Match Report Premier League Serie A UCL&UEL

မအူမလည် အက်ဒီဟောင်းကြောင့် အေစီကို ရှုံးပြီး အုပ်စုပြုတ်တဲ့ ဆော်ဒီငှက်ကျားများ

နယူးကာဆယ်လ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဒုတိယနေရာနဲ့ အုပ်စုတက်ဖို့ ကိုယ့်ဘက်က ၅၀ ရာခိုင်နှုန်းနဲ့အထက် အခွင့်အရေးရှိနေတာကို လွှင့်ပစ်ပြီး မအူမလည် ပုံစံနဲ့ အမှားတွေ ကျူးလွန်ခဲ့တဲ့ နည်းပြ အက်ဒီဟောင်းကြောင့် အုပ်စုအဆင့်ကနေ အောင်ဖျာလိပ်ခဲ့ရပြီး အနိုင်ရခဲ့တဲ့ အေစီမီလန်တို့ကတော့ အမှတ်ချင်းတူခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကို ရပ်တည်မှုအရ မယှဉ်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကာလာဘရီယာ၊ တိုမိုရီ၊ သီယို ဟာနန်ဒက်ဇ်နဲ့ ဖလော်ရန်ဇီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိန်းဒါးစ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ မူဆာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အိမ်ရှင် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ ထရစ်ပီယာ၊ လာဆဲလ်စ်၊ ဖာဘီယန် ရှားနဲ့ လီဗရာမန်တိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ မိုင်လီတို့ကိုပဲ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ ဝီလ်ဆန်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ သရေကျရင် ဒုတိယနေရာကို နိုင်ပွဲရတာနဲ့ ပိုင်ဆိုင်ဖို့ ရှိနေတဲ့ နယူးကာဆယ်လ်တို့ ဖိကစားခဲ့ပြီး အေစီမီလန်တို့ကတော့ ချဲလ်ဆီးဂျင်း လော့ဖ်တပ်စ်-ချိခ် ပျက်နေတဲ့ ကွင်းလယ်ကြောင့် ရုန်းကန်နေရသလို ကောင်တာသာ ချောင်းကစားနေခဲ့ရပြီး အိမ်ရှင်တွေရဲ့ ဖိအားကို အသည်းအသန် ခဲမှန်ရင်း ခုခံနေခဲ့ရတာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ ဂေါ်ဒန် ပေးတဲ့ ဘောလုံးကို မိုင်လီက ဧရိယာထိပ်မှာ ခင်းပေးရာမှာ ဂျိုလင်တန်က တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းယူခဲ့ရာမှာ ပိတ်ဆို့ဖို့ နှောင့်နှေးနေတဲ့ အေစီမီလန်ခံစစ်ကြားကနေ ဝါးလုံးထိုး ဝင်သွားခဲ့လို့ ဂိုးသမား မေညွန် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိတာကြောင့် ငှက်ကျားတွေ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အေစီမီလန်တို့က တင်ကစားလာခဲ့ကြချိန်မှာ ပါးနပ်မှု မရှိတဲ့ ကွင်းလယ်နဲ့ ပွဲပန်းနေမှုတွေကြောင့် ရုန်းကန်လာခဲ့ရချိန်မှာ နည်းပြ အက်ဒီဟောင်းအနေနဲ့ ဧည့်သည်နည်းပြ ပီယိုလီရဲ့ အတွေ့အကြုံကိုတော့ ယှဉ်နိုင်စွမ်းနည်းခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ အေစီမီလန်တို့ ချေပဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ လီယာအိုရဲ့ ဖြတ်တင်မှုက ဧရိယာထဲ ပြန်ကျလာတာကို ဝါရင့်တိုက်စစ်မှူး ဂျီရူးက ကန်မလိုလိုနဲ့ ဘေးကို ပါးပါးနပ်နပ် ချပေးခဲ့တဲ့ ဘောလုံးကို ဂိုးရှေ့မှာ လွတ်နေခဲ့တဲ့ ပူလီရှစ်ချ်က ပိတ်သွင်းသွားနိုင်ခဲ့တာကြောင့် တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့ကြပါတယ်။

