Match Report Premier League

ရေမပေါ်နိုင်တဲ့ ကျောက်ခဲကိုမှ မျိုမိပြီး မထွေးမအန်နိုင် သရေကျခဲ့တဲ့ လိပ်ပုလေး

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဆီမီကတ်စ်တို့ကို ပွဲထုတ်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ဂရာဗင်ဘာ့ချ်နဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်ဇ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ အီဗန်စ်၊ ဗာရွန်း၊ ဒါလော့နဲ့ လုခ် ရှောတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ မိုင်နူး၊ အမ်မရာဘတ်နဲ့ မက်တော်မီနေးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲမတိုင်ခင်မှာ မန်ယူတို့ကတော့ ရေမပေါ်နိုင်တဲ့ ကျောက်ခဲအဖြစ် ခန့်မှန်းသတ်မှတ်ခံထားခဲ့ရပြီး တကယ်တမ်း ကစားချိန်မှာလည်း ခံစစ်ကိုပဲ အားပြုသွားခဲ့သလို ညာတောင်ပံက အန်တိုနီအနေနဲ့ First Right Back အဖြစ် တာဝန်ကျေခဲ့တာကို တွေ့ရချိန်မှာ ဘယ်ခြမ်းက ဂါနာချိုကတော့ နုလွန်းပြီး ဗျူဟာမြောက် မကစားနိုင်တာကြောင့် လီဗာပူးလ်တို့အနေနဲ့ သူ့အခြမ်းကပဲ ထိုးဖောက်သွားခဲ့ကြတာဖြစ်ပါတယ်။

ဆာလားနဲ့ နူးညက်ဇ်တို့ ထိုးဖောက်မှုတွေကို မန်ယူခံစစ်က ခပ်ကြမ်းကြမ်း ပိတ်ဆို့သွားခဲ့ကြသလို လီဗာပူးလ်တို့ဘက်ကတော့ တွဲပေးထားပြီးမှ ကြက်ဖသုံးကောင်လိုဖြစ်နေတဲ့ အစေးမကပ်မှုတွေနဲ့ အန်ဒို၊ ဂရာဗင်ဘာ့ချ်နဲ့ ဆိုဘော့ဆ်လိုင်းတို့ရဲ့ ကွင်းလယ်မှာ တိုင်ပတ်နေခဲ့ရချိန်မှာ ဒီနေ့ပွဲက မန်ယူဂိုးသမား အိုနာနာအတွက် အမှတ်တွေ ရဖို့ပဲ ဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အနိုင်လိုချင်တဲ့ လီဗာပူးလ်တို့ ဖိတိုက်ခဲ့ကြပေမယ့် ဂိုးပေါက်ကန်ခွင့် ၃၄ ကြိမ်မှာ ၉ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့မှုက အဆင်မပြေခဲ့သလို မန်ယူတို့ဘက်ကတော့ ဟွိုင်လန်းက လေးလံနေခဲ့ပြီး ရှားရှားပါးပါးရတဲ့ အခွင့်အရေးတွေကိုလည်း အယ်လစ်ဆန်လက်ထဲပဲ ထည့်ပေးသွားခဲ့လို့ အိမ်ရှင်ရော ဧည့်သည်တွေပါ ဂိုးရဖို့ ဝေးခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်တို့ဘက်က ကွင်းလယ်မှာ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေကြတဲ့ ဆိုဘော့ဆ်လိုင်းနဲ့ ဂရာဗင်ဘာ့ချ်တို့အစား ဂျိုးဂိုမက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ထည့်ပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို အလယ်မှာ ကစားလာခဲ့သလို မန်ယူတို့ကတော့ ဂါနာချိုအစား ရက်ရှ်ဖို့ဒ်ကို ထည့်ခဲ့ပေမယ့် ကလေးထက် မသာတဲ့ လူကြီးကလည်း ရှေ့ရော နောက်ရော မကူနိုင်ဘဲဖြစ်နေခဲ့တာကြောင့် အိမ်ရှင်တွေပဲ ပွဲကို ဆက်စိုးမိုးထားခဲ့တာပါ။

