Premier League

သရဲနီတွေကို ဝေဖန်တဲ့ ဗန်ဒိုက်ကို ကိုယ့်အဆင့်ကိုယ်သိဖို့ သတိပေးခဲ့တဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က ပွဲအပြီး အင်တာဗျူးမှာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်က သရဲနီတွေရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ ဗန်ဒိုက်ကို စိတ်ကြီးဝင်နေတဲ့ကောင်လို့ ဝေဖန်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ညနေက အန်းဖီးမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်မယ့် အခွင့်အရေးကို စိတ်ပျက်ဖွယ် သရေပွဲကြောင့် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အန်းဖီးကို နောက်ဆုံးလာရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တုန်းက ၇-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ပိုမိုအားကောင်းတဲ့ကစားပုံနဲ့ အိမ်ရှင်တွေကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဟာ သရေ ၁မှတ်ရဖို့ပဲ ဦးတည်ကစားခဲ့ပြီး အနိုင် ၃ မှတ်ရဖို့ ကစားခဲ့တဲ့အသင်းက တစ်သင်းတည်းသာ ရှိခဲ့တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အဲဒီမှတ်ချက်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင် ကီးန်ကို ဒေါသထွက်စေခဲ့ပြီး ဗန်ဒိုက်ရဲ့ လီဗာပူးလ်ဟာ နှစ်ပေါင်း ၃၀ ကြာမှ ပရီးမီးယားလိဂ်ဖလားတစ်ကြိမ်သာ ရခဲ့တယ်ဆိုတာကို သတိပေးပြီး ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ဒါက သူ့ရဲ့ စိတ်ကြီးဝင် ထောင်လွှားမှုပါ။ သူ့ကိုယ်သူ နှစ်ပေါင်း ၃၀ လောက်ကြာမှာ ဖလားတစ်လုံးတည်းရခဲ့တဲ့အသင်းအတွက် ကစားပေးနေရတယ်ဆိုတာကို ပြန်သတိပေးဖို့ လိုပါတယ်။ အသင်းတစ်သင်းတည်းကသာ အနိုင်ရချင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က သရေ ၁ မှတ်ရရင်ကို ပျော်နေခဲ့မှာတဲ့။ မန်ယူနိုက်တက်က နှစ်ပေါင်းများစွာ ခက်ခဲတဲ့နေရာမှာ ကစားနေရတဲ့ လီဗာပူးလ်လိုမျိုး နေရာမှာ ကစားနေရတာပါ။ ဒီနေ့ သူ့ဆီက ထွက်လာတဲ့စကားက စိတ်ကြီးဝင်ရာ ကျပါတယ်။ သူ ဘယ်ကနေ လာလဲဆိုတာကို အမှတ်ရဖို့ လိုပါတယ်။ ၃၃ နှစ်အတွင်းမှာမှ ဖလားတစ်လုံးပဲ ရတဲ့အသင်းမလား။ သူ ပြောခဲ့တာက မန်ယူနိုက်တက်က ပျော်ရွှင်နေခဲ့တယ်တဲ့။ တစ်သင်းတည်းကပဲ ကစားခဲ့ရတာတဲ့။ ဟုတ်ပြီ။ ကျွန်တော် မန်ယူနိုက်တက်နဲ့အတူ အကြိမ်ပေါင်းများစွာ အန်းဖီးကို လာခဲ့ဖူးတယ်။ အဲဒီတုန်းက လီဗာပူးလ်ကလည်း ခု မန်ယူနိုက်တက်လို ရုန်းကန်နေရပြီး ကျွန်တော်တို့ကို သရေလောက်ရရင်ကို ပျော်နေခဲ့ကြတာပါ။ အရေးအကြီးဆုံးကိန်းဂဏန်းက သွင်းဂိုးပဲ။ လီဗာပူးလ်က အခွင့်အရေးတွေ ရခဲ့ပြီး အဲဒါကို မယူနိုင်ခဲ့တာပါ။ သူတို့အပြစ်နဲ့ သူတို့ပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က