Match Report Premier League

ဘီဆူးမားရဲ့ မိုက်မဲတဲ့ အနီကတ်ကြောင့် ဖောရက်စ်ကို အနိုင်ရဖို့ ရုန်းခဲ့ရတဲ့ စပါးစ်

စပါးစ်တို့အနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ရှေ့က လေးပွဲဆက်တိုက် ဆိုးရွားထားတဲ့ ရလဒ်တွေကို ပြန်လည်ဖာထေးဖို့အတွက် အသင်းငယ်တစ်သင်းလို့ ဆိုနိုင်တဲ့ နော့တင်ဟမ်ဖောရက်စ်တို့နဲ့ပွဲမှာ နိုင်ပွဲရဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အသာစီးကနေ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပေမယ့် ဘီဆူးမားရဲ့ မိုက်မဲမှုကြောင့် သုံးမှတ်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပိုစတီကိုဂလူးရဲ့ ဧည့်သည်တွေအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပါပီ မာတာ ဆားရ်၊ ဘီဆူးမားနဲ့ ကူလူရှက်ဗ်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန်၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။

တစ်သက်လုံး တုံးအနေဦးမယ့် ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘိုလီ၊ မူရီလိုနဲ့ နီယာခါတေးတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ မန်ဂါလာ၊ ကူယာတေး၊ ယိတ်စ်၊ နီကို ဝီလီယမ်စ်နဲ့ တော့ဖိုလိုတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်နဲ့ အီလန်ဂါတို့ကို တွဲဖက်ပေးခဲ့ချိန်မှာ ဟဒ်ဆန်-အိုဒွိုင်း၊ ခရစ္စဝုဒ်နဲ့ အိုရီဂီတို့ကို အရန်ခုံမှာပဲ ထားခဲ့တာ ဖြစ်ပါတယ်။

စိတ်ကုန်စရာ နည်းပြ စတိဗ် ကူးပါးအနေနဲ့ ဘောလုံးကျွမ်းကျင်မှုမှာ နာမည်ကြီးတဲ့ ဘရာဇီးလ်သားတွေကို ခေါ်ရင်တောင်မှ အိုင်ကျူအနိမ့်ဆုံး လူမျိုးကို ရွေးခေါ်သလားလို့ မေးစရာဖြစ်ခဲ့ပြီး အသင်းတစ်သင်းရဲ့ ကစားကွက်ကို နည်းစနစ်ကျကျ ဟန်ချက်ညီညီ မတည်ဆောက်နိုင်သလို သူထုတ်သုံးခဲ့တဲ့ ရှေ့တန်းအတွဲက ကွင်းလယ်လူ ဂစ်ဘ်စ်-ဝှိုက်နဲ့ တောင်ပံသမား အီလန်ဂါတို့ဖြစ်နေခဲ့ချိန်မှာ တိုက်စစ်မှူးစစ်စစ် ပါဝင်မလာတာက ဟားစရာပဲဖြစ်ခဲ့ရတာပါ။

