Premier League

သရေမည်း မည်းပြီး ဥမင်လျှောက်လမ်းထဲမှာပါ သရဲနီကြယ်ပွင့်ကို ကွိုင်ရှာခဲ့တဲ့ ဗန်ဒိုက်

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးကတည်းက စိတ်မချရတဲ့ စွမ်းဆောင်ရည်နဲ့ အမှားတွေ ကျူးလွန်ခဲ့မှုအတွက် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်လည်း တနင်္ဂနွေနေ့ညမှာတော့ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

အိုနာနာဟာ ပထမပိုင်းမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ အပိုင် ခေါင်းတိုက်သွင်းယူမှုကို အံ့အားသင့်ဖွယ် လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့ပြီး ပွဲကစားချိန်ပြီးဆုံးတဲ့အထိ ဂိုးမပေးရအောင် အစွမ်းကုန် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ အဲဒီလို မမြင်ခဲ့ဘဲ မန်ချက်စတာယူနိုက်တက်ဂိုးသမားဟာ အချိန်ဖြုန်းတီးခဲ့တယ်လို့ ပွဲအပြီး ဥမင်လျှောက်လမ်းထဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၃၄ ကြိမ်အထိ ပြုလုပ်ခဲ့ရာမှာ ဂိုးပေါက် ၈ ကြိမ်တည့်ခဲ့ပေမယ့် အိုနာနာကို အလဲမထိုးနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ရာမှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။

talkSPORT သတင်းထောက် အဲလက်စ် ကွတ်ခ်ရဲ့ ပြောကြားချက်အရ ဗန်ဒိုက်ဟာ အန်းဖီးက စိတ်ပျက်ဖွယ် သရေပွဲအပြီး ဥမင်လျှောက်လမ်းထဲမှာ အိုနာနာဆီ သွားပြီး “မင်းကြောင့် ငါတို့တွေ နာရီဝက်လောက်ပဲ ကစားခဲ့ရတယ်”လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကင်မရွန်းလက်ရွေးစင်ဂိုးသမားကတော့ ဗန်ဒိုက်ရဲ့ စွပ်စွဲပြောဆိုမှုကို အပြုးနဲ့သာ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပြီး အိုနာနာဟာ ရှေ့မှာ လွဲခဲ့သမျှ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချေဖျက်ပြခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်သာ အန်းဖီးမှာ နောက်ထပ် အရှက်ရဖွယ် ဂိုးပြတ်ရှုံးပွဲတွေ့ခဲ့မယ်ဆိုရင် လှောင်ပြောင်ဖို့ အသင့်စောင့်ဆိုင်းနေသူတွေကတော့ အိုနာနာရဲ့ လက်စွမ်းကြောင့် မချင့်မရဲဖြစ်ခဲ့ကြမှာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အန္ဒရီ အိုနာနာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာၿပီးကတည္းက စိတ္မခ်ရတဲ့ စြမ္းေဆာင္ရည္နဲ႔ အမွားေတြ က်ဴးလြန္ခဲ့မႈအတြက္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္လည္း တနဂၤေႏြေန႔ညမွာေတာ့ အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။

အိုနာနာဟာ ပထမပိုင္းမွာ လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ရဲ႕ အပိုင္ ေခါင္းတိုက္သြင္းယူမႈကို အံ့အားသင့္ဖြယ္ လက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ၿပီးဆုံးတဲ့အထိ ဂိုးမေပးရေအာင္ အစြမ္းကုန္ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ကေတာ့ အဲဒီလို မျမင္ခဲ့ဘဲ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားဟာ အခ်ိန္ျဖဳန္းတီးခဲ့တယ္လို႔ ပြဲအၿပီး ဥမင္ေလွ်ာက္လမ္းထဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၃၄ ႀကိမ္အထိ ျပဳလုပ္ခဲ့ရာမွာ ဂိုးေပါက္ ၈ ႀကိမ္တည့္ခဲ့ေပမယ့္ အိုနာနာကို အလဲမထိုးႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၆ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ရာမွာ ၁ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ပါတယ္။

talkSPORT သတင္းေထာက္ အဲလက္စ္ ကြတ္ခ္ရဲ႕ ေျပာၾကားခ်က္အရ ဗန္ဒိုက္ဟာ အန္းဖီးက စိတ္ပ်က္ဖြယ္ သေရပြဲအၿပီး ဥမင္ေလွ်ာက္လမ္းထဲမွာ အိုနာနာဆီ သြားၿပီး “မင္းေၾကာင့္ ငါတို႔ေတြ နာရီဝက္ေလာက္ပဲ ကစားခဲ့ရတယ္”လို႔ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ကင္မ႐ြန္းလက္ေ႐ြးစင္ဂိုးသမားကေတာ့ ဗန္ဒိုက္ရဲ႕ စြပ္စြဲေျပာဆိုမႈကို အျပဳးနဲ႔သာ ျပန္လည္တုံ႔ျပန္ခဲ့တယ္လို႔ သိရၿပီး အိုနာနာဟာ ေရွ႕မွာ လြဲခဲ့သမွ် လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ေခ်ဖ်က္ျပခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္သာ အန္းဖီးမွာ ေနာက္ထပ္ အရွက္ရဖြယ္ ဂိုးျပတ္ရႈံးပြဲေတြ႕ခဲ့မယ္ဆိုရင္ ေလွာင္ေျပာင္ဖို႔ အသင့္ေစာင့္ဆိုင္းေနသူေတြကေတာ့ အိုနာနာရဲ႕ လက္စြမ္းေၾကာင့္ မခ်င့္မရဲျဖစ္ခဲ့ၾကမွာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.