Premier League

ဒဏ်ရာပြဿနာပိုဆိုးလာချိန်မှာ လီဗာပူးလ်နဲ့ပွဲမှာ ပါသင့်တဲ့သူ ၂ ဦးကို ပြောပြခဲ့တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ရီယို ဖာဒီနန်က ရာဖေးလ် ဗာရွမ်းနဲ့ အာရွန် ဝမ်ဘစ်ဆာကာတို့ဟာ ဒဏ်ရာပြဿနာထိုးနှက်ချက်တွေ ထပ်မံကြုံတွေ့ခဲ့ရပြီးနောက် ပွဲထွက်ကစားရမယ့်သူတွေဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ ရှုံးထွက်အဆင့် အုပ်စုဗိုလ်အဖြစ် တက်ရောက်ပြီးသားဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ဗုဒ္ဓဟူးနေ့ညက လက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၅-၂၀၀၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုဘိတ်ချေးအဖြစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ပိုပြီး ဆိုးရွားသွားတာကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယား ဒဏ်ရာရရှိသွားခဲ့တာကြောင့် အပြောင်းအလဲ ၂ ခု မဖြစ်မနေ လုပ်ခဲ့ရတာဖြစ်ပါတယ်။

ဂျွန်နီ အီဗန်စ်က မက်ဂွိုင်းယားနေရာမှာ လူစားဝင်ကစားခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ လုခ် ရှောကလည်း ရုန်းကန်နေခဲ့ရပုံပေါ်ပြီး နိုဝင်ဘာလကုန်မှ ၁၆ ပွဲကြာ အနားယူခဲ့ရပြီးနောက် ပြန်ကစားပေးခဲ့တဲ့ ဘယ်နောက်ခံလူကလည်း ပထမပိုင်းအပြီးမှာ အဝတ်လဲခန်းထဲကို ထော့ကျိုးထော့ကျိုးနဲ့ ဝင်သွားခဲ့တာကြောင့် ဘစ်ဆာကာနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ညက ခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ မပါဝင်ဘဲနဲ့ ကစားခဲ့ရတာဖြစ်ပြီး ကာစီမီရို၊ အဲရစ်ဆင်၊ မေဆန် မောင့်တို့ကလည်း ဒဏ်ရာရကစားသမား စာရင်းထဲမှာ ပါဝင်နေကြတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကလည်း နာမကျန်းဖြစ်မှုကြောင့် လွဲချော်ခဲ့ကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒီအပတ်မှာ ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အခြေအနေက ပိုပြီးဆိုးရွားလာဖို့ပဲ ရှိနေတာဖြစ်ပါတယ်။

