Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၉.၁၀.၂၀၂၀

– ယူ-၂၃ အသင္းမွာ ေျခစြမ္းျပသေနတဲ့ တုိက္စစ္မွဴး ဖိုလာရင္ ဘာလိုဂြန္ကို အသင္းႀကီးဆီ ေခၚယူၿပီး စာခ်ဳပ္သစ္ ေပးအပ္သင့္ေၾကာင္းနဲ႔ အသင္းကေန ဒီအတုိင္း ထြက္ခြာသြားမွာကို မလိုလာေၾကာင္း အာဆင္နယ္ပရိသတ္ေတြ ေတာင္းဆိုေနၾက။

– အာဆင္နယ္အသင္းကေန အငွားနဲ႔ ေခၚယူထားတဲ့ လူးကပ္စ္ ေတာ္ရဲရားဟာ သူတုိ႔အတြက္ ကြင္းလယ္မွာ အင္အားတစ္ရပ္ျဖစ္ခဲ့ၿပီး လုပ္အားႏွဳန္းနဲ႔ လ်င္ျမန္မွဳေတြကို သေဘာက်တယ္လို႔ အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီမီယြန္နီ ခ်ီးက်ဴး။

– FAWSL ၿပဳိင္ပြဲရဲ႕ ေျမာက္လန္ဒန္ဒါဘီမွာ ဟက္ထရစ္သြင္းယူခဲ့တဲ့ အာဆင္နယ္အမ်ဳိးသမီးတုိက္စစ္မွဴး ဗီဗီယန္း မီဒမ္မာဟာ အမ်ဳိးသမီး ၿပဳိင္ပြဲရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး စံခ်ိန္ကို ခ်ဳိးဖ်က္လုိက္ၿပီး ပြဲ ၅၀ မွာ ၅၂ ဂိုးနဲ႔ စံခ်ိန္သစ္တင္ရွိႏုိင္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပြဲမတုိင္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ေဆာင္ေနစဥ္မွာ ရရွိသြားခဲ့တဲ့ ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းရဲ႕ ေပါင္ေနာက္ေၾကာဒဏ္ရာဟာ ပြဲထြက္ဖို႔ကေန လက္ေလွ်ာ့ေလာက္ေအာင္ ျပင္းထန္ခဲ့တယ္လုိ႔ နည္းျပ အာတီတာက ဆုိလုိက္ၿပီး ဓာတ္မွန္စစ္ေဆးမွဳေတြ လုပ္ေဆာင္ေန။

– အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက သူနဲ႔ ၿပဳိင္ဘက္ေတြျဖစ္ခဲ့တဲ့ နည္းျပ ေမာ္ရင္ညဳိဟာ ကေလးဆန္သူျဖစ္ၿပီး အခ်ိန္တုိင္းမွာ ရန္စေနခဲ့သလို သူ႕အေနနဲ႔ သူငယ္တန္းမွာ တစ္တန္းတည္းတက္ေနရသလိုေတာင္ ထင္ျမင္မိေၾကာင္း My Life in Red and White စာအုပ္မွာ ေရးသား။

– အာဆင္နယ္အသင္းက ဇန္နဝါရီမွာ ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆုိေဘာ့ဆ္လုိင္းကို သူတုိ႔ရဲ႕ ရက္ဒ္ဘူးလ္အုပ္စုရဲ႕ အဆင့္အျမင့္ဆုံးအသင္း RB လုိက္ပ္ဇစ္က အလိုရွိေနလုိ႔ ေခၚယူႏုိင္ဖို႔ ခက္ခဲဖြယ္ရွိေန။

– ၃-၄-၃ ကစားကြက္ဟာ ဖလားပြဲေတြမွာသာ တစ္ပြဲတိုး အႏုိင္ယူႏုိင္တဲ့ ကစားကြက္မ်ဳိးျဖစ္ၿပီး တစ္ရာသီလုံး ကစားရမယ့္ ပရီးမီးယားလိဂ္မွာ နည္းမွန္လမ္းမွန္ ၄-၃-၃ ကစားကြက္ကသာ ရလဒ္ေကာင္းေတြ ပုိင္ဆုိင္ႏုိင္မယ့္ နည္းစနစ္ျဖစ္လို႔ ေျပာင္းလဲကစားဖို႔ နည္းျပ အာတီတာကို တုိနီ အက္ဒမ္စ္တုိက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ယူ-၂၃ အသင်းမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အသင်းကြီးဆီ ခေါ်ယူပြီး စာချုပ်သစ် ပေးအပ်သင့်ကြောင်းနဲ့ အသင်းကနေ ဒီအတိုင်း ထွက်ခွာသွားမှာကို မလိုလာကြောင်း အာဆင်နယ်ပရိသတ်တွေ တောင်းဆိုနေကြ။

– အာဆင်နယ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ လူးကပ်စ် တော်ရဲရားဟာ သူတို့အတွက် ကွင်းလယ်မှာ အင်အားတစ်ရပ်ဖြစ်ခဲ့ပြီး လုပ်အားနှုန်းနဲ့ လျင်မြန်မှုတွေကို သဘောကျတယ်လို့ အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီ ချီးကျူး။

– FAWSL ပြိုင်ပွဲရဲ့ မြောက်လန်ဒန်ဒါဘီမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အာဆင်နယ်အမျိုးသမီးတိုက်စစ်မှူး ဗီဗီယန်း မီဒမ်မာဟာ အမျိုးသမီး ပြိုင်ပွဲရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်လိုက်ပြီး ပွဲ ၅၀ မှာ ၅၂ ဂိုးနဲ့ စံချိန်သစ်တင်ရှိနိုင်ခဲ့။

– မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဆောင်နေစဉ်မှာ ရရှိသွားခဲ့တဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းရဲ့ ပေါင်နောက်ကြောဒဏ်ရာဟာ ပွဲထွက်ဖို့ကနေ လက်လျှော့လောက်အောင် ပြင်းထန်ခဲ့တယ်လို့ နည်းပြ အာတီတာက ဆိုလိုက်ပြီး ဓာတ်မှန်စစ်ဆေးမှုတွေ လုပ်ဆောင်နေ။

– အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သူနဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ နည်းပြ မော်ရင်ညိုဟာ ကလေးဆန်သူဖြစ်ပြီး အချိန်တိုင်းမှာ ရန်စနေခဲ့သလို သူ့အနေနဲ့ သူငယ်တန်းမှာ တစ်တန်းတည်းတက်နေရသလိုတောင် ထင်မြင်မိကြောင်း My Life in Red and White စာအုပ်မှာ ရေးသား။

– အာဆင်နယ်အသင်းက ဇန်နဝါရီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို သူတို့ရဲ့ ရက်ဒ်ဘူးလ်အုပ်စုရဲ့ အဆင့်အမြင့်ဆုံးအသင်း RB လိုက်ပ်ဇစ်က အလိုရှိနေလို့ ခေါ်ယူနိုင်ဖို့ ခက်ခဲဖွယ်ရှိနေ။

– ၃-၄-၃ ကစားကွက်ဟာ ဖလားပွဲတွေမှာသာ တစ်ပွဲတိုး အနိုင်ယူနိုင်တဲ့ ကစားကွက်မျိုးဖြစ်ပြီး တစ်ရာသီလုံး ကစားရမယ့် ပရီးမီးယားလိဂ်မှာ နည်းမှန်လမ်းမှန် ၄-၃-၃ ကစားကွက်ကသာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မယ့် နည်းစနစ်ဖြစ်လို့ ပြောင်းလဲကစားဖို့ နည်းပြ အာတီတာကို တိုနီ အက်ဒမ်စ်တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.