ကားတစ်ဂျုံးစ်နဲ့ အဲလီးယော့တို့ကို နူးညက်ဇ်နဲ့ ဒီယက်ဇ်တို့အစား နည်းပြ ကလော့ပ်က ထပ်ထည့်ခဲ့ပေမယ့် အရန်ခုံကနေ ကွင်းထဲ ဝင်လာပြီး ဘောလုံးပွဲကြည့်သလိုဖြစ်နေတဲ့ ဂက်ခ်ပိုကြောင့် အလုပ်မဖြစ်ခဲ့သလို မန်ယူတို့ကတောင်မှ ကောင်တာတွေကနေ တစ်ချက်တစ်ချက် ပြန်ခြိမ်းခြောက်နိုင်ပြီး အန်တိုနီနဲ့ မိုင်နူးတို့အစား ဟန်နီဘယ်လ်နဲ့ ပယ်လစ္စထရီတို့ကို ထည့်လိုက်မှ ခံစစ်သက်သက် ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုကျမှ ဒိုင်ကူသင့်မှန်း သတိရလာတဲ့ မိုက်ကယ် အိုလီဗာအနေနဲ့ ရသင့်ရထိုက်တဲ့ လက်ပစ်ဘောကို လီဗာပူးလ်ဘက်ပေးခဲ့လို့ ပေါက်ကွဲခဲ့တဲ့ ဒါလော့ကို စက္ကန့်ပိုင်းအတွင်း အဝါနှစ်ဝါပြပြီး ထုတ်ပစ်ခဲ့ပေမယ့် မန်ယူတို့ကို ဂိုးသွင်းဖို့တော့ အိမ်ရှင်တွေ မတတ်နိုင်ခဲ့ဘဲ ရေပေါ်ဖို့ မရှိနိုင်တဲ့ ကျောက်ခဲကို မျိုမိပြီး မထွေးနိုင် မအန်နိုင်ဖြစ်ခဲ့ရတဲ့ လိပ်ပုလေးလိုပဲ ရေနစ်သွားခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဘဲဉကြက်ဥနဲ့ သရေဖြစ်သွားခဲ့ပြီး အန်းဖီးလ်ရဲ့ ၁၁ ပွဲဆက်တိုက် အနိုင်မှတ်တမ်းကို ရပ်တန့်သွားခဲ့တဲ့ မန်ယူတို့အနေနဲ့ ဒီရာသီမှာ ပထမဆုံး သရေပွဲနဲ့ အဆင့် ၇ မှာ ရပ်တည်သွားခဲ့ချိန်မှာ လီဗာပူးလ်တို့ကတော့ ဇယားထိပ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်ပြီး အာဆင်နယ်တို့ကို စင်တင်ပေးမိခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ကိုနာေတ၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဆီမီကတ္စ္တို႔ကို ပြဲထုတ္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ဂရာဗင္ဘာ့ခ်္နဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ အီဗန္စ္၊ ဗာ႐ြန္း၊ ဒါေလာ့နဲ႔ လုခ္ ေရွာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ မိုင္ႏူး၊ အမ္မရာဘတ္နဲ႔ မက္ေတာ္မီေနးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲမတိုင္ခင္မွာ မန္ယူတို႔ကေတာ့ ေရမေပၚႏိုင္တဲ့ ေက်ာက္ခဲအျဖစ္ ခန႔္မွန္းသတ္မွတ္ခံထားခဲ့ရၿပီး တကယ္တမ္း ကစားခ်ိန္မွာလည္း ခံစစ္ကိုပဲ အားျပဳသြားခဲ့သလို ညာေတာင္ပံက အန္တိုနီအေနနဲ႔ First Right Back အျဖစ္ တာဝန္ေက်ခဲ့တာကို ေတြ႕ရခ်ိန္မွာ ဘယ္ျခမ္းက ဂါနာခ်ိဳကေတာ့ ႏုလြန္းၿပီး ဗ်ဴဟာေျမာက္ မကစားႏိုင္တာေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ သူ႔အျခမ္းကပဲ ထိုးေဖာက္သြားခဲ့ၾကတာျဖစ္ပါတယ္။

