Premier League

ဂန်းနားကြယ်ပွင့်တောင်းပန်ရတဲ့အထိ လုပ်ပြခဲ့တယ်ဆိုတဲ့ ဘာကလေ

လူတန်တောင်း ကွင်းလယ်ကြယ်ပွင့် ရော့စ် ဘာကလေက ယခုလအစောပိုင်းတုန်းက မာတင် အော်ဒီဂွါဒ်ဆီကိုပဲ ပြေးလွှားခဲ့တာကြောင့် အာဆင်နယ်အသင်းခေါင်းဆောင်က ငါ့ဆီ ပြေးလာတာကို ရပ်လိုက်ပါတော့လို့ တောင်းပန်ခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုလအစောပိုင်းတုန်းက ကန်းနေးလ်ဝေ့ါသ်ရုဒ်မှာ နောက်ကျ အနိုင်ဂိုးကြောင့် ၄-၃ နဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပေမယ့်လည်း အိမ်ရှင်တွေရဲ့ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကြောင့် စိုးရိမ်ခဲ့ရတာ ဖြစ်ပါတယ်။

၂ ကြိမ်အထိ ချေပဂိုး ပေးခဲ့ရပြီးနောက် ဘာကလေဟာ လူတန်ကို ၅၇ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း ကိုင် ဟာဗတ်ဇ်က ၆ မိနစ်အကြာမှာပဲ ပြန်လည်ချေပခဲ့ပြီး ဒီကလန် ရိုက်က နာကျင်အချိန်ပိုမှာ အနိုင် ၃ မှတ်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာကလေဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာတဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်အတွက် ပြဿနာအများအပြား ပေးနိုင်ခဲ့သလို နောက်ထပ်ရက်အနည်းငယ်အကြာမှာ မန်စီးတီးကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အားကောင်းတဲ့ စွမ်းဆောင်ရည် ထပ်မံပြသခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းက ၎င်းရဲ့ တိုက်ရိုက်ပြေးလွှားမှုက ဘယ်လောက်တောင် ခြိမ်းခြောက်မှုဖြစ်လဲဆိုရင် အော်ဒီဂွါဒ်ကတောင် အနားပေးဖို့ တောင်းပန်ခဲ့ရတဲ့အထိဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဘာကလေက အာဆင်နယ်အသင်းခေါင်းဆောင်ကို အဓိကပစ်မှတ်ထားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“အော်ဒီဂွါဒ်က မင်း ငါ့ဆီကို ဘောလုံးနဲ့ ပြေးလာတာကို ရပ်ရမယ်လို့ ပြောခဲ့တယ်။ ဒီကလန် ရိုက်က ရုပ်ပိုင်းဆိုင်ရာ အားကောင်းတယ်။ အော်ဒီဂွါဒ်က ရုပ်ပိုင်းဆိုင်ရာ နည်းနည်းပိုအားနည်းပေမယ့် ဘောလုံးမှာတော့ ကမ္ဘာ့အဆင့်ပဲ။ ကျွန်တော် ဘောလုံးရတဲ့အချိန်မှာ သူ့ဆီကနေ ဘောလုံးနဲ့ ထွက်သွားလို့ရနိုင်တယ်ဆိုတာ သိခဲ့တယ်။ အသင်းတွေက လူတန်က ပိုပြီး တိုက်ရိုက်ဂိုးပေါက်ခြိမ်းခြောက်တဲ့ပုံစံ ကစားကြမယ်လို့ မျှော်လင့်ထားကြတယ်။ ကျွန်တော်ကတော့ ကွင်းလယ်မှာ တည်ငြိမ်မှု ယူဆောင်လာနိုင်ဖို့ အခြားကစားသမားအနည်းငယ် ဝင်လာပြီး တခြားကစားသမားတွေကို ဘောလုံးကိုင်ချိန် ပိုပေးနိုင်အောင် ကြိုးစားပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

