Match Report Premier League

အိမ်ကွင်းမှာ ရှက်ဖီးလ်ဒ်ကို တက်စီးပြီး ဆယ်မိုင်ကုန်းကို ပြန်သိမ်းတဲ့ ချက်ကြီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပက်ထရိုဗစ်ချ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဘာဒီယာရှီးလ်၊ ဒီဆာဆီနဲ့ ကောဝဲလ်တို့ကို သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ ပါးလ်မားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ မူဒရစ်ခ်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် ရှက်ဖီးလ်ဒ်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ အာမက်ဟော့ဂျစ်ချ်၊ ထရပ်စ်တီ၊ ဘိုဂယ်လ်နဲ့ လိုးဝ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဗီနီ ဒီဆူဇာ၊ ဘရွတ်ခ်စ်၊ ဟေးမား၊ မက္ကာတီးနဲ့ အာချာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မက်ဘာနီတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ရှက်ဖီးလ်ဒ်ကို တစ်ကျော့ပြန်လာတဲ့ နည်းပြသစ် ခရစ္စ ဝိုင်လ်ဒါအနေနဲ့ ၃-၄-၃ ကို စွန့်လွှတ်ခဲ့ပေမယ့် ခံစစ်ကစားဟန်ကိုတော့ ကိုင်စွဲထားဆဲဖြစ်တာကြောင့် ဗဟိုခံစစ်မှူး လေးဦးကို ကွင်းထဲ ထည့်ထားခဲ့တဲ့ ချဲလ်ဆီးတို့ရဲ့ တိုက်စစ်က ဟန်ချက်မညီမှုနဲ့အတူ ထိုးဖောက်ဖို့ ခက်နေခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ တောင်ပံမှာ ဘောလုံးပြန်ရသွားတဲ့ စတာလင်က ဧရိယာထဲကို ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ပါးလ်မားက အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ စတာလင်ရဲ့ ဂိုးရှေ့က ထိုးဖောက်မှုကို တားဆီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ဂိုးသမား ဖိုဒါရင်ဟမ် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ပါးလ်မားက ညာဘက်တိုင်နားကနေ အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဂျက်ဆန်က ခပ်လွယ်လွယ်ပဲ ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူနိုင်ခဲ့ကြပြီး အိမ်ကွင်းမှာ ရလိုက်တဲ့ အဖိုးတန် သုံးမှတ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို ရမှတ် ၂၂ မှတ်နဲ့ ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပက္ထ႐ိုဗစ္ခ်္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဘာဒီယာရွီးလ္၊ ဒီဆာဆီနဲ႔ ေကာဝဲလ္တို႔ကို သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂါလာဂါနဲ႔ ပါးလ္မားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္၊ မူဒရစ္ခ္နဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ဧည့္သည္ ရွက္ဖီးလ္ဒ္တို႔ကေတာ့ ဂိုးသမား ဖိုဒါရင္ဟမ္၊ ခံစစ္မွာ အာမက္ေဟာ့ဂ်စ္ခ်္၊ ထရပ္စ္တီ၊ ဘိုဂယ္လ္နဲ႔ လိုးဝ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဗီနီ ဒီဆူဇာ၊ ဘ႐ြတ္ခ္စ္၊ ေဟးမား၊ မကၠာတီးနဲ႔ အာခ်ာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မက္ဘာနီတစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ရွက္ဖီးလ္ဒ္ကို တစ္ေက်ာ့ျပန္လာတဲ့ နည္းျပသစ္ ခရစၥ ဝိုင္လ္ဒါအေနနဲ႔ ၃-၄-၃ ကို စြန႔္လႊတ္ခဲ့ေပမယ့္ ခံစစ္ကစားဟန္ကိုေတာ့ ကိုင္စြဲထားဆဲျဖစ္တာေၾကာင့္ ဗဟိုခံစစ္မႉး ေလးဦးကို ကြင္းထဲ ထည့္ထားခဲ့တဲ့ ခ်ဲလ္ဆီးတို႔ရဲ႕ တိုက္စစ္က ဟန္ခ်က္မညီမႈနဲ႔အတူ ထိုးေဖာက္ဖို႔ ခက္ေနခဲ့ၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန ေတာင္ပံမွာ ေဘာလုံးျပန္ရသြားတဲ့ စတာလင္က ဧရိယာထဲကို ဆြဲေျပးၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို ပါးလ္မားက အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ စတာလင္ရဲ႕ ဂိုးေရွ႕က ထိုးေဖာက္မႈကို တားဆီးခဲ့တဲ့ ရွက္ဖီးလ္ဒ္ဂိုးသမား ဖိုဒါရင္ဟမ္ ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ပါးလ္မားက ညာဘက္တိုင္နားကေန အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ဂ်က္ဆန္က ခပ္လြယ္လြယ္ပဲ ပိတ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔က ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူႏိုင္ခဲ့ၾကၿပီး အိမ္ကြင္းမွာ ရလိုက္တဲ့ အဖိုးတန္ သုံးမွတ္ေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၀ ေနရာကို ရမွတ္ ၂၂ မွတ္နဲ႔ ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ၾကပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.