Premier League

တန်ဟက်ရဲ့နေရာမှာ အစားထိုးမယ့်နည်းပြနဲ့တွေ့ခဲ့တဲ့ ရက်ကလစ်ဖ်

ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ အဲရစ် တန်ဟက်ကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ့တားကို နောက်ထပ် နည်းပြသစ်ဖြစ်လာနိုင်တဲ့သူအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ရာသီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုဘိတ်ချေးအဖြစ် ဥရောပပြိုင်ပွဲတွေကို နှုတ်ဆက်ခဲ့ရပြီးနောက် နောက်ထပ်တစ်ကြိမ် ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ၂၄ ပွဲကစားထားရာမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ထားပြီးဖြစ်တာကြောင့် စနေနေ့က ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ကွင်းပြင်ပမှာပါ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ၇-၀ နဲ့ ရှုံးနိမ့်ခဲ့ဖူးတဲ့ အန်းဖီးကို သွားရောက်ပြီး လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် အခြေအနေတွေက ဒီထက်ပိုမိုဆိုးရွားလာဖို့သာ ရှိတော့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က သတင်းတွေရဲ့ဖော်ပြချက်အရ တန်ဟက်ရဲ့ နည်းပြရာထူးဟာ အခုအချိန်မှာ စိတ်ချရတဲ့အနေအထားမှာပဲ ရှိနေသေးပြီး လက်ရှိ ပိုင်ရှင်တွေက နည်းပြအပြောင်းအလဲ လုပ်ဖို့ အာသီသမရှိသေးဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘောလုံးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုအပိုင်းတွေကို တာဝန်ယူမယ့် INEOS ဥက္ကဌ ဆာဂျင်မ် ရက်ကလစ်ဖ်က အသင်းရဲ့ ရှယ်ယာအချို့ကို အပြီးသတ် လွှဲပြောင်းရယူပြီးတာနဲ့ တန်ဟက်ရဲ့ ရာထူးဟာ မတည်မြဲနိုင်တော့တဲ့အခြေအနေဖြစ်လာတော့မယ်လို့ သိရပါတယ်။

The Sun ရဲ့ သတင်းအရ ပေါ့တားဟာ မန်ချက်စတာယူနိုက်တက်ကခေါ်ယူခဲ့မယ်ဆိုရင် တန်ဟက်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် တာဝန်ယူ ကိုင်တွယ်သွားချင်နေပြီး ရက်ကလစ်ဖ်ကလည်း ချဲလ်ဆီးနည်းပြဟောင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ တွေ့ဆုံခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပေါ့တားဟာ ချဲလ်ဆီးကနေ ဧပြီလမှာ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ တစ်ရာသီတောင် ပြည့်အောင် တာဝန်ယူကိုင်တွယ်ခွင့်မရခဲ့တာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ အသက် ၄၈ နှစ်အရွယ် နည်းပြကို နိစ်အသင်းမှာတုန်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ပေါ့တားဟာ ကြီးမားတဲ့အလုပ်အကိုင်အခွင့်အလမ်းကို စောင့်ဆိုင်းနေတာကြောင့် ဆွီဒင်လက်ရွေးစင်နည်းပြရာထူးနဲ့ စတုတ်စီးတီးဆီကနေ ချဉ်းကပ်မှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာဂ်င္မ္ ရက္ကလစ္ဖ္ဟာ အဲရစ္ တန္ဟက္ကိုသာ နည္းျပရာထူးကေန ထုတ္ပယ္ခဲ့မယ္ဆိုရင္ ခ်ဲလ္ဆီးနည္းျပေဟာင္း ဂေရဟမ္ ေပါ့တားကို ေနာက္ထပ္ နည္းျပသစ္ျဖစ္လာႏိုင္တဲ့သူအျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ရာသီဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္းမွာ ၁-၀ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ အုပ္စုဘိတ္ေခ်းအျဖစ္ ဥေရာပၿပိဳင္ပြဲေတြကို ႏႈတ္ဆက္ခဲ့ရၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ႀကီးမားတဲ့ထိုးႏွက္ခ်က္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီရာသီ ၂၄ ပြဲကစားထားရာမွာ ၁၂ ပြဲအထိ ရႈံးနိမ့္ထားၿပီးျဖစ္တာေၾကာင့္ စေနေန႔က ဘုန္းေမာက္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ကြင္းျပင္ပမွာပါ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီအပတ္မွာလည္း ၿပီးခဲ့တဲ့ရာသီတုန္းက ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့ဖူးတဲ့ အန္းဖီးကို သြားေရာက္ၿပီး လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ အေျခအေနေတြက ဒီထက္ပိုမိုဆိုး႐ြားလာဖို႔သာ ရွိေတာ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ တန္ဟက္ရဲ႕ နည္းျပရာထူးဟာ အခုအခ်ိန္မွာ စိတ္ခ်ရတဲ့အေနအထားမွာပဲ ရွိေနေသးၿပီး လက္ရွိ ပိုင္ရွင္ေတြက နည္းျပအေျပာင္းအလဲ လုပ္ဖို႔ အာသီသမရွိေသးဘူးလို႔ သိရပါတယ္။

ဒါေပမယ့္လည္း ေဘာလုံးနဲ႔ပတ္သက္တဲ့ လုပ္ေဆာင္မႈအပိုင္းေတြကို တာဝန္ယူမယ့္ INEOS ဥကၠဌ ဆာဂ်င္မ္ ရက္ကလစ္ဖ္က အသင္းရဲ႕ ရွယ္ယာအခ်ိဳ႕ကို အၿပီးသတ္ လႊဲေျပာင္းရယူၿပီးတာနဲ႔ တန္ဟက္ရဲ႕ ရာထူးဟာ မတည္ၿမဲႏိုင္ေတာ့တဲ့အေျခအေနျဖစ္လာေတာ့မယ္လို႔ သိရပါတယ္။

The Sun ရဲ႕ သတင္းအရ ေပါ့တားဟာ မန္ခ်က္စတာယူႏိုက္တက္ကေခၚယူခဲ့မယ္ဆိုရင္ တန္ဟက္ရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ တာဝန္ယူ ကိုင္တြယ္သြားခ်င္ေနၿပီး ရက္ကလစ္ဖ္ကလည္း ခ်ဲလ္ဆီးနည္းျပေဟာင္းနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးဖို႔ ေတြ႕ဆုံခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ေပါ့တားဟာ ခ်ဲလ္ဆီးကေန ဧၿပီလမွာ ထုတ္ပယ္ျခင္းခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ တစ္ရာသီေတာင္ ျပည့္ေအာင္ တာဝန္ယူကိုင္တြယ္ခြင့္မရခဲ့တာျဖစ္ပါတယ္။

ရက္ကလစ္ဖ္ဟာ အသက္ ၄၈ ႏွစ္အ႐ြယ္ နည္းျပကို နိစ္အသင္းမွာတုန္းကလည္း ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးၿပီး အဲဒီအခ်ိန္တုန္းက ေပါ့တားဟာ ႀကီးမားတဲ့အလုပ္အကိုင္အခြင့္အလမ္းကို ေစာင့္ဆိုင္းေနတာေၾကာင့္ ဆြီဒင္လက္ေ႐ြးစင္နည္းျပရာထူးနဲ႔ စတုတ္စီးတီးဆီကေန ခ်ဥ္းကပ္မႈေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.