Ligue1 Match Report Premier League UCL&UEL

လွန်းစ်ကို ၆ ဂိုးသွင်းပြီး ဆင်ပျံကြီးတို့ ရက်စက်တတ်ကြောင်း ပြသခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လွန်းစ်အသင်းကတော့ ဂိုးသမား ဆမ်ဘာ၊ ခံစစ်မှာ ဒန်ဆို၊ ဂရာဒစ်နဲ့ မက်ဒီနာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အက်ဘ်ဒူလ် ဆာမက်၊ မန်ဒီ၊ ဖရန်ကော့ဗ်စကီးနဲ့ ဟိုက်ဒါရာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆိုတိုကာ၊ ဖူလ်ဂျီနီနဲ့ ဝါဟီတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

လူစုံထုတ်လာတဲ့ အာဆင်နယ်တို့အနေနဲ့ အဝေးကွင်းမှာ လူမိုက်လုပ်ချင်တဲ့ လွန်းစ်တို့ကို ထိန်းချုပ်နိုင်ဖို့ အနည်းငယ်တော့ အချိန်ယူခဲ့ကြရပြီး ဗဟိုခံစစ် ညာခြမ်းက ဆာလီဘာ ပုံမှန်ခြေအောက် ရောက်နေမှုနဲ့ နှေးကွေးလေးလံမှုတွေကို ပြသနေတာအတွက်တော့ ခံစစ်က အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် အသင်းလိုက်မှာတော့ အကောင်းဆုံး ကစားသွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးရှေ့မှာ လွန်းစ်နောက်ခံလူ အက်ဘ်ဒူလ် ဆာမက်ရဲ့ အမှားကနေ ဂျေဆူးစ်က ခေါင်းတိုက်ချပေးခဲ့ရာမှာ နောက်က ပြေးဝင်လာတဲ့ ဟာဗတ်ဇ်က မြေမကျ ကန်သွင်းပြီး နှစ်ပွဲဆက်သွင်းဂိုးနဲ့ ဂိုးသမား ဆမ်ဘာကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ တိုးဝင်လာတဲ့ ဆာကာက ဧရိယာထဲမှာ လွန်းစ်နောက်ခံလူတွေကြားကနေ ဘောလုံးကို ခြေနဲ့ချိတ်ပြီး ထုတ်ပေးလိုက်တာကို ဂျေဆူးစ်က ဝင်ဖျက်တဲ့ နောက်ခံလူကို တစ်ချက်ခေါက်ပြီးမှ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ အာဆင်နယ်တို့အတွက် တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဆွဲယူပြီး ကန်သွင်းဖို့ ကြိုးစားတဲ့ မာတီနယ်လီရဲ့ ကန်ချက်ကို ဂိုးသမား ဆမ်ဘာ ပုတ်ထုတ်ခဲ့ရာမှာ နောက်ကနေ ပြေးဝင်လာတဲ့ ဆာကာရဲ့ ဗိုက်နဲ့ထိပြီး ဂိုးထဲကို ပြန်ဝင်သွားခဲ့တာကြောင့် သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာ အာဆင်နယ်တို့ပဲ စတုတ္ထဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ အပေးအယူလုပ်ပြီး ညာခြမ်းရောက်လာတဲ့ ဘောလုံးကို တိုမီယာစုက ဘယ်တောင်ပံကို Diagonal Pass တင်ပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ မာတီနယ်လီက တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဧရိယာထဲအထိ ဆွဲပြေးကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ပဉ္စမမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဆာကာ ဆွဲယူလာပြီး တောင်ပံကို ထုတ်ပေးရာမှာ ပြေးတက်လာတဲ့ တိုမီယာစုက ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို အော်ဒီဂွါဒ်က ညာဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းယူသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ငါးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ အာဆင်နယ်တို့ဘက်က တိုမီယာစုနဲ့ ဇင်ချန်ကိုတို့ အနားပေးပြီး ဘန်ဝှိုက်နဲ့ ကီဗီယာတို့ကို ထည့်သွင်းလာခဲ့သလို လွန်းစ်တို့ဘက်ကတော့ အက်ဘ်ဒူလ် ဆာမက်၊ ဆိုတိုကာနဲ့ မက်ဒီနာတို့အစား အယ်လ်အိုင်နာဝီ၊ သော်မတ်ဆန်နဲ့ မာချာဒိုတို့ကို လူစားလဲခဲ့ပြီး အိမ်ရှင်တွေအနေနဲ့ ပွဲကို ထိန်းကစားဖို့ပဲ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ အာဆင်နယ်တို့က ငါးဂိုးနဲ့ ဦးဆောင်ထားချိန်မှာ လွန်းစ်ကို ဘောလုံးပေးကိုင်ပြီး ကောင်တာချောင်းကစားဖို့ပဲ ကြိုးစားသွားခဲ့သလို ဧည့်သည်တွေအနေနဲ့ အရှက်ပြေဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အိမ်ရှင်တွေဘက်ကတော့ ဆာကာ၊ ရိုက်စ်နဲ့ ဂျေဆူးစ်တို့အစား နယ်လ်ဆန်၊ ဂျော်ဂျင်ညိုနဲ့ နကီးတီးယားတို့ကို အသုံးပြုသွားခဲ့ကြတာပါ။

ပွဲချိန် ၈၆ မိနစ်မှာ အာဆင်နယ်တို့ ဂိုးဒါဇင်ဝက် ပြည့်သွားခဲ့သလို ဒီဂိုးကိုတော့ လွန်းစ်ဘက်က လူစားဝင် နောက်ခံလူ ခူဆာနော့ဗ်က ဧရိယာထဲမှာ မာတီနယ်လီရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့ပြီး အဲ့ဒီလက်က ဘောလုံးကိုပါ ထိသွားခဲ့တဲ့ Double Offense ကြောင့် ပေးရတဲ့ ပင်နယ်တီကို လူစားဝင်လာတဲ့ ဂျော်ဂျင်ညိုက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က လွန်းစ်တို့ကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု(ဘီ)ရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ကြသလို ဒုတိယနေရာက ပီအက်စ်ဗီကို လေးမှတ်ဖြတ်ထားနိုင်ခဲ့လို့ သူတို့နဲ့ ကစားရမယ့် လာမယ့် ပွဲစဉ်(၆)ကို စောင့်စရာ မလိုတော့ဘဲ စိတ်အေးခဲ့ရချိန်မှာ လှပတဲ့ ဂိုးပြတ်နိုင်ပွဲနဲ့ ပရိသတ်တွေကို စိတ်ကျေနပ်စေနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဟာဗတ္ဇ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လြန္းစ္အသင္းကေတာ့ ဂိုးသမား ဆမ္ဘာ၊ ခံစစ္မွာ ဒန္ဆို၊ ဂရာဒစ္နဲ႔ မက္ဒီနာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အက္ဘ္ဒူလ္ ဆာမက္၊ မန္ဒီ၊ ဖရန္ေကာ့ဗ္စကီးနဲ႔ ဟိုက္ဒါရာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆိုတိုကာ၊ ဖူလ္ဂ်ီနီနဲ႔ ဝါဟီတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

လူစုံထုတ္လာတဲ့ အာဆင္နယ္တို႔အေနနဲ႔ အေဝးကြင္းမွာ လူမိုက္လုပ္ခ်င္တဲ့ လြန္းစ္တို႔ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အနည္းငယ္ေတာ့ အခ်ိန္ယူခဲ့ၾကရၿပီး ဗဟိုခံစစ္ ညာျခမ္းက ဆာလီဘာ ပုံမွန္ေျခေအာက္ ေရာက္ေနမႈနဲ႔ ေႏွးေကြးေလးလံမႈေတြကို ျပသေနတာအတြက္ေတာ့ ခံစစ္က အနည္းငယ္ ႐ုန္းကန္ခဲ့ရေပမယ့္ အသင္းလိုက္မွာေတာ့ အေကာင္းဆုံး ကစားသြားႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂိုးေရွ႕မွာ လြန္းစ္ေနာက္ခံလူ အက္ဘ္ဒူလ္ ဆာမက္ရဲ႕ အမွားကေန ေဂ်ဆူးစ္က ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ ေနာက္က ေျပးဝင္လာတဲ့ ဟာဗတ္ဇ္က ေျမမက် ကန္သြင္းၿပီး ႏွစ္ပြဲဆက္သြင္းဂိုးနဲ႔ ဂိုးသမား ဆမ္ဘာကို အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန တိုးဝင္လာတဲ့ ဆာကာက ဧရိယာထဲမွာ လြန္းစ္ေနာက္ခံလူေတြၾကားကေန ေဘာလုံးကို ေျခနဲ႔ခ်ိတ္ၿပီး ထုတ္ေပးလိုက္တာကို ေဂ်ဆူးစ္က ဝင္ဖ်က္တဲ့ ေနာက္ခံလူကို တစ္ခ်က္ေခါက္ၿပီးမွ အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔အတြက္ တတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဆြဲယူၿပီး ကန္သြင္းဖို႔ ႀကိဳးစားတဲ့ မာတီနယ္လီရဲ႕ ကန္ခ်က္ကို ဂိုးသမား ဆမ္ဘာ ပုတ္ထုတ္ခဲ့ရာမွာ ေနာက္ကေန ေျပးဝင္လာတဲ့ ဆာကာရဲ႕ ဗိုက္နဲ႔ထိၿပီး ဂိုးထဲကို ျပန္ဝင္သြားခဲ့တာေၾကာင့္ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာ အာဆင္နယ္တို႔ပဲ စတုတၳဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ အေပးအယူလုပ္ၿပီး ညာျခမ္းေရာက္လာတဲ့ ေဘာလုံးကို တိုမီယာစုက ဘယ္ေတာင္ပံကို Diagonal Pass တင္ေပးခဲ့ရာမွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားႏိုင္ခဲ့တဲ့ မာတီနယ္လီက တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဧရိယာထဲအထိ ဆြဲေျပးကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ပၪၥမေျမာက္သြင္းဂိုးကို ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဆာကာ ဆြဲယူလာၿပီး ေတာင္ပံကို ထုတ္ေပးရာမွာ ေျပးတက္လာတဲ့ တိုမီယာစုက ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို ေအာ္ဒီဂြါဒ္က ညာဘက္တိုင္ေျခကို အနိမ့္ေဘာကန္သြင္းယူသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ငါးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ အာဆင္နယ္တို႔ဘက္က တိုမီယာစုနဲ႔ ဇင္ခ်န္ကိုတို႔ အနားေပးၿပီး ဘန္ဝႈိက္နဲ႔ ကီဗီယာတို႔ကို ထည့္သြင္းလာခဲ့သလို လြန္းစ္တို႔ဘက္ကေတာ့ အက္ဘ္ဒူလ္ ဆာမက္၊ ဆိုတိုကာနဲ႔ မက္ဒီနာတို႔အစား အယ္လ္အိုင္နာဝီ၊ ေသာ္မတ္ဆန္နဲ႔ မာခ်ာဒိုတို႔ကို လူစားလဲခဲ့ၿပီး အိမ္ရွင္ေတြအေနနဲ႔ ပြဲကို ထိန္းကစားဖို႔ပဲ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာ အာဆင္နယ္တို႔က ငါးဂိုးနဲ႔ ဦးေဆာင္ထားခ်ိန္မွာ လြန္းစ္ကို ေဘာလုံးေပးကိုင္ၿပီး ေကာင္တာေခ်ာင္းကစားဖို႔ပဲ ႀကိဳးစားသြားခဲ့သလို ဧည့္သည္ေတြအေနနဲ႔ အရွက္ေျပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ အိမ္ရွင္ေတြဘက္ကေတာ့ ဆာကာ၊ ႐ိုက္စ္နဲ႔ ေဂ်ဆူးစ္တို႔အစား နယ္လ္ဆန္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ နကီးတီးယားတို႔ကို အသုံးျပဳသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာ အာဆင္နယ္တို႔ ဂိုးဒါဇင္ဝက္ ျပည့္သြားခဲ့သလို ဒီဂိုးကိုေတာ့ လြန္းစ္ဘက္က လူစားဝင္ ေနာက္ခံလူ ခူဆာေနာ့ဗ္က ဧရိယာထဲမွာ မာတီနယ္လီရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ခဲ့ၿပီး အဲ့ဒီလက္က ေဘာလုံးကိုပါ ထိသြားခဲ့တဲ့ Double Offense ေၾကာင့္ ေပးရတဲ့ ပင္နယ္တီကို လူစားဝင္လာတဲ့ ေဂ်ာ္ဂ်င္ညိဳက အမွားအယြင္းမရွိ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က လြန္းစ္တို႔ကို ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး အုပ္စု(ဘီ)ရဲ႕ ထိပ္ဆုံးေနရာကို သိမ္းပိုက္ႏိုင္ခဲ့ၾကသလို ဒုတိယေနရာက ပီအက္စ္ဗီကို ေလးမွတ္ျဖတ္ထားႏိုင္ခဲ့လို႔ သူတို႔နဲ႔ ကစားရမယ့္ လာမယ့္ ပြဲစဥ္(၆)ကို ေစာင့္စရာ မလိုေတာ့ဘဲ စိတ္ေအးခဲ့ရခ်ိန္မွာ လွပတဲ့ ဂိုးျပတ္ႏိုင္ပြဲနဲ႔ ပရိသတ္ေတြကို စိတ္ေက်နပ္ေစႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.