Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၉.၁၀.၂၀၂၀

– လက္ေရြးစင္အသင္းတာဝန္မွာ ဒဏ္ရာရသြားခဲ့တဲ့ ဂိုးသမား ေအဒူယာ မန္ဒီအေနနဲ႔ ႏွစ္ပတ္ေလာက္ နားရဖြယ္ရွိေနၿပီး အေစာဆုံး မန္ခ်က္စတာယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာမွ ျပန္ကစားႏုိင္ဖြယ္ရွိတာေၾကာင့္ ဒီၾကားထဲမွာ ဘယ္သူ ပြဲထြက္မလဲဆုိတာ ထပ္ဆုံးျဖတ္ရမယ္လို႔ လမ္းပတ္ေျပာၾကား။

– ကြင္းလယ္ ကစားသမား အန္ဂိုလို ကြန္ေတအေနနဲ႔ နည္းျပ လမ္းပတ္ရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ မပါဝင္ေတာ့တာေၾကာင့္ အသင္းမွာ ေနရတာ မေပ်ာ္ေတာ့ဘူးလို႔ သတင္းေတြ ထြက္ေနၿပီး လာမယ့္ ေႏြရာသီမွာ ခ်ဲလ္ဆီးကေန ထြက္ခြာဖို႔ ရွိေနတယ္လုိ႔ဆို။

– ၿပီးခဲ့တဲ့ ေႏြရာသီက အာဆင္နယ္၊ ဂ်ဴဗင္တပ္စ္အသင္းေတြနဲ႔ သတင္းေတြ ထြက္ခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ စာခ်ဳပ္သစ္ေပးအပ္သြားဖို႔ ရွိေနၿပီး လစာတုိးျမႇင့္ေပးသြားဖို႔လည္း ရွိေန။

– သီယာဂို ေဆးလ္ဗား ေရာက္ရွိလာျခင္းဟာ အသင္းအတြက္ အက်ဳိးမ်ားစြာ ျဖစ္ထြန္းမွာျဖစ္ၿပီး ဝါရင့္ေနာက္ခံလူဟာ အဂၤလိပ္လို မ်ားမ်ားမေျပာတတ္ေသးေပမယ့္ ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္ေတြကို ေကာင္းေကာင္းလမ္းညႊန္ေပးႏုိင္သူျဖစ္တယ္လို႔ လူငယ္ေနာက္ခံလူ တုိမိုရီ ေျပာၾကား။

– ႏွစ္ဂိုးသြင္းယူႏုိင္ခဲ့တဲ့အတြက္ ေပ်ာ္ေပမယ့္ အသင္းမႏုိင္လို႔ အျပည့္အဝ မေပ်ာ္ရဘဲ တဝက္သာ ေပ်ာ္ရတယ္လို႔ တုိက္စစ္မွဴး တီမို ဗာနာက ေျပာၾကားလုိက္ၿပီး ေပးဂိုးေတြ မ်ားေနခဲ့တဲ့ ခံစစ္သမားေတြအေနနဲ႔ အာ႐ုံစူးစိုက္ကစားဖို႔လည္း တုိက္တြန္းသြား။

– ေဆာက္သမ္တန္နဲ႔ပြဲမွာ လူစားဝင္ၿပီး သူ႕ရဲ႕ ပထမဆုံးပြဲကို စတင္ခဲ့တဲ့ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္က အသင္းေဖာ္ေတြကို တည္ၿငိမ္ရင့္က်က္ဖို႔နဲ႔ ေနာက္ဆုံးမိနစ္မွာမွ အမွတ္ေလ်ာ့တာမ်ဳိး မျဖစ္သင့္ဘူးလို႔ သတိေပး။

– ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးေပမယ့္ အေျခအေနအရ ခ်ဲလ္ဆီးတုိ႔ လွဳပ္ရွားသြားဖြယ္ရွိေနၿပီး ျပင္သစ္လီဂူးဝမ္းကလပ္ နိစ္အသင္းရဲ႕ ဘရာဇီးလ္ကြင္းလယ္လူ ဒါနီလို ဘာဘိုဆာကို ညႇိႏွဳိင္းေဆြးေႏြးဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လက်ရွေးစင်အသင်းတာဝန်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ နှစ်ပတ်လောက် နားရဖွယ်ရှိနေပြီး အစောဆုံး မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာမှ ပြန်ကစားနိုင်ဖွယ်ရှိတာကြောင့် ဒီကြားထဲမှာ ဘယ်သူ ပွဲထွက်မလဲဆိုတာ ထပ်ဆုံးဖြတ်ရမယ်လို့ လမ်းပတ်ပြောကြား။

– ကွင်းလယ် ကစားသမား အန်ဂိုလို ကွန်တေအနေနဲ့ နည်းပြ လမ်းပတ်ရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်တော့တာကြောင့် အသင်းမှာ နေရတာ မပျော်တော့ဘူးလို့ သတင်းတွေ ထွက်နေပြီး လာမယ့် နွေရာသီမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ဆို။

– ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုကို ချဲလ်ဆီးအသင်းအနေနဲ့ စာချုပ်သစ်ပေးအပ်သွားဖို့ ရှိနေပြီး လစာတိုးမြှင့်ပေးသွားဖို့လည်း ရှိနေ။

– သီယာဂို ဆေးလ်ဗား ရောက်ရှိလာခြင်းဟာ အသင်းအတွက် အကျိုးများစွာ ဖြစ်ထွန်းမှာဖြစ်ပြီး ဝါရင့်နောက်ခံလူဟာ အင်္ဂလိပ်လို များများမပြောတတ်သေးပေမယ့် လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေကို ကောင်းကောင်းလမ်းညွှန်ပေးနိုင်သူဖြစ်တယ်လို့ လူငယ်နောက်ခံလူ တိုမိုရီ ပြောကြား။

– နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ပျော်ပေမယ့် အသင်းမနိုင်လို့ အပြည့်အဝ မပျော်ရဘဲ တဝက်သာ ပျော်ရတယ်လို့ တိုက်စစ်မှူး တီမို ဗာနာက ပြောကြားလိုက်ပြီး ပေးဂိုးတွေ များနေခဲ့တဲ့ ခံစစ်သမားတွေအနေနဲ့ အာရုံစူးစိုက်ကစားဖို့လည်း တိုက်တွန်းသွား။

– ဆောက်သမ်တန်နဲ့ပွဲမှာ လူစားဝင်ပြီး သူ့ရဲ့ ပထမဆုံးပွဲကို စတင်ခဲ့တဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်က အသင်းဖော်တွေကို တည်ငြိမ်ရင့်ကျက်ဖို့နဲ့ နောက်ဆုံးမိနစ်မှာမှ အမှတ်လျော့တာမျိုး မဖြစ်သင့်ဘူးလို့ သတိပေး။

– ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ လက်မလျှော့သေးပေမယ့် အခြေအနေအရ ချဲလ်ဆီးတို့ လှုပ်ရှားသွားဖွယ်ရှိနေပြီး ပြင်သစ်လီဂူးဝမ်းကလပ် နိစ်အသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဒါနီလို ဘာဘိုဆာကို ညှိနှိုင်းဆွေးနွေးဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.