ဗာရွမ်းဟာ ဗုဒ္ဓဟူးနေ့ညက နိုဝင်ဘာလအစောပိုင်းနောက်ပိုင်း ပထမဆုံး ပွဲထွက်ပါဝင်ကစားခွင့် ပြန်ရခဲ့ပြီး မိနစ် ၈၀ မှာ လူစားလဲခံခဲ့ရတာက လီဗာပူးလ်နဲ့ပွဲအတွက် ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ရီယို ဖာဒီနန်ကလည်း ဗာရွမ်းနဲ့ ဝမ်-ဘစ်ဆာကာတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကို ကူညီကယ်တင်ပေးဖို့ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ပြသရမယ့်သူတွေထဲက အချို့ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကစားသမားတွေက တာဝန် ဝင်ယူရမယ်။ မက်ဂွိုင်းယားက အသင်းထဲကနေ အကြာကြီး ထွက်ခဲ့ရပြီးနောက် ယုံကြည်မှု ပြန်ရခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ဒဏ်ရာရခဲ့တယ်။ လုခ်ရှောက နောက်ထပ် ဒဏ်ရာရသွားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပုံပေါ်ပြီး လူစားလဲခံခဲ့ရတယ်။ ဒဏ်ရာတွေက တစ်ရာသီလုံးမှာ သိသိသာသာ ဆိုးရွားနေခဲ့ပြီး သူတို့တွေ အခုဆိုရင် ဆက်လက်ပြီး ကြံ့ခိုင်မှု တည်ဆောက်ရမယ်။ ဒါပေမယ့် ခင်ဗျားက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ရှိတဲ့အသင်းဆိုတာကို ပြရမယ်။ ခင်ဗျား ငယ်ရွယ်တဲ့ကစားသမားတွေကို ကြည့်ဖို့ နည်းလမ်းရှာရမယ်။ မိန်းနိုးက ဝင်ပြီး မိနစ်အနည်းငယ်ပိုပြီး ကစားကောင်း ကစားရမယ့် ကစားသမားတစ်ဦးဖြစ်နိုင်တယ်။ ကစားသမားတွေက အဲဒီလို နေရာအချို့မှာ ဝင်လာကစားတဲ့အခါမှာ ဝမ်-ဘစ်ဆာကာက ပေါင် ၄၅ သန်းကုန်ကျခဲ့တယ်။ သူက အတွေ့အကြုံမရှိတဲ့ ကလေးမဟုတ်ဘူး။ သူက ဒီနေ့ ကွင်းထဲဝင်လာတဲ့ ပေါင် ၄၅ သန်းတန် ကစားသမားပဲ။ ဗာရွမ်း ဒီနေ့ ဝင်ကစားခဲ့တယ်။ သူက ချန်ပီယံလိဂ် ၄ ကြိမ်ရခဲ့တဲ့သူ။ ခင်ဗျားက ဒီလို အဆင့်အတန်းမှာ ဘယ်တုန်းကမှ မကစားဖူးတဲ့ ကစားသမားတွေကို ခေါ်ထည့်လာတာမျိုးမဟုတ်ဘူး။ အဆင့်အတန်း ကျဆင်းမှုက အရမ်းကြီးလွန်းနေတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံလူ ရီယို ဖာဒီနန္က ရာေဖးလ္ ဗာ႐ြမ္းနဲ႔ အာ႐ြန္ ဝမ္ဘစ္ဆာကာတို႔ဟာ ဒဏ္ရာျပႆနာထိုးႏွက္ခ်က္ေတြ ထပ္မံႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ပြဲထြက္ကစားရမယ့္သူေတြျဖစ္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ရႈံးထြက္အဆင့္ အုပ္စုဗိုလ္အျဖစ္ တက္ေရာက္ၿပီးသားျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ဗုဒၶဟူးေန႔ညက လက္ခံယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂၀၀၅-၂၀၀၆ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ အုပ္စုဘိတ္ေခ်းအျဖစ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ ပိုၿပီး ဆိုး႐ြားသြားတာကေတာ့ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ အသင္းရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယား ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ အေျပာင္းအလဲ ၂ ခု မျဖစ္မေန လုပ္ခဲ့ရတာျဖစ္ပါတယ္။

ဂြၽန္နီ အီဗန္စ္က မက္ဂြိဳင္းယားေနရာမွာ လူစားဝင္ကစားခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ လုခ္ ေရွာကလည္း ႐ုန္းကန္ေနခဲ့ရပုံေပၚၿပီး ႏိုဝင္ဘာလကုန္မွ ၁၆ ပြဲၾကာ အနားယူခဲ့ရၿပီးေနာက္ ျပန္ကစားေပးခဲ့တဲ့ ဘယ္ေနာက္ခံလူကလည္း ပထမပိုင္းအၿပီးမွာ အဝတ္လဲခန္းထဲကို ေထာ့က်ိဳးေထာ့က်ိဳးနဲ႔ ဝင္သြားခဲ့တာေၾကာင့္ ဘစ္ဆာကာနဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဗုဒၶဟူးေန႔ညက ခံစစ္မွာ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ လင္ဒီေလာ့ဖ္တို႔ မပါဝင္ဘဲနဲ႔ ကစားခဲ့ရတာျဖစ္ၿပီး ကာစီမီ႐ို၊ အဲရစ္ဆင္၊ ေမဆန္ ေမာင့္တို႔ကလည္း ဒဏ္ရာရကစားသမား စာရင္းထဲမွာ ပါဝင္ေနၾကတာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ကလည္း နာမက်န္းျဖစ္မႈေၾကာင့္ လြဲေခ်ာ္ခဲ့ၾကတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီအပတ္မွာ ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ အေျခအေနက ပိုၿပီးဆိုး႐ြားလာဖို႔ပဲ ရွိေနတာျဖစ္ပါတယ္။

