Serie A

ဂွါဒီယိုလာရဲ့ စီးတီးကြယ်ပွင့်အပေါ် ဆက်ဆံပုံကို သွယ်ဝိုက်ဝေဖန်လိုက်တဲ့ မော်ရင်ဟို

ဂျိုဆေး မော်ရင်ဟိုဟာ ပပ် ဂွါဒီယိုလာအတွက်ကျတော့ ကစားသမားဝယ်ယူတာ၊ ရောင်းချတာတွေက အရမ်းကို လွယ်ကူနေတယ်လို့ ညည်းတွားခဲ့သလို ကယ်လ်ဗင် ဖိလစ်အပေါ် ဆက်ဆံပုံကိုလည်း သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။

ဂွါဒီယိုလာက ဖိလစ်ကို ၎င်းရဲ့ အစီအစဉ်ထဲမှာ မမြင်ဘဲ ဇန်နဝါရီမှာ အင်္ဂလန်ကြယ်ပွင့်အနေနဲ့ အသင်းကို စွန့်ခွာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး မန်စီးတီးကွင်းလယ်လူဟာ လွန်ခဲ့တဲ့ ၁၈ လကမှ လိဒ်စ်ယူနိုက်တက်ကနေ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ဒီကာလအတွင်း အသင်းရဲ့ ချောင်ထိုးထားခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညက အရေးမပါတော့တဲ့ပွဲစဉ်အဖြစ် ရက်ဒ်စတား ဘဲလ်ဂရိတ်နဲ့ပွဲမှာ ဒီရာသီ ဒုတိယမြောက်ပွဲစဉ်အဖြစ် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ရာမှာ အသ်ငးအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ရိုဒရီဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ခံခဲ့ရပြီး စပိန်ကွင်းလယ်ကြယ်ပွင့် ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့အချိန်မှာတောင် ပွဲထွက်ကစားခွင့်မရခဲ့တာကြောင့် ဘာကြောင့်များ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူခဲ့တာလဲလို့ အများစုက မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကလည်း အဲဒီ ဇန်နဝါရီလတုန်းက ကယ်လ်ဗင် ဖိလစ်ကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်ခဲ့တာဖြစ်ပြီး ရိုးမားမှာ အများကြီး ပိုမိုသေးငယ်တဲ့ဘတ်ဂျက်နဲ့ အလုပ်လုပ်နေရတဲ့ ဂွါဒီယိုလာရဲ့ ပြိုင်ဘက်ဟောင်း မော်ရင်ဟိုအတွက်တော့ ဒီအခြေအနေက အမြင်ကတ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

“ဒီမှာ ကျွန်တော် မနာလိုဖြစ်တာမဟုတ်ဘူးနော်။ ဒါပေမယ့် ဥပမာ မန်စီးတီးက ဖိလစ်အတွက် ပေါင်သန်း ၈၀ ပေးခဲ့တယ်။ အခု ဇန်နဝါရီလမှာ ပပ်က သူ့ကို ရောင်းထုတ်ပြီး နောက်ထပ်ကွင်းလယ်ကစားသမားဝယ်မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ မတူညီတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျွန်တော်လည်း ကစားသမား ၁ ယောက်၊ ၂ ယောက်၊ ၃၊ ၄ ယောက်လောက် လိုချင်တယ်။ ရိုးမား အားကစားဒါရိုက်တာ တီယာဂို ပင်တိုနဲ့ ပိုင်ရှင်တွေလည်း ကစားသမားသစ်တွေလိုချင်တာပဲ။ ကျွန်တာ်တို့အားလုံး အသင်းကို ဒုတိယရာသီဝက်အတွက် ပိုအားကောင်းလာအောင် တိုးတက်မှုတွေ ရှိလာအောင် ကြိုးစားချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာကျတော့ အဲဒါကို လုပ်ဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ရိုးမားနည်းပြဖြစ်ခဲ့တဲ့အချိန်ကနေ ယနေ့အချိန်အထိ ပေါင်၁၂၆ သန်းသာ ကစားသမားသစ်ခေါ်ယူမှုအတွက် အသုံးပြုခဲ့ရပြီး အပြောင်းအရွှေ့တွေမှာ အကျိုးအမြတ် အနည်းငယ် ရရှိခဲ့တာဖြစ်ပါတယ်။ တူညီတဲ့အချိန်ကာလအတွင်းမှာပဲ ဂွါဒီယိုလာကတော့ ပေါင်သန်း ၄၆၀ အထိ အသုံးပြုခဲ့ရာမှာ ၁၄၂ သန်းအထိ နစ်နာဆုံးရှုံးမှုရှိခဲ့ပြီး ဖိလစ်အတွက် ဇန်နဝါရီမှာ အစားထိုးခေါ်ယူမှုပြုလုပ်မယ်ဆိုရင် အဲဒီ ဆုံးရှုံးမှုက ပိုမိုမြင့်တက်လာဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ိဳေဆး ေမာ္ရင္ဟိုဟာ ပပ္ ဂြါဒီယိုလာအတြက္က်ေတာ့ ကစားသမားဝယ္ယူတာ၊ ေရာင္းခ်တာေတြက အရမ္းကို လြယ္ကူေနတယ္လို႔ ညည္းတြားခဲ့သလို ကယ္လ္ဗင္ ဖိလစ္အေပၚ ဆက္ဆံပုံကိုလည္း သြယ္ဝိုက္ေဝဖန္ခဲ့ပါတယ္။