စပါးစ်တို့ကပဲ ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပေမယ့် အချိတ်အဆက်တချို့ လွဲချော်ခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဘရင်နန် ဂျွန်ဆန် ဒဏ်ရာရသွားခဲ့လို့ ကွင်းလယ်လူ စကစ်ပ်နဲ့ လဲခဲ့ရပြီး ကူလူရှက်ဗ်စကီးက ညာတောင်ပံကို ထွက်ကစားတော့မှ ကစားကွက်က ပြန်မှန်လာခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ ရတဲ့ ဖရီးကစ်ကနေ ညာခြမ်းကို ပေးပြီး ကူလူရှက်ဗ်စကီးက တောင်ပံကနေ တော့ဖိုလိုကို ကျော်ပြီး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရစ်ချာလစ်ဆန်က ဂိုးရှေ့မှာ အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဖောရက်စ်တို့ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကြံ့ခိုင်မှုကလွဲရင် ဦးနှောက်ပါလာပုံမရတဲ့ မန်ဂါလာ၊ ယိတ်စ်နဲ့ ကူယာတေးတို့လို ကွင်းလယ်လူတွေက ဘာမှ ဖန်တီးပေးနိုင်ခြင်း မရှိသလို ညာတောင်ပံကနေ ဝီလီယမ်စ်က ရှားရှားပါးပါး ဂိုးရှေ့ဖြတ်ပို့ပြီး အီလန်ဂါ ပိတ်သွင်းလို့ ဂိုးပိုက်ထဲ ရောက်သွားခဲ့တဲ့ ဘောလုံးကတော့ VAR မှာ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ စပါးစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဝီလီယမ်စ်ရဲ့ နောက်ပြန်ပေးမှုကို ဂိုးသမား တာနာက ဖြစ်သလို ရှင်းထုတ်ခဲ့ရာမှာ ညာခြမ်းကနေ ဘောလုံးပြန်ရသွားခဲ့တဲ့ ကူလူရှက်ဗ်စကီးက သူ့ကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဖောရက်စ်ခံစစ်မှူး မူရီလိုကို တစ်ကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်ပြီး ညာခြေနဲ့ ကျုံးကန်ထည့်ခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ဖောရက်စ်တို့ဘက်က ကူယာတေးနဲ့ ဘိုလီတို့အစား ဒါနီလိုနဲ့ ခရစ္စဝုဒ်တို့ ဝင်လာခဲ့ကြပြီး တစ်မိနစ်အကြာမှာတော့ ယိတ်စ်ရဲ့ ဒူးအောက်နားကို ဘောလုံးယှဉ်လုရင်း ခပ်သာသာ ကန်မိတဲ့ စပါးစ်ကွင်းလယ်လူ ဘီဆူးမားကို ဒိုင်လူကြီး ဂျီးလက်က အဝါအရင်ပြပြီးမှ VAR ပြန်ကြည့်ပြီး မပြရင်လဲဖြစ်တဲ့ အနီကတ်နဲ့ ထုတ်ပစ်ခဲ့လို့ ဧည့်သည်တွေ တစ်ယောက်လျော့နဲ့ ကစားခဲ့ကြရပါတယ်။

ကွင်းထဲမှာ တစ်ယောက်သာနေပြီး နှစ်ဂိုးရှုံးနေလို့ ချေပဖို့ လိုနေပေမယ့် ဖောရက်စ်တို့ အိုးနင်းခွက်နင်းပဲ ဖြစ်နေခဲ့သလို ဂိုးရှေ့ကို ဖြတ်တင်တိုင်း ပိတ်သွင်းမယ့်သူတွေ မရှိတာက ငိုအားထက် ရယ်အားသန်စရာဖြစ်ခဲ့ရပြီး နည်းပြရော ကစားသမားတွေပါ အိုင်ကျူနိမ့်တဲ့ အသင်းညံ့တစ်သင်းလို့ပဲ မှတ်တမ်းတင်ရတော့မှာဖြစ်သလို မနှစ်က တန်းမဆင်းရပေမယ့် ဒီနှစ် တန်းဆင်းသွားမှ အေးမယ်လို့ မေတ္တာပို့ချင်စရာလည်းဖြစ်ခဲ့ရတာပါ။

ဖောရက်စ်တို့ဘက်က မန်ဂါလာအစား ဟဒ်ဆန်-အိုဒွိုင်းကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လက်ကျန်ပွဲချိန်တွေကို ဆယ်ယောက်နဲ့ စပါးစ်တို့က ဂိုးသမား ဗီကာရီယို အားကိုးနဲ့ တောင့်ခံသွားခဲ့ကြသလို နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့ပေမယ့် ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဉာဏ်ရည်မမီတဲ့ အိမ်ရှင်တွေကတော့ ဒိုင်ကူပေမယ့်လည်း ချေပဂိုးတစ်ဂိုးတောင်မှ မယူနိုင်ခဲ့ဘဲ ပွဲသိမ်းခဲ့ရတာဖြစ်ပါတယ်။

နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး သုံးမှတ်ယူနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် တော့တင်ဟမ်ဟော့စပါးတို့အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ မှာ တစ်ပွဲပိုကစားပြီး မန်စီးတီးတို့နဲ့ ၃၃ မှတ်ချင်း တူသွားနိုင်ခဲ့ကြသလို တစ်ပွဲလုံး ၁၅ ကြိမ်ကန်ပြီး ၁ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တဲ့ ဖောရက်စ်တို့ကတော့ အဆင့် ၁၇ က အဲဗာတန်တို့ ကျော်တက်တာခံရဖို့တောင် နီးစပ်လာခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။‌

