Saudi League

ဒီလောက်နဲ့မပြီးသေးဘူးလို့ ကြုံးဝါးခဲ့တဲ့ ရော်နယ်လ်ဒို

အယ်လ်နာဆာကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို သတင်းစကား ပေးပို့ခဲ့ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ သောကြာနေ့ညက အယ်လ်ရီယက်ဒ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရော်ဖက်ရှင်နယ်ပွဲစဉ် ၁၂၀၀ မြောက်ပွဲကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ၃၁ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးတဲ့နောက်မှာ အိုတာဗီယိုရဲ့ သွင်းဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပြီး မာနေးက ၆၇ မိနစ်မှာ အယ်လ်နာဆာအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အယ်လ်-ရီယက်ဒ်အတွက် အန်ဒရီ ဂရေးက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမယ့်လည်း တာလစ္စကာက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ၄-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာဟာ လက်ရှိအချိန်မှာ ၁၆ ပွဲကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အယ်လ်ဟီလာလ်နဲ့ ၇ မှတ်အကွာကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပြီး ပွဲအပြီးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကစားသမားဘဝ ပရော်ဖက်ရှင်နယ်ပွဲ ၁၂၀၀ ပြည့်မြောက်ခဲ့တဲ့ မှတ်တိုင်သစ်ကို ရည်ညွှန်းပြီး “နောက်ထပ် ၃ မှတ်။ ကျွန်တော့်ကို ပွဲ ၁၂၀၀ ပြည့်အောင် ကူညီခဲ့တဲ့အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အရမ်းကောင်းမွန်တဲ့ ခရီးလမ်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလောက်နဲ့ မပြီးသေးပါဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္နာဆာၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မွတ္တိုင္သစ္ စိုက္ထူႏိုင္ခဲ့ၿပီးေနာက္ ၎ရဲ႕ လူမႈကြန္ရက္ေပၚကေန ပရိသတ္ေတြကို သတင္းစကား ေပးပို႔ခဲ့ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ေသာၾကာေန႔ညက အယ္လ္ရီယက္ဒ္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပေရာ္ဖက္ရွင္နယ္ပြဲစဥ္ ၁၂၀၀ ေျမာက္ပြဲကို ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ၃၁ မိနစ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးတဲ့ေနာက္မွာ အိုတာဗီယိုရဲ႕ သြင္းဂိုးလည္း ဖန္တီးေပးႏိုင္ခဲ့ၿပီး မာေနးက ၆၇ မိနစ္မွာ အယ္လ္နာဆာအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ အယ္လ္-ရီယက္ဒ္အတြက္ အန္ဒရီ ဂေရးက ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ေပမယ့္လည္း တာလစၥကာက ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ၄-၁ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာဟာ လက္ရွိအခ်ိန္မွာ ၁၆ ပြဲကစားၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အယ္လ္ဟီလာလ္နဲ႔ ၇ မွတ္အကြာကို တက္လွမ္းလာႏိုင္ခဲ့ၿပီျဖစ္ၿပီး ပြဲအၿပီးမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ကစားသမားဘဝ ပေရာ္ဖက္ရွင္နယ္ပြဲ ၁၂၀၀ ျပည့္ေျမာက္ခဲ့တဲ့ မွတ္တိုင္သစ္ကို ရည္ၫႊန္းၿပီး “ေနာက္ထပ္ ၃ မွတ္။ ကြၽန္ေတာ့္ကို ပြဲ ၁၂၀၀ ျပည့္ေအာင္ ကူညီခဲ့တဲ့အသင္းေဖာ္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ အရမ္းေကာင္းမြန္တဲ့ ခရီးလမ္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီေလာက္နဲ႔ မၿပီးေသးပါဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.