ့တာနဲ့ အတူတူပဲ ခံစားခဲ့ရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားမှာပါ။ ကျွန်တော်တို့မှာ အခွင့်အရေးရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါက စိတ်ပျက်စရာကောင်းတဲ့အပိုင်းပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗန္ဒိုက္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္အၿပီး ေျပာဆိုခဲ့တဲ့ ၎ရဲ႕ မွတ္ခ်က္ဟာ စိတ္ႀကီးဝင္ ဘဝင္ျမင့္ေနခဲ့တယ္ဆိုတဲ့ ႐ြိဳင္ ကီးန္ရဲ႕ ျပစ္တင္ေဝဖန္မႈကို ျငင္းပယ္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ တနဂၤေႏြေန႔ညေနက မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္း အန္းဖီးမွာ စိတ္ပ်က္ဖြယ္ ဂိုးမရွိ သေရက်ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္မယ့္ အခြင့္အေရး လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နည္းဗ်ဴဟာကို ဗန္ဒိုက္ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ၿပီး အႏိုင္ရဖို႔ ကစားခဲ့တဲ့ အသင္းတစ္သင္းတည္းသာ ရွိခဲ့တာေၾကာင့္ သေရ ၁ မွတ္ရလို႔ သရဲနီေတြက ေပ်ာ္႐ႊင္ေနၾကလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီမွတ္ခ်က္ဟာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္ကို ေဒါသထြက္ေစခဲ့တာျဖစ္ၿပီး အသက္ ၃၂ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားရဲ႕ မွတ္ခ်က္ဟာ စိတ္ႀကီးဝင္ ဘဝင္ျမင့္မႈလို႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗန္ဒိုက္က ႐ြိဳင္ ကီးန္ရဲ႕ မွတ္ခ်က္ကို တုံ႔ျပန္ဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာေတာ့ “ကြၽန္ေတာ္ ႐ြိဳင္ ကီးန္ကို သေဘာက်တယ္။ သူ အဲဒီလို ေျပာခဲ့တာဆိုရင္လည္း အဆင္ေျပပါတယ္။ သူက မန္ခ်က္စတာယူႏိုက္တက္မွာ အၾကာႀကီးကစားခဲ့ၿပီး သူ ဒီလိုမ်ိဳး တုံ႔ျပန္တာ ကြၽန္ေတာ္နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာခဲ့တာက စိတ္ႀကီးဝင္ ဘဝင္ျမင့္တာမ်ိဳးမရွိခဲ့ဘူးလို႔ ခံစားခဲ့ရပါတယ္။ အဲဒီပြဲကို ၾကည့္ခဲ့တဲ့လူတိုင္း ကြၽန္ေတာ္ ေျပာခဲ့တာနဲ႔ အတူတူပဲ ခံစားခဲ့ရမယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ေရွ႕ဆက္သြားမွာပါ။ ကြၽန္ေတာ္တို႔မွာ အခြင့္အေရးရခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့ဘူး။ ဒါက စိတ္ပ်က္စရာေကာင္းတဲ့အပိုင္းပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.