UCL&UEL

ချန်ပီယံလိဂ်ဝင်ခွင့်အပိုနေရာကို ဆုံးရှုံးရနိုင်ခြေရှိနေတဲ့ ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့ ၂ သင်းစလုံး ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ကလပ်တွေဟာ ယခုရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အပိုနေရာကို ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ်ကို လာမယ့်ရာသီမှာ ၃၆ သင်းလိဂ်ပုံစံ တိုးချဲ့ကျင်းပမှာဖြစ်တာကြောင့် ဥရောပလိဂ် ၂ ခုဟာ အပိုဝင်ခွင့်တစ်နေရာစီ ရရှိကြမှာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာရတဲ့အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ဝင်ခွင့် အပိုနေရာတွေကို ဘယ်လိဂ် ၂ ခုက ရရှိသွားမလဲဆိုတာကို ယူအီးအက်အေပြိုင်ပွဲတွေက ဥရောပကလပ်တွေအားလုံးရဲ့ရလဒ်တွေအပေါ်မှာ အခြေခံပြီး သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ကြည့်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ ရာသီထဲက ၆ ရာသီမှာ ပရီးမီးယားလိဂ်ဟာ ဥရောပမှာ အသင်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ အပိုရရှိခဲ့တာဖြစ်ပေမယ့်လည်း မန်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ဟာ ဒီရာသီမှာ အုပ်စုဘိတ်ချေးအဖြစ်နဲ့ ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ESPN ရဲ့ အဆင့်ညွှန်ကိန်းတွက်ချက်မှုမှာ အင်္ဂလန်က ဂျာမနီနဲ့ အီတလီလိဂ်တွေနောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျာမနီကလပ် ၆သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်၊ လေဗာကူဆင်၊ ဖရိုင်းဘတ်၊ ဖရန့်ဖွတ်တို့ဟာ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး အီတလီကလပ်အသင်းတွေဖြစ်တဲ့ အင်တာ၊ နာပိုလီ၊ လာဇီယို၊ အေစီ၊ ရိုးမား၊ အတ္တလန္တာ၊ ဖီအိုရင်တီးနားတို့လည်း ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် အင်္ဂလန်ဘက်မှာ အာဆင်နယ်၊ မန်စီးတီး၊ ဘရိုက်တန်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ အက်စတန် ဗီလာတို့သာ ဥရောပပြိုင်ပွဲမှာ ကျန်ရစ်တော့တာဖြစ်ပါတယ်။

စပိန်ကလည်း ဆီဗီလာ၊ အိုဆာဆူနာတို့ ထွက်ခွာခဲ့ရပေမယ့်လည်း ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ ရီးရဲလ်ဆိုစီဒက်တို့အားလုံး ရှုံးထွက်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီဖြစ်ပြီး ရီးရဲလ်ဘက်တစ်နဲ့ ဗီလာရီးရဲလ်တို့ကလည်း ဥရောပပြိုင်ပွဲမှာ ကျန်ရစ်နေသေးတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ အဆင့်ညွှန်းကိန်း တွက်ချက်ပုံ

ဒီရာသီ အဆင့်ညွှန်းကိန်းတွက်ချက်မှုကို ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်းဖရင့်လိဂ်တို့က အသင်းတွေ အားလုံးရတဲ့အမှတ်နဲ့ တွက်ချက်မှာဖြစ်ပြီး ပြီးတဲ့နောက်မှာ ယူအီးအက်ဖ်အေ ပြိုင်ပွဲ ၃ ခုမှာ ပါဝင်ခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့ချုပ်က အသင်းအရေအတွက်နဲ့ ပြန်စားမှာပါ။

ရမှတ်ပေးမယ့်ပုံစံ

၂ မှတ်-အုပ်စုအဆင့်ကနေ ပွဲအားလုံးအနိုင်ရသူ(UCL,UEL,UECL)
၁ မှတ်- ဝင်ခွင့်နဲ့ ပလေးအော့ဖ်ပွဲတွေမှာ ပွဲအားလုံးအနိုင်ရသူ(UCL,UEL,UECL)
၁ မှတ်- အုပ်စုအဆင့်မှာ ပွဲအားလုံး သရေကျသူ(UCL,UEL,UECL)
၀.၅ မှတ်- ဝင်ခွင့်နဲ့ ပလေးအော့ဖ်အဆင့်ပွဲစဉ်တွေအားလုံးမှာ သရေကျသူ(UCL,UEL,UECL)
၄ မှတ်- အုပ်စုအဆင့် အပိုဆုကြေးငွေ ရရှိသူ((UCL,UEL)
၄ မှတ်- ၁၆ သင်းအဆင့် အပိုဆုကြေးငွေ ရရှိသူ((UCL)
၄ မှတ်- အုပ်စုဗိုလ်များ((UEL)
၂ မှတ်- အုပ်စုဒုတိယ((UEL)
၂ မှတ်- အုပ်စုဗိုလ်များ((UECL)
၁ မှတ်- အုပ်စုဒုတိယ((UECL)
၁ မှတ်- ၁၆ သင်းရှုံးထွက်အဆင့်ကနေ တက်ရောက်တဲ့အသင်းများ(UCL,UEL,UECL)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နဲ႔ နယူးကာဆယ္ယူႏိုက္တက္တို႔ ၂ သင္းစလုံး ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္ကလပ္ေတြဟာ ယခုရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ အပိုေနရာကို ဆုံးရႈံးရႏိုင္တဲ့ အႏၲရာယ္ရွိေနတယ္လို႔ သိရပါတယ္။

