Match Report Premier League

ပဲလှော် အစားမတတ်လို့ လေပွခဲ့ရတဲ့အပြင် သွားပါကျိုးရသေးတဲ့ မန်ကျည်းသီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ရီကို လူးဝစ္စ၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်ကိုပဲ အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဂျိုးလ် ဝါ့ဒ်နဲ့ ကလိုင်းန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ရစ်ချတ်စ်၊ ရှလု(ပ်)၊ ရီးဒါဗဲလ်ဒ်၊ မစ်ချဲလ်နဲ့ အိုလီဆေးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မာတက်တာ တစ်ဦးတည်းနဲ့ အဝေးကွင်းမှာ ခံစစ်ကစားဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ဖရီးကစ်ကနေ အယ်လ်ဗာရက်ဇ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဟန်ဒါဆန် ပုတ်ထုတ်ခဲ့ရပြီးတဲ့နောက် ပဲလေ့စ်တို့ တစ်သင်းလုံး နောက်မှာပဲ ဆင်းခံနေခဲ့ရပြီး နောက်တန်း ၈ ယောက်နဲ့ အဘိုးကြီး ရွိုင်းဟော့ဆန်ရဲ့ ဗျူဟာက အိုးနင်းခွက်နင်းဖြစ်နေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ဖိုဒန်က ဧရိယာထိပ်မှာ ပြန်ရပြီး အတိတ်မေ့သလို ရွှေပျောက်သလိုဖြစ်နေတဲ့ မန်စီးတီးခံစစ်ကြားကနေ ဂိုးရှေ့ကို ခင်းပေးခဲ့ရာမှာ ဂရီးလစ်ရှ်က လူကျွံထောင်ချောက်ကို လွယ်လွယ်ကူကူပဲ ဖောက်ထွက်ပြီး အနိမ့်ဘော ကန်သွင်းယူသွားခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ ကစားနေကျ ကွင်းလယ်အဖျက်ကစားသမားကောင်းတွေ မပါဝင်နိုင်လို့ ရစ်ချတ်စ်လို နောက်ခံလူကို ရှေ့တက်ခိုင်းပြီး လုပ်အားနှုန်း ဦးစားပေးတဲ့ ရှလု(ပ်)၊ ရီးဒါဗဲလ်ဒ်နဲ့ မစ်ချဲလ်တို့ကို ရှေ့မှာ အတန်းလိုက်ထားခဲ့တဲ့ ပဲလေ့စ်တို့ ပထမပိုင်းတစ်ပိုင်းလုံး ခံစစ်မှာပဲ အချိန်ကုန်ခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဖောက်ထွက်လာတဲ့ မာတက်တာကို လျှောထိုးဖျက်တဲ့ အီဒါဆန်ကတော့ အနီမထိခဲ့ဘဲ အဝါနဲ့သာ ကံကောင်းသွားခဲ့ပါတယ်။

ပထမပိုင်းကို မန်စီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြသလို ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ဘယ်ခြမ်းက ဖရီးကစ်ကို အယ်လ်ဗာရက်ဇ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လူများပြီး ပွဲမစည်တဲ့ ပဲလေ့စ်ခံစစ်ရဲ့ နားလည်မှုအလွဲကြောင့် ဂိုးထဲ တိုက်ရိုက်ဝင်သွားခဲ့ပေမယ့် ဂိုးသမားမြင်ကွင်းကို နှောင့်ယှက်တဲ့ ရိုဒရီကြောင့် လူကျွံဘော သတ်မှတ်ခံခဲ့ရတာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂရီးလစ်ရှ်က ဘယ်ခြမ်းကနေ အတွင်းကို တောက်လျှောက်ဆွဲဝင်ပြီး ခင်းပေးရာမှာ ဝင်တိုးတဲ့ ရိုဒရီနဲ့ ငြိပါလာတဲ့ ဘောလုံးက ဧရိယာထဲကို ပြန်အကျမှာ နောက်က လိုက်လာတဲ့ ရီကို လူးဝစ္စက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ပဲလေ့စ်တို့က ချေပဂိုးတစ်ဂိုးနဲ့ ပြန်လှန်ထိုးနှက်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မ,တင်ပေးလိုက်တဲ့ ဘောလုံးကို မန်စီးတီးခံစစ်နှစ်ယောက်ကြားက ပြေးထွက်ရယူနိုင်ခဲ့တဲ့ ရှလု(ပ်)က ဘယ်ခြမ်းကနေ ဂိုးရှေ့ကို အနိမ့်ဘော Cut Back လုပ်ပေးရာမှာ ခပ်ညံ့ညံ့ အာကေနဲ့ ဂိုးမဖမ်းတတ်တဲ့ အီဒါဆန်ကြောင့် မာတက်တာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခွင့်ရသွားခဲ့တာပါ။

