Bundesliga Match Report Premier League UCL&UEL

နလံမထူတဲ့ မန်ယူကို ချန်ပီယံလိဂ်အုပ်စုက ပြုတ်စေဖို့ ကူညီပေးသွားခဲ့တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ အူပါမီကာနို၊ ဂင်မင်းဂျယ်၊ မာဇရာဝီနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂေါ်ရက်ဇ်ကာ၊ ကင်းမစ်ချ်နဲ့ မူစီယာလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကိုမွန်၊ ဆာနေးနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အုပ်စုကနေ ပြုတ်လုတည်းတည်း အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ မက်ဂွိုင်းယား၊ ဒါလော့နဲ့ လုခ် ရှောတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပြီးခဲ့တဲ့ပွဲမှာ ဖရန့်ဖတ်ကို ဂိုးပြတ်ရှုံးထားလို့ သိက္ခာဆည်ရမယ့် ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ရဲ့ ကစားကွက်က အကောင်းကြီး မဟုတ်ခဲ့ပေမယ့် တည်ငြိမ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ မန်စီးတီးဟောင်း ဆာနေးတစ်ယောက် ဆံပင်တွေ ကျစ်ပြီး နှုတ်ခမ်းမွေးတွေ ထားနေပေမယ့် ဆရာကြီးဖြစ်ဖို့ထက် ပဲများလွန်းတဲ့ ကလေးကစားဟန်နဲ့ပဲ တူနေတာကြောင့် တောင်ပံတိုက်စစ်တွေ နှောင့်နှေးကုန်ခဲ့ပါတယ်။

ဂါနာချိုနဲ့ အန်တိုနီတို့ရဲ့ တောင်ပံတွေကတော့ စပေ့စ်ပေးလိုက်ရင် ဘာဖြစ်မလဲဆိုတာကို ကောင်းကောင်းသိထားတဲ့ ပရီးမီးယားလိဂ် နည်းပြဟောင်း တူဟယ်လ်ရဲ့ သတိကြီးကြီး ပိတ်ဆို့မှုတွေမှာ အလုပ်မဖြစ်ခဲ့သလို ဒီနေ့ပွဲမှာ မန်ယူတို့ ဂိုးလိုချင်ပေမယ့် မရဘဲဖြစ်နေခဲ့ပြီး ဘိုင်ယန်ကတော့ ခံစစ်မှာ စိတ်ချရအောင် လုပ်ပြီးမှ တိုက်စစ်ကို သွားတာကြောင့် ရင်ခုန်စရာ သိပ်မကောင်းဘဲဖြစ်နေခဲ့ရတာပါ။

ဟာရီကိန်းကို အကြောင်းသိ မက်ဂွိုင်းယားက ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၄၀ မှာတော့ ဒဏ်ရာရပြီး အီဗန်စ်နဲ့ လဲခဲ့ရတာကြောင့် အိမ်ရှင်ပရိသတ်တွေ အားလျော့ခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြသလို ဒုတိယပိုင်းအစမှာတော့ မာဇရာဝီအစား လိုင်မာကို ထည့်ပြီး ဘိုင်ယန်တို့ တိုက်စစ်မြှင့်ခဲ့ချိန်မှာ မန်ယူတို့ကတော့ လုခ် ရှောပါ ထပ်နာသွားလို့ ဝန်ဘစ်ဆာကာကို ထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။

နှစ်သင်းစလုံး အခွင့်အရေးတွေကို ဖန်တီးနေခဲ့ကြပေမယ့် လွဲချော်နေခဲ့ကြတဲ့ကြားမှာ တစ်ချိန်တည်း ကစားနေခဲ့တဲ့ ပွဲမှာ ကိုပင်ဟေဂင်က ဂါလာတာစာရိုင်းကို တစ်ဂိုးသွင်းသွားခဲ့လို့ အော်တိုမက်တစ် အဆင့် ၄ ရောက်သွားတဲ့ မန်ယူတို့ ပိုပြီး ဖိအားများသွားခဲ့ချိန်မှာ ဘိုင်ယန်တို့ကတော့ ဒဏ်ရာ အနည်းငယ်ရှိနေတဲ့ မူစီယာလာအစား မူလာကို ထပ်ထည့်ပြီး တိုက်စစ်ဆင်လာခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဘိုင်ယန်တို့က အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုမွန်ရဲ့ တစ်ကိုယ်တော် လိမ်ခေါက်မှုကနေ ဂေါ်ရက်ဇ်ကာ ပြန်ရပြီး ဟာရီကိန်းကို ပေးရာမှာ အင်္ဂလန်ကပ္ပတိန်က ဧရိယာထဲကို တစ်ချက်ထိနဲ့ ချပေးခဲ့တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကနေ လွတ်ထွက်သွားခဲ့တဲ့ ကိုမွန်ကပဲ ဂိုးသမား အိုနာနာနဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က ဂါနာချို၊ အန်တိုနီနဲ့ ဗာရွန်းတို့အစား ဟန်နီဘယ်လ်၊ ပယ်လစ္စထရီနဲ့ မိုင်နူးတို့ကို သွင်းပြီး ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို တူဟယ်လ်ကတော့ အထိအခိုက်များလို့ ကစားအားကျနေတဲ့ ကိုမွန်ကို ဟာရီကိန်းနဲ့အတူ တစ်ပြိုင်တည်း လဲရမယ့်အစား တဲလ်တစ်ဦးတည်းကို ထည့်သွင်းခဲ့တာကြောင့် မပါးနပ်မှုကို တွေ့မြင်ခဲ့ရပြီး လက်ကျန်ပွဲချိန်တွေမှာ ရုန်းကန်ခဲ့ရစေတာပါ။