ဂြါဒီယိုလာက ဖိလစ္ကို ၎ရဲ႕ အစီအစဥ္ထဲမွာ မျမင္ဘဲ ဇန္နဝါရီမွာ အဂၤလန္ၾကယ္ပြင့္အေနနဲ႔ အသင္းကို စြန႔္ခြာႏိုင္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး မန္စီးတီးကြင္းလယ္လူဟာ လြန္ခဲ့တဲ့ ၁၈ လကမွ လိဒ္စ္ယူႏိုက္တက္ကေန ေပါင္ ၄၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္လူဟာ ဒီကာလအတြင္း အသင္းရဲ႕ ေခ်ာင္ထိုးထားျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဗုဒၶဟူးေန႔ညက အေရးမပါေတာ့တဲ့ပြဲစဥ္အျဖစ္ ရက္ဒ္စတား ဘဲလ္ဂရိတ္နဲ႔ပြဲမွာ ဒီရာသီ ဒုတိယေျမာက္ပြဲစဥ္အျဖစ္ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့ရာမွာ အသ္ငးအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ႐ိုဒရီဆီကေန ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈကို ခံခဲ့ရၿပီး စပိန္ကြင္းလယ္ၾကယ္ပြင့္ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိတဲ့အခ်ိန္မွာေတာင္ ပြဲထြက္ကစားခြင့္မရခဲ့တာေၾကာင့္ ဘာေၾကာင့္မ်ား လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ကို ေခၚယူခဲ့တာလဲလို႔ အမ်ားစုက ေမးခြန္းထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ကလည္း အဲဒီ ဇန္နဝါရီလတုန္းက ကယ္လ္ဗင္ ဖိလစ္ကို ေခၚယူခ်င္တဲ့အသင္းေတြထဲမွာ အပါအဝင္ျဖစ္ခဲ့တာျဖစ္ၿပီး ႐ိုးမားမွာ အမ်ားႀကီး ပိုမိုေသးငယ္တဲ့ဘတ္ဂ်က္နဲ႔ အလုပ္လုပ္ေနရတဲ့ ဂြါဒီယိုလာရဲ႕ ၿပိဳင္ဘက္ေဟာင္း ေမာ္ရင္ဟိုအတြက္ေတာ့ ဒီအေျခအေနက အျမင္ကတ္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

“ဒီမွာ ကြၽန္ေတာ္ မနာလိုျဖစ္တာမဟုတ္ဘူးေနာ္။ ဒါေပမယ့္ ဥပမာ မန္စီးတီးက ဖိလစ္အတြက္ ေပါင္သန္း ၈၀ ေပးခဲ့တယ္။ အခု ဇန္နဝါရီလမွာ ပပ္က သူ႔ကို ေရာင္းထုတ္ၿပီး ေနာက္ထပ္ကြင္းလယ္ကစားသမားဝယ္မယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ မတူညီတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ကြၽန္ေတာ္လည္း ကစားသမား ၁ ေယာက္၊ ၂ ေယာက္၊ ၃၊ ၄ ေယာက္ေလာက္ လိုခ်င္တယ္။ ႐ိုးမား အားကစားဒါ႐ိုက္တာ တီယာဂို ပင္တိုနဲ႔ ပိုင္ရွင္ေတြလည္း ကစားသမားသစ္ေတြလိုခ်င္တာပဲ။ ကြၽန္တာ္တို႔အားလုံး အသင္းကို ဒုတိယရာသီဝက္အတြက္ ပိုအားေကာင္းလာေအာင္ တိုးတက္မႈေတြ ရွိလာေအာင္ ႀကိဳးစားခ်င္ၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာက်ေတာ့ အဲဒါကို လုပ္ဖို႔အတြက္ အခက္အခဲေတြ ရွိေနပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ႐ိုးမားနည္းျပျဖစ္ခဲ့တဲ့အခ်ိန္ကေန ယေန႔အခ်ိန္အထိ ေပါင္၁၂၆ သန္းသာ ကစားသမားသစ္ေခၚယူမႈအတြက္ အသုံးျပဳခဲ့ရၿပီး အေျပာင္းအေ႐ႊ႕ေတြမွာ အက်ိဳးအျမတ္ အနည္းငယ္ ရရွိခဲ့တာျဖစ္ပါတယ္။ တူညီတဲ့အခ်ိန္ကာလအတြင္းမွာပဲ ဂြါဒီယိုလာကေတာ့ ေပါင္သန္း ၄၆၀ အထိ အသုံးျပဳခဲ့ရာမွာ ၁၄၂ သန္းအထိ နစ္နာဆုံးရႈံးမႈရွိခဲ့ၿပီး ဖိလစ္အတြက္ ဇန္နဝါရီမွာ အစားထိုးေခၚယူမႈျပဳလုပ္မယ္ဆိုရင္ အဲဒီ ဆုံးရႈံးမႈက ပိုမိုျမင့္တက္လာဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.