Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၉.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမားသစ္ ဖာကန္ဒို ပယ္လစၥထရီဟာ အသင္းဂႏၴဝင္ကစားသမား ႐ိုင္ယန္ဂစ္လိုမ်ဳိး ကစားႏုိင္သူျဖစ္ၿပီး ေျခႏွစ္ေခ်ာင္းလုံးသန္သူျဖစ္သလို တစ္ဦးခ်င္း ျဖတ္ေက်ာ္မွဳပုိင္းမွာလည္း ထူးခၽြန္တယ္လို႔ ဥ႐ုေဂြး တုိက္စစ္မွဴးေဟာင္း ဒီေယဂို ေဖာ္လန္က နည္းျပ ဆုိးလ္ရွားဆီ ေထာက္ခံေပးသြား။

– စပုိ႔တင္းလစၥဘြန္းအသင္းရဲ႕ အသက္ ၁၆ ႏွစ္အရြယ္ လူငယ္ကြင္းလယ္လူ လူးဝစ္ ဂိုမက္စ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၄ သန္းနဲ႔ ေခၚယူႏုိင္ဖို႔ ယူႏုိက္တက္တာဝန္ရွိသူေတြ ႀကဳိးစားေနၿပီး ဖီဂိုလက္သစ္လို႔ ခ်ီးက်ဴးခံထားရသူလို႔ သိရ။

– အသင္းအတြက္ ပြဲထြက္ႏုိင္ဖို႔ တုိက္စစ္မွဴးသစ္ အက္ဒင္ဆန္ ကာဗာနီနဲ႔ ေနာက္ခံလူသစ္ အဲလက္စ္ တဲလက္စ္တုိ႔ ကာရင္တန္မွာ အတူ တြဲဖက္ေလ့က်င့္ေနၾကၿပီး လာမယ့္ ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပြဲစဥ္မွာ ပါဝင္ႏုိင္ဖို႔ ႀကဳိးစားေနၾက။

– ေဒါ့မြန္အသင္းရဲ႕ အမွဳေဆာင္အရာရွိခ်ဳပ္ ဟန္းစ္-ဂ်ဳိအာခင္မ္ ဗက္ဇ္ကာက ေဘာလုံးေလာကမွာ မေရာင္းႏုိင္တဲ့ ကစားသမားဆုိတာ မရွိဘူးလို႔ ေျပာၾကားလုိက္ၿပီး ေဂ်ဆန္ ဆန္ခ်ဳိအတြက္ လက္ခံႏုိင္တဲ့ ေျပာင္းေရႊ႕ေၾကးရရင္ ေရာင္းခ်မယ့္သေဘာမ်ဳိး မန္ခ်က္စတာ ယူႏုိက္တက္ဆီ ခ်ျပသြားခဲ့။

– လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္အေနနဲ႔ ႀကံ့ခိုင္မွဳ မျပည့္ဝေၾကာင္းနဲ႔ အျမန္ဆုံး ပါဝင္ႏုိင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက ေျပာၾကားထားခဲ့ၿပီး ပရိသတ္ေတြကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဟြမ္မာတာကို ဆက္လက္ ေတြ႕ျမင္ခ်င္ေနၾက။

– မန္ခ်က္စတာယူႏုိက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးဂိုးကို ၿပီးခဲ့တဲ့ပြဲမွာ သြင္းယူႏုိင္ခဲ့တဲ့ အာရြန္ ဝန္ဘစ္ဆာကာက သူ႕အေနနဲ႔ ဂိုးသမားရဲ႕ ကာကြယ္မွဳေတြကို ေတြ႕ျမင္ေနရခ်ိန္မွာ အခြင့္အေရးကို စမ္းသပ္ၾကည့္ခ်င္ခဲ့တာျဖစ္ၿပီး ဂိုးပုိက္ေခါင္မိုးကို ကန္သြင္းမယ္လို႔ ရည္ရြယ္ခဲ့တာျဖစ္သလို ေအာင္ျမင္ခဲ့လုိ႔ ေက်နပ္အားရမိတယ္လို႔ ေျပာၾကား။