ဒီအချိန်မှာ ထဖောက်တာကတော့ နယူးကာဆယ်လ်နည်းပြ အက်ဒီဟောင်းပဲဖြစ်ပြီး မလိုအပ်ဘဲနဲ့ အသင်းရဲ့ ၄-၃-၃ ကစားကွက်ကို ၃-၅-၂ ပြောင်းပစ်ခဲ့သလို ထရစ်ပီယာနဲ့ ဂေါ်ဒန်တို့ကို ထုတ်ပြီး ဒန်ဘန်းနဲ့ အီဆက်ခ်တို့ကို ထည့်ခဲ့တာကြောင့် အတွဲအဖက်တွေ ပျက်စီးသွားခဲ့ပြီး တိုက်စစ်ပုံဖော်မှု အပိုင်းမှာ ရုန်းကန်လာခဲ့ရပါတယ်။

ကွင်းလယ်ကစားအားကို ထိန်းဖို့ မိုင်လီအစား လောင်းစတပ်ဖ်ကို ထပ်ထည့်ခဲ့ချိန်မှာ ငှက်ကျားတွေဘက်က နာလန်ထတွေ များလွန်းသွားပြီး တိုင်ပတ်သွားခဲ့တာကို အခွင့်ကောင်းယူဖို့ အေစီမီလန်တို့ကတော့ လော့ဖ်တပ်စ်-ချိခ်၊ ပူလီရှစ်ချ်၊ မူဆာနဲ့ ဂျီရူးတို့အစား ပိုဘီဂါ၊ ယိုဗစ်ချ်၊ ချူကွယ်ဇီနဲ့ အိုကာဖော်တို့ကို ဆက်တိုက်ထည့်ခဲ့ပြီး နည်းပြ ပီယိုလီရဲ့ ရွှေ့ကွက်ကတော့ ချက်ချင်းပဲ ထပေါက်သွားခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ အေစီမီလန်တို့ ပြန်လည်ဦးဆောင်သွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမား အိုကာဖော်က ဆွဲပြေးလာခဲ့ပြီး ဧရိယာထိပ်မှာ ယိုဗစ်ချ်နဲ့ အပေးအယူလုပ်ပြီးမှ ဧရိယာအတွင်းကို ခင်းပေးခဲ့ရာမှာ ချူကွယ်ဇီက သူ့ရဲ့ ပထမဦးဆုံး ထိချက်မှာ ညာခြမ်းကနေ အဝေးတိုင်ဘက်ကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် နယူးကာဆယ်လ်တို့ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘာမှ မလုပ်တတ်တော့တဲ့ အက်ဒီဟောင်းအတွက် ဆုတောင်းရုံသာ တတ်နိုင်ခဲ့ပြီး အေစီမီလန်တို့ကတော့ တန်ပြန်တိုက်စစ်ကနေ တိုမိုရီရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့လို့ တတိယဂိုးနဲ့ လွဲခဲ့ရတာဖြစ်ပြီး ပွဲချိန်အပြည့်မှာတော့ အကြံကောင်းတော့ တစ်ချက်ဖြစ်ခဲ့တဲ့ ဧည့်သည် အီတလီသားတွေက စရိုက်ဆန်ခဲ့သေးတဲ့ ငှက်ကျားတွေအပေါ် နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

နယူးကာဆယ်လ်တို့အတွက်တော့ အသာစီးကနေ ဗျူဟာမှားပြီး ကစားကွက်ပြောင်းမိလို့ ဘာမှ မတတ်နိုင်ဘဲ အိမ်ကွင်းမှာ လည်စင်းခံခဲ့ရသလို ဆော်ဒီငွေကြေးတွေနဲ့ လူရာဝင်ချင်နေမှုကို လှောင်ပြောင်ဖို့ စောင့်နေကြသူတွေအတွက်တော့ အကွက်ကောင်းဆိုက်သွားခဲ့တာလည်းဖြစ်ပြီး မန်ယူတို့ အဖော်ရအောင် အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရချိန်မှာ အေစီမီလန်တို့ကတော့ ယူရိုပါလိဂ်ဝင်ခွင့် တတိယနေရာကို ပိုင်ဆိုင်သွားခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဒုတိယေနရာနဲ႔ အုပ္စုတက္ဖို႔ ကိုယ့္ဘက္က ၅၀ ရာခိုင္ႏႈန္းနဲ႔အထက္ အခြင့္အေရးရွိေနတာကို လႊင့္ပစ္ၿပီး မအူမလည္ ပုံစံနဲ႔ အမွားေတြ က်ဴးလြန္ခဲ့တဲ့ နည္းျပ အက္ဒီေဟာင္းေၾကာင့္ အုပ္စုအဆင့္ကေန ေအာင္ဖ်ာလိပ္ခဲ့ရၿပီး အႏိုင္ရခဲ့တဲ့ ေအစီမီလန္တို႔ကေတာ့ အမွတ္ခ်င္းတူခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီကို ရပ္တည္မႈအရ မယွဥ္ႏိုင္ခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္နဲ႔ပဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ေအစီမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ ကာလာဘရီယာ၊ တိုမိုရီ၊ သီယို ဟာနန္ဒက္ဇ္နဲ႔ ဖေလာ္ရန္ဇီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရိန္းဒါးစ္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ မူဆာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္၊ ရာေဖးလ္ လီယာအိုနဲ႔ ဂ်ီ႐ူးတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

