UCL&UEL

စံချိန်သစ်တင်ရမယ့်လူငယ်လေးကို နေရာမပေးခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ အာတီတာ

မီခေးလ် အာတီတာက အာဆင်နယ်ရဲ့ ပီအက်စ်ဗွီနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်ဟာ အီသန် နွာနယ်ရီအတွက် အရမ်းကြီးမားလွန်းတဲ့ပွဲစဉ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အခြား အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တွေအားလုံးလည်း အရန်ခုံတန်းမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

အက်ဒီ အန်ကီးတီးယားဟာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ အဖွင့်ဂိုးကို ပထမပိုင်းမှာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း အစမှာပဲ ဗာတက်ဆန်က ချေပဂိုး ပြန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

နွာနယ်ရီဟာ ပီအက်စ်ဗွီအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အရန်လူစာရင်းထဲ ပါဝင်လာခဲ့တာဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကစားသမားဟာ ဥရောပပြိုင်ပွဲမှာ အာဆင်နယ်အတွက် ပါဝင်ကစားပေးဖူးတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် ဂျက်ခ် ဝီလ်ရှိုင်းယားရဲ့စံချိန်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူငယ်ကွင်းလယ်ကစားသမားလေးဟာ လီနို ဆူဆာ၊ ရူရယ် ဝယ်လ်တာစ်တို့နဲ့အတူ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရဘဲ အရန်ခုံတန်းကနေသာ ပွဲကို ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာကို ဘာကြောင့် နွာနယ်ရီနဲ့ ကျန်တဲ့ အကယ်ဒမီထွက်ကစားသမားတွေကို ဝင်ကစားခွင့်မပေးတာလဲလို့ မေးမြန်းခဲ့ရာမှာ “ဒါက သင့်တော်တဲ့ အခြေအနေမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ၂ နှစ်အတွင်း ဒီမှာ ရှုံးပွဲမရှိသလောက်ဖြစ်တဲ့ အသင်းနဲ့ ရင်ဆိုင်တဲ့နေရာမှာ  အပြောင်းအလဲ ၈ ခုတောင် လုပ်ထားပြီးပြီလေဗျာ။ ခုချိန်က သင့်တော်တဲ့အချိန်လို့ ကျွန်တော် မထင်ဘူး။ ကျွန်တော် ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ခဲ့ပေမယ့် သူတို့ ဝင်ကစားဖို့အတွက်ကျတော့ အရမ်းကို ပွဲက ပြင်းထန်လွန်းနေတယ်။ ကျွန်တော်တို့မှာ ပြဿနာ ၃ ခုကလည်း ရှိနေတယ်။ ကျွန်တော်တို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ရပြီး ပြီးတော့ လဲစရာနေရာမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲကိုလည်း တကယ် ကစားချင်ခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မီေခးလ္ အာတီတာက အာဆင္နယ္ရဲ႕ ပီအက္စ္ဗြီနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္ဟာ အီသန္ ႏြာနယ္ရီအတြက္ အရမ္းႀကီးမားလြန္းတဲ့ပြဲစဥ္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး အျခား အကယ္ဒမီထြက္ လူငယ္ၾကယ္ပြင့္ေတြအားလုံးလည္း အရန္ခုံတန္းမွာသာ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

အက္ဒီ အန္ကီးတီးယားဟာ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ အဖြင့္ဂိုးကို ပထမပိုင္းမွာ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္း အစမွာပဲ ဗာတက္ဆန္က ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ႏြာနယ္ရီဟာ ပီအက္စ္ဗြီအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ အရန္လူစာရင္းထဲ ပါဝင္လာခဲ့တာျဖစ္ၿပီး အသက္ ၁၆ ႏွစ္အ႐ြယ္ ကစားသမားဟာ ဥေရာပၿပိဳင္ပြဲမွာ အာဆင္နယ္အတြက္ ပါဝင္ကစားေပးဖူးတဲ့ အသက္အငယ္ဆုံးကစားသမားအျဖစ္ ဂ်က္ခ္ ဝီလ္ရႈိင္းယားရဲ႕စံခ်ိန္ကို ျဖတ္ေက်ာ္ဖို႔ အခြင့္အေရးရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူငယ္ကြင္းလယ္ကစားသမားေလးဟာ လီႏို ဆူဆာ၊ ႐ူရယ္ ဝယ္လ္တာစ္တို႔နဲ႔အတူ လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳျခင္းမခံခဲ့ရဘဲ အရန္ခုံတန္းကေနသာ ပြဲကို ၾကည့္ရႈခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာတီတာကို ဘာေၾကာင့္ ႏြာနယ္ရီနဲ႔ က်န္တဲ့ အကယ္ဒမီထြက္ကစားသမားေတြကို ဝင္ကစားခြင့္မေပးတာလဲလို႔ ေမးျမန္းခဲ့ရာမွာ “ဒါက သင့္ေတာ္တဲ့ အေျခအေနမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ၂ ႏွစ္အတြင္း ဒီမွာ ရႈံးပြဲမရွိသေလာက္ျဖစ္တဲ့ အသင္းနဲ႔ ရင္ဆိုင္တဲ့ေနရာမွာ  အေျပာင္းအလဲ ၈ ခုေတာင္ လုပ္ထားၿပီးၿပီေလဗ်ာ။ ခုခ်ိန္က သင့္ေတာ္တဲ့အခ်ိန္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ကြၽန္ေတာ္ ပြဲက ဘယ္လိုျဖစ္လာမလဲဆိုတာကို ေစာင့္ၾကည့္ခဲ့ေပမယ့္ သူတို႔ ဝင္ကစားဖို႔အတြက္က်ေတာ့ အရမ္းကို ပြဲက ျပင္းထန္လြန္းေနတယ္။ ကြၽန္ေတာ္တို႔မွာ ျပႆနာ ၃ ခုကလည္း ရွိေနတယ္။ ကြၽန္ေတာ္တို႔ လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့ရၿပီး ၿပီးေတာ့ လဲစရာေနရာမရွိေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ပြဲကိုလည္း တကယ္ ကစားခ်င္ခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.