Premier League

ချဲလ်ဆီးရဲ့ဇန်နဝါရီထိပ်တန်းပစ်မှတ်နဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပြဿနာကို ဖြေရှင်းချင်နေတဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ခြေရှိတဲ့ အိုင်ဗန် တိုနီနဲ့ပတ်သက်ပြီး စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်မှာ အဲဗာတန်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ ၄ ပွဲမှာ တတိယမြောက် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒီရလဒ်ကြောင့် ပိုချက်တီနိုရဲ့အသင်းဟာ အဆင့် ၁၀ က မတက်နိုင်တဲ့အခြေအနေကနေ အဆင့် ၁၂ နေရာအထိ ကျဆင်းသွားခဲ့ရသလို ထိပ်ဆုံး ၄ နေရာနဲ့လည်း ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

နွေရာသီမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုပြုလုပ်ပြီး ခေါ်ယူခဲ့တဲ့ နီကိုးလတ်စ် ဂျက်ဆင်ကလည်း တိုက်စစ်မှာ ဂိုးတွေ ပုံမှန်သွင်းယူနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ဆီနီဂေါတိုက်စစ်မှူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးသာ သွင်းယူထားနိုင်ခဲ့ရာမှာ အဲဒီထဲက ၃ ဂိုးက ၂ ယောက်လျော့နေတဲ့ စပါးစ်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ နောက်ထပ် အကောင်းဆုံးဂိုးသွင်းယူသူတွေဖြစ်တဲ့ ကိုး ပါလ်မာနဲ့ ရာဟင်း စတားလင်းတို့က ၅ ဂိုးစီ သွင်းယူထားပြီး မကြာသေးမီက သတင်းတွေအရ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တဲ့ တစ်ဦးတည်းသောကစားသမားကတော့ အိုင်ဗန် တိုနီဖြစ်ပေမယ့် ပေါလ် မာဆန်က ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟာ စတမ်းဖို့ဒ် ဘရစ်မှာ ကောင်းကောင်း အသားကျပါ့မလားဆိုတာကို မသေချာဖြစ်နေတာဖြစ်ပါတယ်။

“ပိုက်ဆံအများကြီး ပေးရပါလိမ့်မယ်။ သူက တကယ်ကောင်းတဲ့ ကစားသမားလို့ ကျွန်တော် တကယ်ထင်ပါတယ်။ ဒါပေမယ့် သူက ခုထိ ထိပ်တန်းအသင်းမှာ မကစားဖူးသေးဘဲ အဲဒီလိုပြဿနာတွေကို ခုချိန်မှာ ဒေးဗစ် ရာယာနဲ့ ကိုင်ဆေဒိုတို့မှာ ကျွန်တော်တို့ မြင်နေရပါတယ်။ ဘရန့်တ်ဖို့ဒ်အတွက် ကစားပေးရတာက ကွဲပြားခြားနားပါတယ်။ မလေးမစားပြောတာမဟုတ်ပါဘူး။ အာဆင်နယ်အတွက် ဒါမှမဟုတ် ချဲလ်ဆီးအတွက် ကစားပေးရတာက အဲဒါနဲ့ မတူပါဘူး။ ထိပ်တန်းအသင်းတွေအတွက် ကစားပေးရတဲ့အချိန်မှာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ အများကြီး ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ကိုပဲ ပြောကြတာပေ့ါ။ ဘရန့်တ်ဖို့ဒ်က ရှက်ဖီးကို ရှုံးတော့ ဘယ်သတင်းစာတွေက အဲဒီအကြောင်း အထူးတလည်ပြောလို့လဲ။ ခင်ဗျား ကြားတောင် မကြားမိလောက်ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးက အဲဗာတန်ကို ရှုံးတော့ သတင်းခေါင်းစည်းတွေမှာ ပလူပျံကုန်တာပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် နောက်ထပ် တိုက်စစ်ရွေးချယ်စရာက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ဖြစ်ပြီး ကစားသမားဟောင်း ပတ် နီဗင်ကတော့ အနောက်လန်ဒန်ကလပ်အသင်းကို မာဒရစ်ခ်ကို ရောင်းထုတ်ပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးကို ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ မာဆန္က ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ တိုက္စစ္ျပႆနာကို ေျဖရွင္းခ်င္ေနတဲ့ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတဲ့ အိုင္ဗန္ တိုနီနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့အပတ္မွာ အဲဗာတန္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အခ်ိန္မွာ ၄ ပြဲမွာ တတိယေျမာက္ ရႈံးပြဲကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ဒီရလဒ္ေၾကာင့္ ပိုခ်က္တီႏိုရဲ႕အသင္းဟာ အဆင့္ ၁၀ က မတက္ႏိုင္တဲ့အေျခအေနကေန အဆင့္ ၁၂ ေနရာအထိ က်ဆင္းသြားခဲ့ရသလို ထိပ္ဆုံး ၄ ေနရာနဲ႔လည္း ၁၂ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