အိမ္ရွင္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ ထရစ္ပီယာ၊ လာဆဲလ္စ္၊ ဖာဘီယန္ ရွားနဲ႔ လီဗရာမန္တိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ မိုင္လီတို႔ကိုပဲ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ ဝီလ္ဆန္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ပြဲစကတည္းက ပီအက္စ္ဂ်ီနဲ႔ ေဒါ့မြန္တို႔ သေရက်ရင္ ဒုတိယေနရာကို ႏိုင္ပြဲရတာနဲ႔ ပိုင္ဆိုင္ဖို႔ ရွိေနတဲ့ နယူးကာဆယ္လ္တို႔ ဖိကစားခဲ့ၿပီး ေအစီမီလန္တို႔ကေတာ့ ခ်ဲလ္ဆီးဂ်င္း ေလာ့ဖ္တပ္စ္-ခ်ိခ္ ပ်က္ေနတဲ့ ကြင္းလယ္ေၾကာင့္ ႐ုန္းကန္ေနရသလို ေကာင္တာသာ ေခ်ာင္းကစားေနခဲ့ရၿပီး အိမ္ရွင္ေတြရဲ႕ ဖိအားကို အသည္းအသန္ ခဲမွန္ရင္း ခုခံေနခဲ့ရတာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန ေဂၚဒန္ ေပးတဲ့ ေဘာလုံးကို မိုင္လီက ဧရိယာထိပ္မွာ ခင္းေပးရာမွာ ဂ်ိဳလင္တန္က တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းယူခဲ့ရာမွာ ပိတ္ဆို႔ဖို႔ ေႏွာင့္ေႏွးေနတဲ့ ေအစီမီလန္ခံစစ္ၾကားကေန ဝါးလုံးထိုး ဝင္သြားခဲ့လို႔ ဂိုးသမား ေမၫြန္ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးခ်ႏိုင္ျခင္း မရွိတာေၾကာင့္ ငွက္က်ားေတြ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ေအစီမီလန္တို႔က တင္ကစားလာခဲ့ၾကခ်ိန္မွာ ပါးနပ္မႈ မရွိတဲ့ ကြင္းလယ္နဲ႔ ပြဲပန္းေနမႈေတြေၾကာင့္ ႐ုန္းကန္လာခဲ့ရခ်ိန္မွာ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ ဧည့္သည္နည္းျပ ပီယိုလီရဲ႕ အေတြ႕အႀကဳံကိုေတာ့ ယွဥ္ႏိုင္စြမ္းနည္းခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ေအစီမီလန္တို႔ ေခ်ပဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန လီယာအိုရဲ႕ ျဖတ္တင္မႈက ဧရိယာထဲ ျပန္က်လာတာကို ဝါရင့္တိုက္စစ္မႉး ဂ်ီ႐ူးက ကန္မလိုလိုနဲ႔ ေဘးကို ပါးပါးနပ္နပ္ ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဂိုးေရွ႕မွာ လြတ္ေနခဲ့တဲ့ ပူလီရွစ္ခ်္က ပိတ္သြင္းသြားႏိုင္ခဲ့တာေၾကာင့္ တစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့ၾကပါတယ္။