ခ်န္ပီယံလိဂ္ကို လာမယ့္ရာသီမွာ ၃၆ သင္းလိဂ္ပုံစံ တိုးခ်ဲ႕က်င္းပမွာျဖစ္တာေၾကာင့္ ဥေရာပလိဂ္ ၂ ခုဟာ အပိုဝင္ခြင့္တစ္ေနရာစီ ရရွိၾကမွာျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ ေနရာရတဲ့အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္ဝင္ခြင့္ အပိုေနရာေတြကို ဘယ္လိဂ္ ၂ ခုက ရရွိသြားမလဲဆိုတာကို ယူအီးအက္ေအၿပိဳင္ပြဲေတြက ဥေရာပကလပ္ေတြအားလုံးရဲ႕ရလဒ္ေတြအေပၚမွာ အေျခခံၿပီး သက္ဆိုင္ရာ ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြရဲ႕ အဆင့္သတ္မွတ္ခ်က္ကို ၾကည့္ၿပီး ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၇ ရာသီထဲက ၆ ရာသီမွာ ပရီးမီးယားလိဂ္ဟာ ဥေရာပမွာ အသင္းေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းမြန္မႈေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာ အပိုရရွိခဲ့တာျဖစ္ေပမယ့္လည္း မန္ယူႏိုက္တက္နဲ႔ နယူးကာဆယ္တို႔ဟာ ဒီရာသီမွာ အုပ္စုဘိတ္ေခ်းအျဖစ္နဲ႔ ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာေၾကာင့္ ESPN ရဲ႕ အဆင့္ၫႊန္ကိန္းတြက္ခ်က္မႈမွာ အဂၤလန္က ဂ်ာမနီနဲ႔ အီတလီလိဂ္ေတြေနာက္ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဂ်ာမနီကလပ္ ၆သင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မြန္၊ လိုက္ပ္ဇစ္၊ ေလဗာကူဆင္၊ ဖ႐ိုင္းဘတ္၊ ဖရန႔္ဖြတ္တို႔ဟာ ဥေရာပၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ၿပီး အီတလီကလပ္အသင္းေတြျဖစ္တဲ့ အင္တာ၊ နာပိုလီ၊ လာဇီယို၊ ေအစီ၊ ႐ိုးမား၊ အတၱလႏၲာ၊ ဖီအိုရင္တီးနားတို႔လည္း ဥေရာပၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ နယူးကာဆယ္တို႔ ဥေရာပၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာေၾကာင့္ အဂၤလန္ဘက္မွာ အာဆင္နယ္၊ မန္စီးတီး၊ ဘ႐ိုက္တန္၊ လီဗာပူးလ္၊ ဝက္စ္ဟမ္း၊ အက္စတန္ ဗီလာတို႔သာ ဥေရာပၿပိဳင္ပြဲမွာ က်န္ရစ္ေတာ့တာျဖစ္ပါတယ္။

စပိန္ကလည္း ဆီဗီလာ၊ အိုဆာဆူနာတို႔ ထြက္ခြာခဲ့ရေပမယ့္လည္း ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ အက္သလက္တီကို မက္ဒရစ္၊ ရီးရဲလ္ဆိုစီဒက္တို႔အားလုံး ရႈံးထြက္အဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ရီးရဲလ္ဘက္တစ္နဲ႔ ဗီလာရီးရဲလ္တို႔ကလည္း ဥေရာပၿပိဳင္ပြဲမွာ က်န္ရစ္ေနေသးတာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ အဆင့္ၫႊန္းကိန္း တြက္ခ်က္ပုံ

ဒီရာသီ အဆင့္ၫႊန္းကိန္းတြက္ခ်က္မႈကို ခ်န္ပီယံလိဂ္၊ ယူ႐ိုပါလိဂ္၊ ယူ႐ိုပါကြန္းဖရင့္လိဂ္တို႔က အသင္းေတြ အားလုံးရတဲ့အမွတ္နဲ႔ တြက္ခ်က္မွာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ ယူအီးအက္ဖ္ေအ ၿပိဳင္ပြဲ ၃ ခုမွာ ပါဝင္ခဲ့တဲ့ သက္ဆိုင္ရာ အဖြဲ႕ခ်ဳပ္က အသင္းအေရအတြက္နဲ႔ ျပန္စားမွာပါ။

ရမွတ္ေပးမယ့္ပုံစံ

၂ မွတ္-အုပ္စုအဆင့္ကေန ပြဲအားလုံးအႏိုင္ရသူ(UCL,UEL,UECL)
၁ မွတ္- ဝင္ခြင့္နဲ႔ ပေလးေအာ့ဖ္ပြဲေတြမွာ ပြဲအားလုံးအႏိုင္ရသူ(UCL,UEL,UECL)
၁ မွတ္- အုပ္စုအဆင့္မွာ ပြဲအားလုံး သေရက်သူ(UCL,UEL,UECL)
၀.၅ မွတ္- ဝင္ခြင့္နဲ႔ ပေလးေအာ့ဖ္အဆင့္ပြဲစဥ္ေတြအားလုံးမွာ သေရက်သူ(UCL,UEL,UECL)
၄ မွတ္- အုပ္စုအဆင့္ အပိုဆုေၾကးေငြ ရရွိသူ((UCL,UEL)
၄ မွတ္- ၁၆ သင္းအဆင့္ အပိုဆုေၾကးေငြ ရရွိသူ((UCL)
၄ မွတ္- အုပ္စုဗိုလ္မ်ား((UEL)
၂ မွတ္- အုပ္စုဒုတိယ((UEL)
၂ မွတ္- အုပ္စုဗိုလ္မ်ား((UECL)
၁ မွတ္- အုပ္စုဒုတိယ((UECL)
၁ မွတ္- ၁၆ သင္းရႈံးထြက္အဆင့္ကေန တက္ေရာက္တဲ့အသင္းမ်ား(UCL,UEL,UECL)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.