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပါးစ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ ေရွ႕က ေလးပြဲဆက္တိုက္ ဆိုး႐ြားထားတဲ့ ရလဒ္ေတြကို ျပန္လည္ဖာေထးဖို႔အတြက္ အသင္းငယ္တစ္သင္းလို႔ ဆိုႏိုင္တဲ့ ေနာ့တင္ဟမ္ေဖာရက္စ္တို႔နဲ႔ပြဲမွာ ႏိုင္ပြဲရဖို႔ ပစ္မွတ္ထားခဲ့တာျဖစ္ၿပီး အသာစီးကေန ကစားႏိုင္ခဲ့သလို ဦးေဆာင္ဂိုးေတြလည္း သြင္းယူႏိုင္ခဲ့ေပမယ့္ ဘီဆူးမားရဲ႕ မိုက္မဲမႈေၾကာင့္ သုံးမွတ္ရဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ပိုစတီကိုဂလူးရဲ႕ ဧည့္သည္ေတြအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဘန္ေဒးဗီးစ္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါပီ မာတာ ဆားရ္၊ ဘီဆူးမားနဲ႔ ကူလူရွက္ဗ္စကီးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘရင္နန္ ဂြၽန္ဆန္၊ ဆြန္ေဟာင္မင္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

တစ္သက္လုံး တုံးအေနဦးမယ့္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ ဘိုလီ၊ မူရီလိုနဲ႔ နီယာခါေတးတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ မန္ဂါလာ၊ ကူယာေတး၊ ယိတ္စ္၊ နီကို ဝီလီယမ္စ္နဲ႔ ေတာ့ဖိုလိုတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဂစ္ဘ္စ္-ဝႈိက္နဲ႔ အီလန္ဂါတို႔ကို တြဲဖက္ေပးခဲ့ခ်ိန္မွာ ဟဒ္ဆန္-အိုဒြိဳင္း၊ ခရစၥဝုဒ္နဲ႔ အိုရီဂီတို႔ကို အရန္ခုံမွာပဲ ထားခဲ့တာ ျဖစ္ပါတယ္။

စိတ္ကုန္စရာ နည္းျပ စတိဗ္ ကူးပါးအေနနဲ႔ ေဘာလုံးကြၽမ္းက်င္မႈမွာ နာမည္ႀကီးတဲ့ ဘရာဇီးလ္သားေတြကို ေခၚရင္ေတာင္မွ အိုင္က်ဴအနိမ့္ဆုံး လူမ်ိဳးကို ေ႐ြးေခၚသလားလို႔ ေမးစရာျဖစ္ခဲ့ၿပီး အသင္းတစ္သင္းရဲ႕ ကစားကြက္ကို နည္းစနစ္က်က် ဟန္ခ်က္ညီညီ မတည္ေဆာက္ႏိုင္သလို သူထုတ္သုံးခဲ့တဲ့ ေရွ႕တန္းအတြဲက ကြင္းလယ္လူ ဂစ္ဘ္စ္-ဝႈိက္နဲ႔ ေတာင္ပံသမား အီလန္ဂါတို႔ျဖစ္ေနခဲ့ခ်ိန္မွာ တိုက္စစ္မႉးစစ္စစ္ ပါဝင္မလာတာက ဟားစရာပဲျဖစ္ခဲ့ရတာပါ။