ဆာလားနဲ႔ ႏူးညက္ဇ္တို႔ ထိုးေဖာက္မႈေတြကို မန္ယူခံစစ္က ခပ္ၾကမ္းၾကမ္း ပိတ္ဆို႔သြားခဲ့ၾကသလို လီဗာပူးလ္တို႔ဘက္ကေတာ့ တြဲေပးထားၿပီးမွ ၾကက္ဖသုံးေကာင္လိုျဖစ္ေနတဲ့ အေစးမကပ္မႈေတြနဲ႔ အန္ဒို၊ ဂရာဗင္ဘာ့ခ်္နဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ရဲ႕ ကြင္းလယ္မွာ တိုင္ပတ္ေနခဲ့ရခ်ိန္မွာ ဒီေန႔ပြဲက မန္ယူဂိုးသမား အိုနာနာအတြက္ အမွတ္ေတြ ရဖို႔ပဲ ျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း အႏိုင္လိုခ်င္တဲ့ လီဗာပူးလ္တို႔ ဖိတိုက္ခဲ့ၾကေပမယ့္ ဂိုးေပါက္ကန္ခြင့္ ၃၄ ႀကိမ္မွာ ၉ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့မႈက အဆင္မေျပခဲ့သလို မန္ယူတို႔ဘက္ကေတာ့ ဟြိဳင္လန္းက ေလးလံေနခဲ့ၿပီး ရွားရွားပါးပါးရတဲ့ အခြင့္အေရးေတြကိုလည္း အယ္လစ္ဆန္လက္ထဲပဲ ထည့္ေပးသြားခဲ့လို႔ အိမ္ရွင္ေရာ ဧည့္သည္ေတြပါ ဂိုးရဖို႔ ေဝးခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ဘက္က ကြင္းလယ္မွာ ဘုန္းႀကီးနဲ႔ဘီးလိုျဖစ္ေနၾကတဲ့ ဆိုေဘာ့ဆ္လိုင္းနဲ႔ ဂရာဗင္ဘာ့ခ်္တို႔အစား ဂ်ိဳးဂိုမက္ဇ္နဲ႔ ဂက္ခ္ပိုတို႔ကို ထည့္ၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို အလယ္မွာ ကစားလာခဲ့သလို မန္ယူတို႔ကေတာ့ ဂါနာခ်ိဳအစား ရက္ရွ္ဖို႔ဒ္ကို ထည့္ခဲ့ေပမယ့္ ကေလးထက္ မသာတဲ့ လူႀကီးကလည္း ေရွ႕ေရာ ေနာက္ေရာ မကူႏိုင္ဘဲျဖစ္ေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြပဲ ပြဲကို ဆက္စိုးမိုးထားခဲ့တာပါ။

ကားတစ္ဂ်ဳံးစ္နဲ႔ အဲလီးေယာ့တို႔ကို ႏူးညက္ဇ္နဲ႔ ဒီယက္ဇ္တို႔အစား နည္းျပ ကေလာ့ပ္က ထပ္ထည့္ခဲ့ေပမယ့္ အရန္ခုံကေန ကြင္းထဲ ဝင္လာၿပီး ေဘာလုံးပြဲၾကည့္သလိုျဖစ္ေနတဲ့ ဂက္ခ္ပိုေၾကာင့္ အလုပ္မျဖစ္ခဲ့သလို မန္ယူတို႔ကေတာင္မွ ေကာင္တာေတြကေန တစ္ခ်က္တစ္ခ်က္ ျပန္ၿခိမ္းေျခာက္ႏိုင္ၿပီး အန္တိုနီနဲ႔ မိုင္ႏူးတို႔အစား ဟန္နီဘယ္လ္နဲ႔ ပယ္လစၥထရီတို႔ကို ထည့္လိုက္မွ ခံစစ္သက္သက္ ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုက်မွ ဒိုင္ကူသင့္မွန္း သတိရလာတဲ့ မိုက္ကယ္ အိုလီဗာအေနနဲ႔ ရသင့္ရထိုက္တဲ့ လက္ပစ္ေဘာကို လီဗာပူးလ္ဘက္ေပးခဲ့လို႔ ေပါက္ကြဲခဲ့တဲ့ ဒါေလာ့ကို စကၠန႔္ပိုင္းအတြင္း အဝါႏွစ္ဝါျပၿပီး ထုတ္ပစ္ခဲ့ေပမယ့္ မန္ယူတို႔ကို ဂိုးသြင္းဖို႔ေတာ့ အိမ္ရွင္ေတြ မတတ္ႏိုင္ခဲ့ဘဲ ေရေပၚဖို႔ မရွိႏိုင္တဲ့ ေက်ာက္ခဲကို မ်ိဳမိၿပီး မေထြးႏိုင္ မအန္ႏိုင္ျဖစ္ခဲ့ရတဲ့ လိပ္ပုေလးလိုပဲ ေရနစ္သြားခဲ့ၾကရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘဲဉၾကက္ဥနဲ႔ သေရျဖစ္သြားခဲ့ၿပီး အန္းဖီးလ္ရဲ႕ ၁၁ ပြဲဆက္တိုက္ အႏိုင္မွတ္တမ္းကို ရပ္တန႔္သြားခဲ့တဲ့ မန္ယူတို႔အေနနဲ႔ ဒီရာသီမွာ ပထမဆုံး သေရပြဲနဲ႔ အဆင့္ ၇ မွာ ရပ္တည္သြားခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔ကေတာ့ ဇယားထိပ္ကို တက္လွမ္းႏိုင္မယ့္ အခြင့္အေရးကို လႊင့္ပစ္ၿပီး အာဆင္နယ္တို႔ကို စင္တင္ေပးမိခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.