ပြဲအၿပီး အင္တာဗ်ဴးမွာ လီဗာပူးလ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္က သရဲနီေတြရဲ႕ စြမ္းေဆာင္ရည္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တဲ့ ဗန္ဒိုက္ကို စိတ္ႀကီးဝင္ေနတဲ့ေကာင္လို႔ ေဝဖန္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ တနဂၤေႏြေန႔ညေနက အန္းဖီးမွာ မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္တက္လွမ္းႏိုင္မယ့္ အခြင့္အေရးကို စိတ္ပ်က္ဖြယ္ သေရပြဲေၾကာင့္ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ အန္းဖီးကို ေနာက္ဆုံးလာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္တုန္းက ၇-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ပိုမိုအားေကာင္းတဲ့ကစားပုံနဲ႔ အိမ္ရွင္ေတြကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗန္ဒိုက္က ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ သေရ ၁မွတ္ရဖို႔ပဲ ဦးတည္ကစားခဲ့ၿပီး အႏိုင္ ၃ မွတ္ရဖို႔ ကစားခဲ့တဲ့အသင္းက တစ္သင္းတည္းသာ ရွိခဲ့တယ္လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

အဲဒီမွတ္ခ်က္က မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္း ႐ြိဳင္ ကီးန္ကို ေဒါသထြက္ေစခဲ့ၿပီး ဗန္ဒိုက္ရဲ႕ လီဗာပူးလ္ဟာ ႏွစ္ေပါင္း ၃၀ ၾကာမွ ပရီးမီးယားလိဂ္ဖလားတစ္ႀကိမ္သာ ရခဲ့တယ္ဆိုတာကို သတိေပးၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ဒါက သူ႔ရဲ႕ စိတ္ႀကီးဝင္ ေထာင္လႊားမႈပါ။ သူ႔ကိုယ္သူ ႏွစ္ေပါင္း ၃၀ ေလာက္ၾကာမွာ ဖလားတစ္လုံးတည္းရခဲ့တဲ့အသင္းအတြက္ ကစားေပးေနရတယ္ဆိုတာကို ျပန္သတိေပးဖို႔ လိုပါတယ္။ အသင္းတစ္သင္းတည္းကသာ အႏိုင္ရခ်င္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က သေရ ၁ မွတ္ရရင္ကို ေပ်ာ္ေနခဲ့မွာတဲ့။ မန္ယူႏိုက္တက္က ႏွစ္ေပါင္းမ်ားစြာ ခက္ခဲတဲ့ေနရာမွာ ကစားေနရတဲ့ လီဗာပူးလ္လိုမ်ိဳး ေနရာမွာ ကစားေနရတာပါ။ ဒီေန႔ သူ႔ဆီက ထြက္လာတဲ့စကားက စိတ္ႀကီးဝင္ရာ က်ပါတယ္။ သူ ဘယ္ကေန လာလဲဆိုတာကို အမွတ္ရဖို႔ လိုပါတယ္။ ၃၃ ႏွစ္အတြင္းမွာမွ ဖလားတစ္လုံးပဲ ရတဲ့အသင္းမလား။ သူ ေျပာခဲ့တာက မန္ယူႏိုက္တက္က ေပ်ာ္႐ႊင္ေနခဲ့တယ္တဲ့။ တစ္သင္းတည္းကပဲ ကစားခဲ့ရတာတဲ့။ ဟုတ္ၿပီ။ ကြၽန္ေတာ္ မန္ယူႏိုက္တက္နဲ႔အတူ အႀကိမ္ေပါင္းမ်ားစြာ အန္းဖီးကို လာခဲ့ဖူးတယ္။ အဲဒီတုန္းက လီဗာပူးလ္ကလည္း ခု မန္ယူႏိုက္တက္လို ႐ုန္းကန္ေနရၿပီး ကြၽန္ေတာ္တို႔ကို သေရေလာက္ရရင္ကို ေပ်ာ္ေနခဲ့ၾကတာပါ။ အေရးအႀကီးဆုံးကိန္းဂဏန္းက သြင္းဂိုးပဲ။ လီဗာပူးလ္က အခြင့္အေရးေတြ ရခဲ့ၿပီး အဲဒါကို မယူႏိုင္ခဲ့တာပါ။ သူတို႔အျပစ္နဲ႔ သူတို႔ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.