– အိုးလ္ထရက္ဖို႔ဒ္ရဲ႕ လုပ္ခလစာအမ်ားဆုံး ရရွိေနတဲ့ ကစားသမားအျဖစ္ ဂိုးသမား ေဒးဗစ္ ဒေဟးယားက တစ္ပတ္ကို ေပါင္ ၃၇၅၀၀၀ နဲ႔ ထိပ္ဆုံးက ရပ္တည္ေနၿပီး ေပါ့ဘာက ေပါင္ ၂၉၀၀၀၀ နဲ႔ ဒုတိယလုိက္ေနသလို ကာဗာနီက ေပါင္ႏွစ္သိန္းနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္က ေပါင္ ၁၈၀၀၀၀ အသီးသီးရရွိေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တောင်ပံကစားသမားသစ် ဖာကန်ဒို ပယ်လစ္စထရီဟာ အသင်းဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်လိုမျိုး ကစားနိုင်သူဖြစ်ပြီး ခြေနှစ်ချောင်းလုံးသန်သူဖြစ်သလို တစ်ဦးချင်း ဖြတ်ကျော်မှုပိုင်းမှာလည်း ထူးချွန်တယ်လို့ ဥရုဂွေး တိုက်စစ်မှူးဟောင်း ဒီယေဂို ဖော်လန်က နည်းပြ ဆိုးလ်ရှားဆီ ထောက်ခံပေးသွား။

– စပို့တင်းလစ္စဘွန်းအသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကွင်းလယ်လူ လူးဝစ် ဂိုမက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ယူနိုက်တက်တာဝန်ရှိသူတွေ ကြိုးစားနေပြီး ဖီဂိုလက်သစ်လို့ ချီးကျူးခံထားရသူလို့ သိရ။

– အသင်းအတွက် ပွဲထွက်နိုင်ဖို့ တိုက်စစ်မှူးသစ် အက်ဒင်ဆန် ကာဗာနီနဲ့ နောက်ခံလူသစ် အဲလက်စ် တဲလက်စ်တို့ ကာရင်တန်မှာ အတူ တွဲဖက်လေ့ကျင့်နေကြပြီး လာမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ကြိုးစားနေကြ။

– ဒေါ့မွန်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဟန်းစ်-ဂျိုအာခင်မ် ဗက်ဇ်ကာက ဘောလုံးလောကမှာ မရောင်းနိုင်တဲ့ ကစားသမားဆိုတာ မရှိဘူးလို့ ပြောကြားလိုက်ပြီး ဂျေဆန် ဆန်ချိုအတွက် လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချမယ့်သဘောမျိုး မန်ချက်စတာ ယူနိုက်တက်ဆီ ချပြသွားခဲ့။

– လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်အနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝကြောင်းနဲ့ အမြန်ဆုံး ပါဝင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ပြောကြားထားခဲ့ပြီး ပရိသတ်တွေကတော့ နယူးကာဆယ်လ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဟွမ်မာတာကို ဆက်လက် တွေ့မြင်ချင်နေကြ။

– မန်ချက်စတာယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပထမဆုံးဂိုးကို ပြီးခဲ့တဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ အာရွန် ဝန်ဘစ်ဆာကာက သူ့အနေနဲ့ ဂိုးသမားရဲ့ ကာကွယ်မှုတွေကို တွေ့မြင်နေရချိန်မှာ အခွင့်အရေးကို စမ်းသပ်ကြည့်ချင်ခဲ့တာဖြစ်ပြီး ဂိုးပိုက်ခေါင်မိုးကို ကန်သွင်းမယ်လို့ ရည်ရွယ်ခဲ့တာဖြစ်သလို အောင်မြင်ခဲ့လို့ ကျေနပ်အားရမိတယ်လို့ ပြောကြား။

– အိုးလ်ထရက်ဖို့ဒ်ရဲ့ လုပ်ခလစာအများဆုံး ရရှိနေတဲ့ ကစားသမားအဖြစ် ဂိုးသမား ဒေးဗစ် ဒဟေးယားက တစ်ပတ်ကို ပေါင် ၃၇၅၀၀၀ နဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ပေါ့ဘာက ပေါင် ၂၉၀၀၀၀ နဲ့ ဒုတိယလိုက်နေသလို ကာဗာနီက ပေါင်နှစ်သိန်းနဲ့ ဘရူနို ဖာနန်ဒက်စ်က ပေါင် ၁၈၀၀၀၀ အသီးသီးရရှိနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.