ဒီအခ်ိန္မွာ ထေဖာက္တာကေတာ့ နယူးကာဆယ္လ္နည္းျပ အက္ဒီေဟာင္းပဲျဖစ္ၿပီး မလိုအပ္ဘဲနဲ႔ အသင္းရဲ႕ ၄-၃-၃ ကစားကြက္ကို ၃-၅-၂ ေျပာင္းပစ္ခဲ့သလို ထရစ္ပီယာနဲ႔ ေဂၚဒန္တို႔ကို ထုတ္ၿပီး ဒန္ဘန္းနဲ႔ အီဆက္ခ္တို႔ကို ထည့္ခဲ့တာေၾကာင့္ အတြဲအဖက္ေတြ ပ်က္စီးသြားခဲ့ၿပီး တိုက္စစ္ပုံေဖာ္မႈ အပိုင္းမွာ ႐ုန္းကန္လာခဲ့ရပါတယ္။

ကြင္းလယ္ကစားအားကို ထိန္းဖို႔ မိုင္လီအစား ေလာင္းစတပ္ဖ္ကို ထပ္ထည့္ခဲ့ခ်ိန္မွာ ငွက္က်ားေတြဘက္က နာလန္ထေတြ မ်ားလြန္းသြားၿပီး တိုင္ပတ္သြားခဲ့တာကို အခြင့္ေကာင္းယူဖို႔ ေအစီမီလန္တို႔ကေတာ့ ေလာ့ဖ္တပ္စ္-ခ်ိခ္၊ ပူလီရွစ္ခ်္၊ မူဆာနဲ႔ ဂ်ီ႐ူးတို႔အစား ပိုဘီဂါ၊ ယိုဗစ္ခ်္၊ ခ်ဴကြယ္ဇီနဲ႔ အိုကာေဖာ္တို႔ကို ဆက္တိုက္ထည့္ခဲ့ၿပီး နည္းျပ ပီယိုလီရဲ႕ ေ႐ႊ႕ကြက္ကေတာ့ ခ်က္ခ်င္းပဲ ထေပါက္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ေအစီမီလန္တို႔ ျပန္လည္ဦးေဆာင္သြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လူစားဝင္ကစားသမား အိုကာေဖာ္က ဆြဲေျပးလာခဲ့ၿပီး ဧရိယာထိပ္မွာ ယိုဗစ္ခ်္နဲ႔ အေပးအယူလုပ္ၿပီးမွ ဧရိယာအတြင္းကို ခင္းေပးခဲ့ရာမွာ ခ်ဴကြယ္ဇီက သူ႔ရဲ႕ ပထမဦးဆုံး ထိခ်က္မွာ ညာျခမ္းကေန အေဝးတိုင္ဘက္ကို ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ နယူးကာဆယ္လ္တို႔ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘာမွ မလုပ္တတ္ေတာ့တဲ့ အက္ဒီေဟာင္းအတြက္ ဆုေတာင္း႐ုံသာ တတ္ႏိုင္ခဲ့ၿပီး ေအစီမီလန္တို႔ကေတာ့ တန္ျပန္တိုက္စစ္ကေန တိုမိုရီရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့လို႔ တတိယဂိုးနဲ႔ လြဲခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အႀကံေကာင္းေတာ့ တစ္ခ်က္ျဖစ္ခဲ့တဲ့ ဧည့္သည္ အီတလီသားေတြက စ႐ိုက္ဆန္ခဲ့ေသးတဲ့ ငွက္က်ားေတြအေပၚ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

နယူးကာဆယ္လ္တို႔အတြက္ေတာ့ အသာစီးကေန ဗ်ဴဟာမွားၿပီး ကစားကြက္ေျပာင္းမိလို႔ ဘာမွ မတတ္ႏိုင္ဘဲ အိမ္ကြင္းမွာ လည္စင္းခံခဲ့ရသလို ေဆာ္ဒီေငြေၾကးေတြနဲ႔ လူရာဝင္ခ်င္ေနမႈကို ေလွာင္ေျပာင္ဖို႔ ေစာင့္ေနၾကသူေတြအတြက္ေတာ့ အကြက္ေကာင္းဆိုက္သြားခဲ့တာလည္းျဖစ္ၿပီး မန္ယူတို႔ အေဖာ္ရေအာင္ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရခ်ိန္မွာ ေအစီမီလန္တို႔ကေတာ့ ယူ႐ိုပါလိဂ္ဝင္ခြင့္ တတိယေနရာကို ပိုင္ဆိုင္သြားခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.