စုစုပေါင်း ဘာကလေဟာ အော်ဒီဂွါဒ်ကို ၄ ကြိမ်အထိ လိမ်ခေါက်ဖြတ်ကျော်နိုင်ခဲ့ပြီး လူတန်အတွက် ပွဲကို သတ်မှတ်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူတန္ေတာင္း ကြင္းလယ္ၾကယ္ပြင့္ ေရာ့စ္ ဘာကေလက ယခုလအေစာပိုင္းတုန္းက မာတင္ ေအာ္ဒီဂြါဒ္ဆီကိုပဲ ေျပးလႊားခဲ့တာေၾကာင့္ အာဆင္နယ္အသင္းေခါင္းေဆာင္က ငါ့ဆီ ေျပးလာတာကို ရပ္လိုက္ပါေတာ့လို႔ ေတာင္းပန္ခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုလအေစာပိုင္းတုန္းက ကန္းေနးလ္ေဝ့ါသ္႐ုဒ္မွာ ေနာက္က် အႏိုင္ဂိုးေၾကာင့္ ၄-၃ နဲ႔ စိတ္လႈပ္ရွားဖြယ္ ႏိုင္ပြဲရရွိသြားခဲ့တာျဖစ္ေပမယ့္လည္း အိမ္ရွင္ေတြရဲ႕ အႏိုင္မခံ အရႈံးမေပးစိတ္ဓာတ္ေၾကာင့္ စိုးရိမ္ခဲ့ရတာ ျဖစ္ပါတယ္။

၂ ႀကိမ္အထိ ေခ်ပဂိုး ေပးခဲ့ရၿပီးေနာက္ ဘာကေလဟာ လူတန္ကို ၅၇ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း ကိုင္ ဟာဗတ္ဇ္က ၆ မိနစ္အၾကာမွာပဲ ျပန္လည္ေခ်ပခဲ့ၿပီး ဒီကလန္ ႐ိုက္က နာက်င္အခ်ိန္ပိုမွာ အႏိုင္ ၃ မွတ္ရရွိေစမယ့္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘာကေလဟာ ပရီးမီးယားလိဂ္ကို ျပန္လည္ေရာက္ရွိလာၿပီးကတည္းက ေျခစြမ္းပိုင္း ျပန္လည္ေကာင္းမြန္လာတဲ့ ကစားသမားျဖစ္ၿပီး အာဆင္နယ္အတြက္ ျပႆနာအမ်ားအျပား ေပးႏိုင္ခဲ့သလို ေနာက္ထပ္ရက္အနည္းငယ္အၾကာမွာ မန္စီးတီးကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာလည္း အားေကာင္းတဲ့ စြမ္းေဆာင္ရည္ ထပ္မံျပသခဲ့တာျဖစ္ပါတယ္။

အဲဗာတန္နဲ႔ ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္းက ၎ရဲ႕ တိုက္႐ိုက္ေျပးလႊားမႈက ဘယ္ေလာက္ေတာင္ ၿခိမ္းေျခာက္မႈျဖစ္လဲဆိုရင္ ေအာ္ဒီဂြါဒ္ကေတာင္ အနားေပးဖို႔ ေတာင္းပန္ခဲ့ရတဲ့အထိျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ဘာကေလက အာဆင္နယ္အသင္းေခါင္းေဆာင္ကို အဓိကပစ္မွတ္ထားခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။

“ေအာ္ဒီဂြါဒ္က မင္း ငါ့ဆီကို ေဘာလုံးနဲ႔ ေျပးလာတာကို ရပ္ရမယ္လို႔ ေျပာခဲ့တယ္။ ဒီကလန္ ႐ိုက္က ႐ုပ္ပိုင္းဆိုင္ရာ အားေကာင္းတယ္။ ေအာ္ဒီဂြါဒ္က ႐ုပ္ပိုင္းဆိုင္ရာ နည္းနည္းပိုအားနည္းေပမယ့္ ေဘာလုံးမွာေတာ့ ကမာၻ႔အဆင့္ပဲ။ ကြၽန္ေတာ္ ေဘာလုံးရတဲ့အခ်ိန္မွာ သူ႔ဆီကေန ေဘာလုံးနဲ႔ ထြက္သြားလို႔ရႏိုင္တယ္ဆိုတာ သိခဲ့တယ္။ အသင္းေတြက လူတန္က ပိုၿပီး တိုက္႐ိုက္ဂိုးေပါက္ၿခိမ္းေျခာက္တဲ့ပုံစံ ကစားၾကမယ္လို႔ ေမွ်ာ္လင့္ထားၾကတယ္။ ကြၽန္ေတာ္ကေတာ့ ကြင္းလယ္မွာ တည္ၿငိမ္မႈ ယူေဆာင္လာႏိုင္ဖို႔ အျခားကစားသမားအနည္းငယ္ ဝင္လာၿပီး တျခားကစားသမားေတြကို ေဘာလုံးကိုင္ခ်ိန္ ပိုေပးႏိုင္ေအာင္ ႀကိဳးစားပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

စုစုေပါင္း ဘာကေလဟာ ေအာ္ဒီဂြါဒ္ကို ၄ ႀကိမ္အထိ လိမ္ေခါက္ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီး လူတန္အတြက္ ပြဲကို သတ္မွတ္ေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.