ပွဲချိန်အပြည့်မှာတော့ အရေးကြီးချိန်မှာ ဘာမှ မလုပ်တတ်ခဲ့တဲ့ မန်ယူတို့ ယူရိုပါလိဂ်တောင် မရလိုက်ဘဲ အုပ်စုအောက်ဆုံးကနေ ဘိုင်ယန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး ပြုတ်သွားခဲ့ရသလို ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို ရှုံးထားတာနဲ့ပေါင်းရင် တန်ဟတ်ကို အချိန်ပေးဖို့ မထိုက်တန်တော့ဘူးလို့ ဆိုနိုင်ပြီလည်းဖြစ်လို့ နည်းပြ အပြောင်းအလဲကိုပါ မြင်ရတော့မလားလို့ တွေးစရာလည်းဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ အူပါမီကာႏို၊ ဂင္မင္းဂ်ယ္၊ မာဇရာဝီနဲ႔ အယ္လ္ဖြန္ဆို ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂၚရက္ဇ္ကာ၊ ကင္းမစ္ခ်္နဲ႔ မူစီယာလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကိုမြန္၊ ဆာေနးနဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အုပ္စုကေန ျပဳတ္လုတည္းတည္း အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ မက္ဂြိဳင္းယား၊ ဒါေလာ့နဲ႔ လုခ္ ေရွာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အမ္မရာဘတ္၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ၿပီးခဲ့တဲ့ပြဲမွာ ဖရန႔္ဖတ္ကို ဂိုးျပတ္ရႈံးထားလို႔ သိကၡာဆည္ရမယ့္ ဘိုင္ယန္ျမဴးနစ္နည္းျပ တူဟယ္လ္ရဲ႕ ကစားကြက္က အေကာင္းႀကီး မဟုတ္ခဲ့ေပမယ့္ တည္ၿငိမ္ခဲ့ၿပီး တိုက္စစ္ပိုင္းမွာေတာ့ မန္စီးတီးေဟာင္း ဆာေနးတစ္ေယာက္ ဆံပင္ေတြ က်စ္ၿပီး ႏႈတ္ခမ္းေမြးေတြ ထားေနေပမယ့္ ဆရာႀကီးျဖစ္ဖို႔ထက္ ပဲမ်ားလြန္းတဲ့ ကေလးကစားဟန္နဲ႔ပဲ တူေနတာေၾကာင့္ ေတာင္ပံတိုက္စစ္ေတြ ေႏွာင့္ေႏွးကုန္ခဲ့ပါတယ္။

ဂါနာခ်ိဳနဲ႔ အန္တိုနီတို႔ရဲ႕ ေတာင္ပံေတြကေတာ့ စေပ့စ္ေပးလိုက္ရင္ ဘာျဖစ္မလဲဆိုတာကို ေကာင္းေကာင္းသိထားတဲ့ ပရီးမီးယားလိဂ္ နည္းျပေဟာင္း တူဟယ္လ္ရဲ႕ သတိႀကီးႀကီး ပိတ္ဆို႔မႈေတြမွာ အလုပ္မျဖစ္ခဲ့သလို ဒီေန႔ပြဲမွာ မန္ယူတို႔ ဂိုးလိုခ်င္ေပမယ့္ မရဘဲျဖစ္ေနခဲ့ၿပီး ဘိုင္ယန္ကေတာ့ ခံစစ္မွာ စိတ္ခ်ရေအာင္ လုပ္ၿပီးမွ တိုက္စစ္ကို သြားတာေၾကာင့္ ရင္ခုန္စရာ သိပ္မေကာင္းဘဲျဖစ္ေနခဲ့ရတာပါ။

