Premier League

မန်ယူနိုက်တက်နည်းပြဖြစ်မလာအောင် အဓိကတားဆီးထားတဲ့အရာကို ဖယ်ရှားခဲ့တဲ့ ဇီဒန်း

ဇီဒန်းဟာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေပြီဖြစ်တဲ့ အဲရစ် တန်ဟက်ရဲ့နေရာမှာ နည်းပြသစ်ဖြစ်လာဖို့ အဓိက အဟန့်အတားဖြစ်နေတဲ့အရာကို ဖယ်ရှားခဲ့တယ်လို့ အသင်းဖော်ဟောင်းတွေထဲက တစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကသာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ် တန်ဟက်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း အဆိုးရွားဆုံးပုံစံပြသနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုအဆင့်မှာ ဘိတ်ချေးအဖြစ်နဲ့ ထွက်ခဲ့ရပြီးနောက် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အိမ်ကွင်းမှာ အရှက်ရဖွယ် ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်ဟက်အတွက် အသင်းနဲ့ လမ်းခွဲဖို့ ပိုမိုသေချာလာတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာတချို့တဝက်ကို ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်က ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ့တားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဇီဒန်းကလည်း နည်းပြလောင်းစာရင်းထဲက ပျောက်ကွယ်မသွားသေးတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ နည်းပြလောကနဲ့ ၃ နှစ်ကြာ အဆက်အသွယ်ဖြတ်ထားပြီးနောက် အိုးထရက်ဖို့ဒ်မှာ နည်းပြရာထူးခန့်အပ်ခြင်းခံရမယ်ဆိုရင် နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ဇီဒန်းက အင်္ဂလိပ်ဘောလုံးလောကမှာ နည်းပြအဖြစ် မလုပ်ကိုင်ရတဲ့အဓိကအကြောင်းအရင်းက ဘာသာစကား ပြဿနာကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး လူတွေက မန်ချက်စတာကို နည်းပြသွားလုပ်ချင်လားမေးရင်တောင် အင်္ဂလိပ်လို နားလည်ပေမယ့် သေသေချာချာ မပြောတတ်လို့ နည်းပြမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီမန်နျူရယ် ပီတစ်က ပြင်သစ်လက်ရွေးစင်အသင်းဖော်ဟောင်း ဇီဒန်းဟာ ဒီနှစ်မှာ အင်္ဂလိပ်စကားကို သင်ကြားနေခဲ့တယ်လို့ ဖော်ကောင်လုပ်ခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လအနည်းငယ်မှာ ဇီဇူးက အင်္ဂလိပ်စာသင်ခန်းစာတွေ လုပ်နေခဲ့တယ်။ သူ အင်္ဂလန်ကို လာပြီး နည်းပြလုပ်ချင်လို့များလားမသိဘူး။ ဒါပေမယ့် ဒါက ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ သူ အင်္ဂလိပ်စာ ထသင်နေတာက အင်္ဂလန်က အသင်းတွေကို နည်းပြချင်စိတ် ပေါက်လာလို့ဆိုတဲ့အဓိပ္ပာယ်ပဲ။ သူ အခုဆိုရင်လည်း နည်းပြမလုပ်တာ နှစ်အနည်းငယ်ကြာခဲ့ပြီ။ ခင်ဗျားက နည်းပြတစ်ယောက်အနေနဲ့ ထက်မြက်နေဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးဆိုတာက အရမ်းကို လျင်လျင်မြန်မြန်ပဲ ရွေ့လျားနေပြီး ပြောင်းလဲနေလို့ပါ။ ဝန်ခံရရင် သူ့အတွက် အခုအချိန်အထိတော့ အရမ်းကောင်းတဲ့အလုပ်အများကြီးမရှိသေးပါဘူး။ ဒါပေမယ့်လည်း သူ အင်္ဂလိပ်စာသင်နေတော့ အင်္ဂလိပ်အလုပ်တွေကိုလည်း သူ အခု စဉ်းစားနေပြီဆိုတဲ့သဘောပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇီဒန္းဟာ နည္းျပ ရာထူးကေန