စပါးစ္တို႔ကပဲ ပြဲကို ထိန္းခ်ဳပ္ကစားသြားခဲ့ေပမယ့္ အခ်ိတ္အဆက္တခ်ိဳ႕ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့သလို ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ ဘရင္နန္ ဂြၽန္ဆန္ ဒဏ္ရာရသြားခဲ့လို႔ ကြင္းလယ္လူ စကစ္ပ္နဲ႔ လဲခဲ့ရၿပီး ကူလူရွက္ဗ္စကီးက ညာေတာင္ပံကို ထြက္ကစားေတာ့မွ ကစားကြက္က ျပန္မွန္လာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ရတဲ့ ဖရီးကစ္ကေန ညာျခမ္းကို ေပးၿပီး ကူလူရွက္ဗ္စကီးက ေတာင္ပံကေန ေတာ့ဖိုလိုကို ေက်ာ္ၿပီး ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ရစ္ခ်ာလစ္ဆန္က ဂိုးေရွ႕မွာ အျမင့္ဆုံးခုန္ၿပီး ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ေဖာရက္စ္တို႔ ျပန္လာႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ႀကံ့ခိုင္မႈကလြဲရင္ ဦးေႏွာက္ပါလာပုံမရတဲ့ မန္ဂါလာ၊ ယိတ္စ္နဲ႔ ကူယာေတးတို႔လို ကြင္းလယ္လူေတြက ဘာမွ ဖန္တီးေပးႏိုင္ျခင္း မရွိသလို ညာေတာင္ပံကေန ဝီလီယမ္စ္က ရွားရွားပါးပါး ဂိုးေရွ႕ျဖတ္ပို႔ၿပီး အီလန္ဂါ ပိတ္သြင္းလို႔ ဂိုးပိုက္ထဲ ေရာက္သြားခဲ့တဲ့ ေဘာလုံးကေတာ့ VAR မွာ လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဝီလီယမ္စ္ရဲ႕ ေနာက္ျပန္ေပးမႈကို ဂိုးသမား တာနာက ျဖစ္သလို ရွင္းထုတ္ခဲ့ရာမွာ ညာျခမ္းကေန ေဘာလုံးျပန္ရသြားခဲ့တဲ့ ကူလူရွက္ဗ္စကီးက သူ႔ကို ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ ေဖာရက္စ္ခံစစ္မႉး မူရီလိုကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ျဖတ္ေက်ာ္ၿပီး ညာေျခနဲ႔ က်ဳံးကန္ထည့္ခဲ့ရာမွာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ဘက္က ကူယာေတးနဲ႔ ဘိုလီတို႔အစား ဒါနီလိုနဲ႔ ခရစၥဝုဒ္တို႔ ဝင္လာခဲ့ၾကၿပီး တစ္မိနစ္အၾကာမွာေတာ့ ယိတ္စ္ရဲ႕ ဒူးေအာက္နားကို ေဘာလုံးယွဥ္လုရင္း ခပ္သာသာ ကန္မိတဲ့ စပါးစ္ကြင္းလယ္လူ ဘီဆူးမားကို ဒိုင္လူႀကီး ဂ်ီးလက္က အဝါအရင္ျပၿပီးမွ VAR ျပန္ၾကည့္ၿပီး မျပရင္လဲျဖစ္တဲ့ အနီကတ္နဲ႔ ထုတ္ပစ္ခဲ့လို႔ ဧည့္သည္ေတြ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ၾကရပါတယ္။

ကြင္းထဲမွာ တစ္ေယာက္သာေနၿပီး ႏွစ္ဂိုးရႈံးေနလို႔ ေခ်ပဖို႔ လိုေနေပမယ့္ ေဖာရက္စ္တို႔ အိုးနင္းခြက္နင္းပဲ ျဖစ္ေနခဲ့သလို ဂိုးေရွ႕ကို ျဖတ္တင္တိုင္း ပိတ္သြင္းမယ့္သူေတြ မရွိတာက ငိုအားထက္ ရယ္အားသန္စရာျဖစ္ခဲ့ရၿပီး နည္းျပေရာ ကစားသမားေတြပါ အိုင္က်ဴနိမ့္တဲ့ အသင္းညံ့တစ္သင္းလို႔ပဲ မွတ္တမ္းတင္ရေတာ့မွာျဖစ္သလို မႏွစ္က တန္းမဆင္းရေပမယ့္ ဒီႏွစ္ တန္းဆင္းသြားမွ ေအးမယ္လို႔ ေမတၱာပို႔ခ်င္စရာလည္းျဖစ္ခဲ့ရတာပါ။

ေဖာရက္စ္တို႔ဘက္က မန္ဂါလာအစား ဟဒ္ဆန္-အိုဒြိဳင္းကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ လက္က်န္ပြဲခ်ိန္ေတြကို ဆယ္ေယာက္နဲ႔ စပါးစ္တို႔က ဂိုးသမား ဗီကာရီယို အားကိုးနဲ႔ ေတာင့္ခံသြားခဲ့ၾကသလို နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ေပးခဲ့ေပမယ့္ ဘာမွ မလုပ္တတ္ မကိုင္တတ္နဲ႔ ဉာဏ္ရည္မမီတဲ့ အိမ္ရွင္ေတြကေတာ့ ဒိုင္ကူေပမယ့္လည္း ေခ်ပဂိုးတစ္ဂိုးေတာင္မွ မယူႏိုင္ခဲ့ဘဲ ပြဲသိမ္းခဲ့ရတာျဖစ္ပါတယ္။

ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ အႏိုင္ရခဲ့ၿပီး သုံးမွတ္ယူႏိုင္ခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးတို႔အေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ မွာ တစ္ပြဲပိုကစားၿပီး မန္စီးတီးတို႔နဲ႔ ၃၃ မွတ္ခ်င္း တူသြားႏိုင္ခဲ့ၾကသလို တစ္ပြဲလုံး ၁၅ ႀကိမ္ကန္ၿပီး ၁ ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့တဲ့ ေဖာရက္စ္တို႔ကေတာ့ အဆင့္ ၁၇ က အဲဗာတန္တို႔ ေက်ာ္တက္တာခံရဖို႔ေတာင္ နီးစပ္လာခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။‌

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.