ေႏြရာသီမွာ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈျပဳလုပ္ၿပီး ေခၚယူခဲ့တဲ့ နီကိုးလတ္စ္ ဂ်က္ဆင္ကလည္း တိုက္စစ္မွာ ဂိုးေတြ ပုံမွန္သြင္းယူႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဆီနီေဂါတိုက္စစ္မႉးဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၆ ဂိုးသာ သြင္းယူထားႏိုင္ခဲ့ရာမွာ အဲဒီထဲက ၃ ဂိုးက ၂ ေယာက္ေလ်ာ့ေနတဲ့ စပါးစ္ကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ေနာက္ထပ္ အေကာင္းဆုံးဂိုးသြင္းယူသူေတြျဖစ္တဲ့ ကိုး ပါလ္မာနဲ႔ ရာဟင္း စတားလင္းတို႔က ၅ ဂိုးစီ သြင္းယူထားၿပီး မၾကာေသးမီက သတင္းေတြအရ ခ်ဲလ္ဆီးဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ တိုက္စစ္ျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တဲ့ တစ္ဦးတည္းေသာကစားသမားကေတာ့ အိုင္ဗန္ တိုနီျဖစ္ေပမယ့္ ေပါလ္ မာဆန္က ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးဟာ စတမ္းဖို႔ဒ္ ဘရစ္မွာ ေကာင္းေကာင္း အသားက်ပါ့မလားဆိုတာကို မေသခ်ာျဖစ္ေနတာျဖစ္ပါတယ္။

“ပိုက္ဆံအမ်ားႀကီး ေပးရပါလိမ့္မယ္။ သူက တကယ္ေကာင္းတဲ့ ကစားသမားလို႔ ကြၽန္ေတာ္ တကယ္ထင္ပါတယ္။ ဒါေပမယ့္ သူက ခုထိ ထိပ္တန္းအသင္းမွာ မကစားဖူးေသးဘဲ အဲဒီလိုျပႆနာေတြကို ခုခ်ိန္မွာ ေဒးဗစ္ ရာယာနဲ႔ ကိုင္ေဆဒိုတို႔မွာ ကြၽန္ေတာ္တို႔ ျမင္ေနရပါတယ္။ ဘရန႔္တ္ဖို႔ဒ္အတြက္ ကစားေပးရတာက ကြဲျပားျခားနားပါတယ္။ မေလးမစားေျပာတာမဟုတ္ပါဘူး။ အာဆင္နယ္အတြက္ ဒါမွမဟုတ္ ခ်ဲလ္ဆီးအတြက္ ကစားေပးရတာက အဲဒါနဲ႔ မတူပါဘူး။ ထိပ္တန္းအသင္းေတြအတြက္ ကစားေပးရတဲ့အခ်ိန္မွာ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြ အမ်ားႀကီး ရွိပါတယ္။ ၿပီးခဲ့တဲ့အပတ္ကိုပဲ ေျပာၾကတာေပ့ါ။ ဘရန႔္တ္ဖို႔ဒ္က ရွက္ဖီးကို ရႈံးေတာ့ ဘယ္သတင္းစာေတြက အဲဒီအေၾကာင္း အထူးတလည္ေျပာလို႔လဲ။ ခင္ဗ်ား ၾကားေတာင္ မၾကားမိေလာက္ပါဘူး။ ဒါေပမယ့္ ခ်ဲလ္ဆီးက အဲဗာတန္ကို ရႈံးေတာ့ သတင္းေခါင္းစည္းေတြမွာ ပလူပ်ံကုန္တာပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအတြက္ ေနာက္ထပ္ တိုက္စစ္ေ႐ြးခ်ယ္စရာက နာပိုလီ တိုက္စစ္မႉး ဗစ္တာ အိုဆီမန္ျဖစ္ၿပီး ကစားသမားေဟာင္း ပတ္ နီဗင္ကေတာ့ အေနာက္လန္ဒန္ကလပ္အသင္းကို မာဒရစ္ခ္ကို ေရာင္းထုတ္ၿပီး ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးကို ေခၚယူဖို႔ ေတာင္းဆိုထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.