ထုတ္ပယ္ခံရဖို႔ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနၿပီျဖစ္တဲ့ အဲရစ္ တန္ဟက္ရဲ႕ေနရာမွာ နည္းျပသစ္ျဖစ္လာဖို႔ အဓိက အဟန႔္အတားျဖစ္ေနတဲ့အရာကို ဖယ္ရွားခဲ့တယ္လို႔ အသင္းေဖာ္ေဟာင္းေတြထဲက တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ဂႏၲဝင္ကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ကသာ ဒတ္ခ်္လူမ်ိဳးနည္းျပ အဲရစ္ တန္ဟက္နဲ႔ လမ္းခြဲခဲ့မယ္ဆိုရင္ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီရာသီမွာ ေျခစြမ္းပိုင္း အဆိုး႐ြားဆုံးပုံစံျပသေနၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအုပ္စုအဆင့္မွာ ဘိတ္ေခ်းအျဖစ္နဲ႔ ထြက္ခဲ့ရၿပီးေနာက္ တနဂၤေႏြေန႔မွာ လီဗာပူးလ္အိမ္ကြင္းမွာ အရွက္ရဖြယ္ ထပ္မံရႈံးနိမ့္ခဲ့မယ္ဆိုရင္ တန္ဟက္အတြက္ အသင္းနဲ႔ လမ္းခြဲဖို႔ ပိုမိုေသခ်ာလာေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရွယ္ယာတခ်ိဳ႕တဝက္ကို ဝယ္ယူဖို႔ ျပင္ဆင္ေနတဲ့ ဆာဂ်င္မ္ ရက္ကလစ္ဖ္က ခ်ဲလ္ဆီးနည္းျပေဟာင္း ဂေရဟမ္ ေပါ့တားကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ေဆြးေႏြးခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း ဇီဒန္းကလည္း နည္းျပေလာင္းစာရင္းထဲက ေပ်ာက္ကြယ္မသြားေသးတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဟာ နည္းျပေလာကနဲ႔ ၃ ႏွစ္ၾကာ အဆက္အသြယ္ျဖတ္ထားၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ နည္းျပရာထူးခန႔္အပ္ျခင္းခံရမယ္ဆိုရင္ နည္းျပအျဖစ္ ျပန္လည္လုပ္ကိုင္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္တုန္းက ဇီဒန္းက အဂၤလိပ္ေဘာလုံးေလာကမွာ နည္းျပအျဖစ္ မလုပ္ကိုင္ရတဲ့အဓိကအေၾကာင္းအရင္းက ဘာသာစကား ျပႆနာေၾကာင့္ ျဖစ္တယ္လို႔ ဝန္ခံခဲ့ၿပီး လူေတြက မန္ခ်က္စတာကို နည္းျပသြားလုပ္ခ်င္လားေမးရင္ေတာင္ အဂၤလိပ္လို နားလည္ေပမယ့္ ေသေသခ်ာခ်ာ မေျပာတတ္လို႔ နည္းျပမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီမန္န်ဴရယ္ ပီတစ္က ျပင္သစ္လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္း ဇီဒန္းဟာ ဒီႏွစ္မွာ အဂၤလိပ္စကားကို သင္ၾကားေနခဲ့တယ္လို႔ ေဖာ္ေကာင္လုပ္ခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့လအနည္းငယ္မွာ ဇီဇူးက အဂၤလိပ္စာသင္ခန္းစာေတြ လုပ္ေနခဲ့တယ္။ သူ အဂၤလန္ကို လာၿပီး နည္းျပလုပ္ခ်င္လို႔မ်ားလားမသိဘူး။ ဒါေပမယ့္ ဒါက ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူ အဂၤလိပ္စာ ထသင္ေနတာက အဂၤလန္က အသင္းေတြကို နည္းျပခ်င္စိတ္ ေပါက္လာလို႔ဆိုတဲ့အဓိပၸာယ္ပဲ။ သူ အခုဆိုရင္လည္း နည္းျပမလုပ္တာ ႏွစ္အနည္းငယ္ၾကာခဲ့ၿပီ။ ခင္ဗ်ားက နည္းျပတစ္ေယာက္အေနနဲ႔ ထက္ျမက္ေနဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ ေဘာလုံးဆိုတာက အရမ္းကို လ်င္လ်င္ျမန္ျမန္ပဲ ေ႐ြ႕လ်ားေနၿပီး ေျပာင္းလဲေနလို႔ပါ။ ဝန္ခံရရင္ သူ႔အတြက္ အခုအခ်ိန္အထိေတာ့ အရမ္းေကာင္းတဲ့အလုပ္အမ်ားႀကီးမရွိေသးပါဘူး။ ဒါေပမယ့္လည္း သူ အဂၤလိပ္စာသင္ေနေတာ့ အဂၤလိပ္အလုပ္ေတြကိုလည္း သူ အခု စဥ္းစားေနၿပီဆိုတဲ့သေဘာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.