ဟာရီကိန္းကို အေၾကာင္းသိ မက္ဂြိဳင္းယားက ထိန္းခ်ဳပ္ထားႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ဒဏ္ရာရၿပီး အီဗန္စ္နဲ႔ လဲခဲ့ရတာေၾကာင့္ အိမ္ရွင္ပရိသတ္ေတြ အားေလ်ာ့ခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကသလို ဒုတိယပိုင္းအစမွာေတာ့ မာဇရာဝီအစား လိုင္မာကို ထည့္ၿပီး ဘိုင္ယန္တို႔ တိုက္စစ္ျမႇင့္ခဲ့ခ်ိန္မွာ မန္ယူတို႔ကေတာ့ လုခ္ ေရွာပါ ထပ္နာသြားလို႔ ဝန္ဘစ္ဆာကာကို ထည့္သြင္းခဲ့ရတာျဖစ္ပါတယ္။

ႏွစ္သင္းစလုံး အခြင့္အေရးေတြကို ဖန္တီးေနခဲ့ၾကေပမယ့္ လြဲေခ်ာ္ေနခဲ့ၾကတဲ့ၾကားမွာ တစ္ခ်ိန္တည္း ကစားေနခဲ့တဲ့ ပြဲမွာ ကိုပင္ေဟဂင္က ဂါလာတာစာ႐ိုင္းကို တစ္ဂိုးသြင္းသြားခဲ့လို႔ ေအာ္တိုမက္တစ္ အဆင့္ ၄ ေရာက္သြားတဲ့ မန္ယူတို႔ ပိုၿပီး ဖိအားမ်ားသြားခဲ့ခ်ိန္မွာ ဘိုင္ယန္တို႔ကေတာ့ ဒဏ္ရာ အနည္းငယ္ရွိေနတဲ့ မူစီယာလာအစား မူလာကို ထပ္ထည့္ၿပီး တိုက္စစ္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဘိုင္ယန္တို႔က အဖြင့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကိုမြန္ရဲ႕ တစ္ကိုယ္ေတာ္ လိမ္ေခါက္မႈကေန ေဂၚရက္ဇ္ကာ ျပန္ရၿပီး ဟာရီကိန္းကို ေပးရာမွာ အဂၤလန္ကပၸတိန္က ဧရိယာထဲကို တစ္ခ်က္ထိနဲ႔ ခ်ေပးခဲ့တဲ့ ေဘာလုံးကို လူကြၽံေထာင္ေခ်ာက္ကေန လြတ္ထြက္သြားခဲ့တဲ့ ကိုမြန္ကပဲ ဂိုးသမား အိုနာနာနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ မန္ယူတို႔ဘက္က ဂါနာခ်ိဳ၊ အန္တိုနီနဲ႔ ဗာ႐ြန္းတို႔အစား ဟန္နီဘယ္လ္၊ ပယ္လစၥထရီနဲ႔ မိုင္ႏူးတို႔ကို သြင္းၿပီး ဖိကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို တူဟယ္လ္ကေတာ့ အထိအခိုက္မ်ားလို႔ ကစားအားက်ေနတဲ့ ကိုမြန္ကို ဟာရီကိန္းနဲ႔အတူ တစ္ၿပိဳင္တည္း လဲရမယ့္အစား တဲလ္တစ္ဦးတည္းကို ထည့္သြင္းခဲ့တာေၾကာင့္ မပါးနပ္မႈကို ေတြ႕ျမင္ခဲ့ရၿပီး လက္က်န္ပြဲခ်ိန္ေတြမွာ ႐ုန္းကန္ခဲ့ရေစတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အေရးႀကီးခ်ိန္မွာ ဘာမွ မလုပ္တတ္ခဲ့တဲ့ မန္ယူတို႔ ယူ႐ိုပါလိဂ္ေတာင္ မရလိုက္ဘဲ အုပ္စုေအာက္ဆုံးကေန ဘိုင္ယန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးၿပီး ျပဳတ္သြားခဲ့ရသလို ပရီးမီးယားလိဂ္မွာ ဘုန္းေမာက္ကို ရႈံးထားတာနဲ႔ေပါင္းရင္ တန္ဟတ္ကို အခ်ိန္ေပးဖို႔ မထိုက္တန္ေတာ့ဘူးလို႔ ဆိုႏိုင္ၿပီလည္းျဖစ္လို႔ နည္းျပ အေျပာင္းအလဲကိုပါ ျမင္ရေတာ့မလားလို႔ ေတြးစရာလည္းျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.