Premier League

စတမ်းဖို့ဒ် ဘရစ်ချ်ကို မရောက်ခင် မြှားကုန်နေတဲ့အခြေအနေဆိုက်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ ချဲလ်ဆီးနဲ့ ကစားရမယ့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ နောက်ထပ်ကစားသမား ၂ ဦးအထိ ဆုံးရှုံးခဲ့ရပုံပေါ်ပါတယ်။

ငှက်ကျားတွေဟာ စနေနေ့ညနေက စိန့်ဂျိမ်းစ်ပါ့ခ်မှာ တစ်ယောက်လျော့ ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂါနေ့ညမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ကာရာဘောင်းဖလားပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရာအူးလ် ဟီမီနက်ဇ် ထုတ်ပယ်ခံခဲ့ရပြီးနောက် ဒုတိယပိုင်းမှာ လူးဝစ္စ မိုင်လီ၊ မီဂယ် အယ်လ်မီရွန်၊ ဒန် ဘန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ရှင်ငှက်ကျားတွေဟာ အနိုင် ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်ဒီဟောင်းရဲ့အသင်းဟာ ဒဏ်ရာပြဿနာတွေ ဆိုးရွားနေတဲ့အထဲ ဖူလ်ဟမ်နဲ့ပွဲ ပထမပိုင်းမှာ နောက်ခံလူ ဖေဘီယန် ရှားနဲ့ ကွင်းလယ်လူ ဂျိုလင်တန်တို့ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတဲ့အတွက် နောက်ထပ်ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဖေဘီယံ ရှားဟာ အခုအချိန်အထိ နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဘရာဇီးလ်တောင်ပံကစားသမားကလည်း အက်ဒီ ဟောင်းရဲ့အသင်းမှာ အဓိကကျတဲ့ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် ဖူလ်ဟမ်နဲ့ပွဲမကန်ခင်မှာ အလက်ဇန်းဒါး အီဆက်ခ် ပေါင်ခြံဒဏ်ရာရရှိခဲ့လို့ ပွဲနေ့လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဖေဘီယံ ရှားနဲ့ ဂျိုလင်တန်တို့ရဲ့ ကြံ့ခိုင်မှုအကြောင်း ပွဲအပြီးမှာ အက်ဒီဟောင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ပြောဖို့ ခက်ခဲပါတယ်။ သူတို့တွေကြည့်ရတာ အရမ်းတော့ မဆိုးပါဘူး။ ဒါပေမယ့် သူတို့တွေကို လူစားတော့ မလဲလို့မရခဲ့ပါဘူး။ အဲဒီတော့ အချိန်တိုတစ်ခုလောက်အထိတော့ ကောင်းမယ့်ပုံမပေါ်ပါဘူး။ ဖေဘီက ကြွက်သားပြဿနာလို့ထင်တယ်။ တံကောက်ကြောမဟုတ်လောက်ပါဘူး။ ဂျိုဝီကတော့ တံကောက်ကြောဖြစ်နိုင်တယ်။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ကစားသမား ၂ ဦးပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္ဟာ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္ခင္ ရက္ပိုင္းအလိုမွာ ေနာက္ထပ္ကစားသမား ၂ ဦးအထိ ဆုံးရႈံးခဲ့ရပုံေပၚပါတယ္။

ငွက္က်ားေတြဟာ စေနေန႔ညေနက စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ တစ္ေယာက္ေလ်ာ့ ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အဂၤါေန႔ညမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ရာအူးလ္ ဟီမီနက္ဇ္ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဒုတိယပိုင္းမွာ လူးဝစၥ မိုင္လီ၊ မီဂယ္ အယ္လ္မီ႐ြန္၊ ဒန္ ဘန္းတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အိမ္ရွင္ငွက္က်ားေတြဟာ အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၆ ေနရာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အက္ဒီေဟာင္းရဲ႕အသင္းဟာ ဒဏ္ရာျပႆနာေတြ ဆိုး႐ြားေနတဲ့အထဲ ဖူလ္ဟမ္နဲ႔ပြဲ ပထမပိုင္းမွာ ေနာက္ခံလူ ေဖဘီယန္ ရွားနဲ႔ ကြင္းလယ္လူ ဂ်ိဳလင္တန္တို႔ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခဲ့ရတဲ့အတြက္ ေနာက္ထပ္ႀကီးမားတဲ့ ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ေဖဘီယံ ရွားဟာ အခုအခ်ိန္အထိ နယူးကာဆယ္ရဲ႕ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္တိုင္းမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ဘရာဇီးလ္ေတာင္ပံကစားသမားကလည္း အက္ဒီ ေဟာင္းရဲ႕အသင္းမွာ အဓိကက်တဲ့ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီအျပင္ ဖူလ္ဟမ္နဲ႔ပြဲမကန္ခင္မွာ အလက္ဇန္းဒါး အီဆက္ခ္ ေပါင္ၿခံဒဏ္ရာရရွိခဲ့လို႔ ပြဲေန႔လူစာရင္းထဲကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီး ေဖဘီယံ ရွားနဲ႔ ဂ်ိဳလင္တန္တို႔ရဲ႕ ႀကံ့ခိုင္မႈအေၾကာင္း ပြဲအၿပီးမွာ အက္ဒီေဟာင္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

“ေျပာဖို႔ ခက္ခဲပါတယ္။ သူတို႔ေတြၾကည့္ရတာ အရမ္းေတာ့ မဆိုးပါဘူး။ ဒါေပမယ့္ သူတို႔ေတြကို လူစားေတာ့ မလဲလို႔မရခဲ့ပါဘူး။ အဲဒီေတာ့ အခ်ိန္တိုတစ္ခုေလာက္အထိေတာ့ ေကာင္းမယ့္ပုံမေပၚပါဘူး။ ေဖဘီက ႂကြက္သားျပႆနာလို႔ထင္တယ္။ တံေကာက္ေၾကာမဟုတ္ေလာက္ပါဘူး။ ဂ်ိဳဝီကေတာ့ တံေကာက္ေၾကာျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ကစားသမား ၂ ဦးပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.