ဗာ႐ြမ္းဟာ ဗုဒၶဟူးေန႔ညက ႏိုဝင္ဘာလအေစာပိုင္းေနာက္ပိုင္း ပထမဆုံး ပြဲထြက္ပါဝင္ကစားခြင့္ ျပန္ရခဲ့ၿပီး မိနစ္ ၈၀ မွာ လူစားလဲခံခဲ့ရတာက လီဗာပူးလ္နဲ႔ပြဲအတြက္ ျဖစ္လိမ့္မယ္လို႔ ယူဆရပါတယ္။ ရီယို ဖာဒီနန္ကလည္း ဗာ႐ြမ္းနဲ႔ ဝမ္-ဘစ္ဆာကာတို႔ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီကို ကူညီကယ္တင္ေပးဖို႔ အႏိုင္မခံ အရႈံးမေပးစိတ္ဓာတ္ကို ျပသရမယ့္သူေတြထဲက အခ်ိဳ႕ျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကစားသမားေတြက တာဝန္ ဝင္ယူရမယ္။ မက္ဂြိဳင္းယားက အသင္းထဲကေန အၾကာႀကီး ထြက္ခဲ့ရၿပီးေနာက္ ယုံၾကည္မႈ ျပန္ရခဲ့တယ္။ ဒါေပမယ့္ ဒီေန႔ ဒဏ္ရာရခဲ့တယ္။ လုခ္ေရွာက ေနာက္ထပ္ ဒဏ္ရာရသြားတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပုံေပၚၿပီး လူစားလဲခံခဲ့ရတယ္။ ဒဏ္ရာေတြက တစ္ရာသီလုံးမွာ သိသိသာသာ ဆိုး႐ြားေနခဲ့ၿပီး သူတို႔ေတြ အခုဆိုရင္ ဆက္လက္ၿပီး ႀကံ့ခိုင္မႈ တည္ေဆာက္ရမယ္။ ဒါေပမယ့္ ခင္ဗ်ားက အႏိုင္မခံ အရႈံးမေပးစိတ္ဓာတ္ရွိတဲ့အသင္းဆိုတာကို ျပရမယ္။ ခင္ဗ်ား ငယ္႐ြယ္တဲ့ကစားသမားေတြကို ၾကည့္ဖို႔ နည္းလမ္းရွာရမယ္။ မိန္းႏိုးက ဝင္ၿပီး မိနစ္အနည္းငယ္ပိုၿပီး ကစားေကာင္း ကစားရမယ့္ ကစားသမားတစ္ဦးျဖစ္ႏိုင္တယ္။ ကစားသမားေတြက အဲဒီလို ေနရာအခ်ိဳ႕မွာ ဝင္လာကစားတဲ့အခါမွာ ဝမ္-ဘစ္ဆာကာက ေပါင္ ၄၅ သန္းကုန္က်ခဲ့တယ္။ သူက အေတြ႕အႀကဳံမရွိတဲ့ ကေလးမဟုတ္ဘူး။ သူက ဒီေန႔ ကြင္းထဲဝင္လာတဲ့ ေပါင္ ၄၅ သန္းတန္ ကစားသမားပဲ။ ဗာ႐ြမ္း ဒီေန႔ ဝင္ကစားခဲ့တယ္။ သူက ခ်န္ပီယံလိဂ္ ၄ ႀကိမ္ရခဲ့တဲ့သူ။ ခင္ဗ်ားက ဒီလို အဆင့္အတန္းမွာ ဘယ္တုန္းကမွ မကစားဖူးတဲ့ ကစားသမားေတြကို ေခၚထည့္လာတာမ်ိဳးမဟုတ္ဘူး။ အဆင့္အတန္း က်ဆင္းမႈက အရမ္းႀကီးလြန္းေနတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.