ဒီနောက်မှာတော့ မန်စီးတီးတို့ အနည်းငယ် တပ်ပျက်လာခဲ့ပေမယ့် ပွဲပန်းနေတဲ့လူတွေကို အနားမပေးဘဲ ဂွါဒီယိုလာက ခေါင်းမာနေခဲ့ချိန်မှာ ပဲလေ့စ်တို့ကတော့ ရီးဒါဗဲလ်ဒ်၊ ရှလု(ပ်)နဲ့ ကလိုင်းတို့အစား အာဟာမာဒါ၊ ဖရန်ဆာနဲ့ အီဇီတို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်လာခဲ့တဲ့ ရွိုင်းဟော့ဆန်ကြောင့် အိမ်ရှင်ပရိသတ်တွေ မျက်လုံးပြူးလာခဲ့ကြရပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ပဲလေ့စ်တို့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရှင်းထုတ်ဖို့ နှောင့်နှေးတဲ့ ဝေါ်လ်ကာကြောင့် ဖိုဒန်က အလောတကြီး ဖျက်ထုတ်ဖို့ ကြိုးစားရာမှာ ဧရိယာထဲကို ပြေးဝင်လာတဲ့ မာတက်တာကို ကန်မိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အိုလီဆေးက အီဒါဆန်ကို မျက်လှည့်ပြပြီး ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

နှစ်ဂိုးပြန်ပေးပြီးမှ ရီကို လူးဝစ္စအစား ဂျွန်စတုန်းစ်ကို ထည့်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ ဗျူဟာကတော့ ရယ်စရာပဲဖြစ်ခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်အပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ မန်စီးတီးတို့အနေနဲ့ အိမ်ကွင်း အစ်တီဟတ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး ဇယားထိပ်တက်ဖို့ အိပ်မက်တွေ သဲထဲ ရေသွန်ဖြစ်ခဲ့ကြရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာေက၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ရီကို လူးဝစၥ၊ ဖိုဒန္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ဗာရက္ဇ္ကိုပဲ အေထာင္ထားၿပီး ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ဂ်ိဳးလ္ ဝါ့ဒ္နဲ႔ ကလိုင္းန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ရစ္ခ်တ္စ္၊ ရွလု(ပ္)၊ ရီးဒါဗဲလ္ဒ္၊ မစ္ခ်ဲလ္နဲ႔ အိုလီေဆးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မာတက္တာ တစ္ဦးတည္းနဲ႔ အေဝးကြင္းမွာ ခံစစ္ကစားဖို႔ ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ ဖရီးကစ္ကေန အယ္လ္ဗာရက္ဇ္ရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ကို ဟန္ဒါဆန္ ပုတ္ထုတ္ခဲ့ရၿပီးတဲ့ေနာက္ ပဲေလ့စ္တို႔ တစ္သင္းလုံး ေနာက္မွာပဲ ဆင္းခံေနခဲ့ရၿပီး ေနာက္တန္း ၈ ေယာက္နဲ႔ အဘိုးႀကီး ႐ြိဳင္းေဟာ့ဆန္ရဲ႕ ဗ်ဴဟာက အိုးနင္းခြက္နင္းျဖစ္ေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ဖိုဒန္က ဧရိယာထိပ္မွာ ျပန္ရၿပီး အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလိုျဖစ္ေနတဲ့ မန္စီးတီးခံစစ္ၾကားကေန ဂိုးေရွ႕ကို ခင္းေပးခဲ့ရာမွာ ဂရီးလစ္ရွ္က လူကြၽံေထာင္ေခ်ာက္ကို လြယ္လြယ္ကူကူပဲ ေဖာက္ထြက္ၿပီး အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့လို႔ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဒီေန႔ပြဲမွာ ကစားေနက် ကြင္းလယ္အဖ်က္ကစားသမားေကာင္းေတြ မပါဝင္ႏိုင္လို႔ ရစ္ခ်တ္စ္လို ေနာက္ခံလူကို ေရွ႕တက္ခိုင္းၿပီး လုပ္အားႏႈန္း ဦးစားေပးတဲ့ ရွလု(ပ္)၊ ရီးဒါဗဲလ္ဒ္နဲ႔ မစ္ခ်ဲလ္တို႔ကို ေရွ႕မွာ အတန္းလိုက္ထားခဲ့တဲ့ ပဲေလ့စ္တို႔ ပထမပိုင္းတစ္ပိုင္းလုံး ခံစစ္မွာပဲ အခ်ိန္ကုန္ခဲ့သလို ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဖာက္ထြက္လာတဲ့ မာတက္တာကို ေလွ်ာထိုးဖ်က္တဲ့ အီဒါဆန္ကေတာ့ အနီမထိခဲ့ဘဲ အဝါနဲ႔သာ ကံေကာင္းသြားခဲ့ပါတယ္။

ပထမပိုင္းကို မန္စီးတီးတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကသလို ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဘယ္ျခမ္းက ဖရီးကစ္ကို အယ္လ္ဗာရက္ဇ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ လူမ်ားၿပီး ပြဲမစည္တဲ့ ပဲေလ့စ္ခံစစ္ရဲ႕ နားလည္မႈအလြဲေၾကာင့္ ဂိုးထဲ တိုက္႐ိုက္ဝင္သြားခဲ့ေပမယ့္ ဂိုးသမားျမင္ကြင္းကို ေႏွာင့္ယွက္တဲ့ ႐ိုဒရီေၾကာင့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂရီးလစ္ရွ္က ဘယ္ျခမ္းကေန အတြင္းကို ေတာက္ေလွ်ာက္ဆြဲဝင္ၿပီး ခင္းေပးရာမွာ ဝင္တိုးတဲ့ ႐ိုဒရီနဲ႔ ၿငိပါလာတဲ့ ေဘာလုံးက ဧရိယာထဲကို ျပန္အက်မွာ ေနာက္က လိုက္လာတဲ့ ရီကို လူးဝစၥက အနီးကပ္ ပိတ္သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ပဲေလ့စ္တို႔က ေခ်ပဂိုးတစ္ဂိုးနဲ႔ ျပန္လွန္ထိုးႏွက္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မ,တင္ေပးလိုက္တဲ့ ေဘာလုံးကို မန္စီးတီးခံစစ္ႏွစ္ေယာက္ၾကားက ေျပးထြက္ရယူႏိုင္ခဲ့တဲ့ ရွလု(ပ္)က ဘယ္ျခမ္းကေန ဂိုးေရွ႕ကို အနိမ့္ေဘာ Cut Back လုပ္ေပးရာမွာ ခပ္ညံ့ညံ့ အာေကနဲ႔ ဂိုးမဖမ္းတတ္တဲ့ အီဒါဆန္ေၾကာင့္ မာတက္တာက လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းခြင့္ရသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ မန္စီးတီးတို႔ အနည္းငယ္ တပ္ပ်က္လာခဲ့ေပမယ့္ ပြဲပန္းေနတဲ့လူေတြကို အနားမေပးဘဲ ဂြါဒီယိုလာက ေခါင္းမာေနခဲ့ခ်ိန္မွာ ပဲေလ့စ္တို႔ကေတာ့ ရီးဒါဗဲလ္ဒ္၊ ရွလု(ပ္)နဲ႔ ကလိုင္းတို႔အစား အာဟာမာဒါ၊ ဖရန္ဆာနဲ႔ အီဇီတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ဆင္လာခဲ့တဲ့ ႐ြိဳင္းေဟာ့ဆန္ေၾကာင့္ အိမ္ရွင္ပရိသတ္ေတြ မ်က္လုံးျပဴးလာခဲ့ၾကရပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ရွင္းထုတ္ဖို႔ ေႏွာင့္ေႏွးတဲ့ ေဝၚလ္ကာေၾကာင့္ ဖိုဒန္က အေလာတႀကီး ဖ်က္ထုတ္ဖို႔ ႀကိဳးစားရာမွာ ဧရိယာထဲကို ေျပးဝင္လာတဲ့ မာတက္တာကို ကန္မိခဲ့တာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို အိုလီေဆးက အီဒါဆန္ကို မ်က္လွည့္ျပၿပီး ဘယ္ဘက္တိုင္ေျခကို ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ႏွစ္ဂိုးျပန္ေပးၿပီးမွ ရီကို လူးဝစၥအစား ဂြၽန္စတုန္းစ္ကို ထည့္ခဲ့တဲ့ ဂြါဒီယိုလာရဲ႕ ဗ်ဴဟာကေတာ့ ရယ္စရာပဲျဖစ္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၈ မိနစ္အၿပီး ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ မန္စီးတီးတို႔အေနနဲ႔ အိမ္ကြင္း အစ္တီဟတ္မွာ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ၿပီး ဇယားထိပ္တက္ဖို႔ အိပ္မက္ေတြ သဲထဲ ေရသြန္ျဖစ္ခဲ့ၾကရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.