Premier League

ဟွိုင်လွန်း ဂိုးမရတဲ့ အကြောင်းအရင်းကို ထောက်ပြပြီး တန်ဟက်ကို တောင်းဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ရီယို ဖာဒီနန်က ဂျားရော့ ဘိုဝင်၊ မိုက်ကယ် အိုလစ်ဆီ၊ ဂျေကော့ဘ် မာဖီတို့သာ တန်ဟက်ရဲ့အသင်းအတွက် ကစားပေးနေတဲ့သူတွေဆိုရင် ဟွိုင်လွန်း ဂိုးသွင်းယူနိုင်အောင် ကူညီနိုင်မယ့် တောင်ပံကစားသမားတွေထဲမှာ အပါအဝင်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဟွိုင်လွန်းဟာ ယခုနွေရာသီမှာ အတ္တလန္တာကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ် ၁၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ပထမဆုံးသွင်းဂိုးတောင် သွင်းယူနိုင်ခြင်းမရှိသေးသူဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ၅ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့က ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ နောက်ထပ်တစ်ကြိမ် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲစဉ်မှာ ဟွိုင်လွန်းလည်း ဂိုးပေါက်ထပ်မံပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရဲ့ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုးတွေ ကင်းမဲ့နေမှုဟာ တောင်ပံကစားသမားတွေဆီကနေ အထောက်အပံ့မရရှိမှုကြောင့်လို့ ယုံကြည်နေပြီး တန်ဟက်အနေနဲ့ ဒိန်းမတ်တိုက်စစ်မှူးကို ထောက်ပံပေးနိုင်မယ့် တောင်ပံကစားသမားတွေကို ဦးစားပေးခေါ်ယူဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ မန်ချက်စတာယူနိုက်တက်မှာ အိုလစ်ဆေး၊ ဂျက်ခ် ဟာရစ်ဆင်၊ ဒွိုက် မက်နေး၊ ဂျေကော့ဘ် မာဖီတို့ ၄ ယောက်ထဲက တစ်ယောက်သာရှိရင် ဟွိုင်လွန်းက အခုလောက်ဆို ၅ ဂိုး၊ ၆ ဂိုးလောက်သွင်းပြီးပြီလို့ ကျွန်တော် ယုံကြည်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေက ဘောလုံးဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်နိုင်လို့ပါ။ ဒီကောင်လေး ၄ ယောက်စလုံးရဲ့ ပထမဆုံးအတွေးက ဘောလုံးကို ရအောင်ယူမယ်။ တိုက်စစ်ကို အတင်းဆွဲပြေးပြီး နောက်ခံတောင်ပံလူတွေကို အလဲထိုးပြီး ဖြတ်တင်ပေးပို့မှုလုပ်မယ်။ ဒါမှမဟုတ် တိုက်စစ်မှူးကို နေရာယူချိန်ရအောင် လုပ်ပြီးတော့ ဖြတ်တင်ပေးမယ်ဆိုတာပဲ။ ဟွိုင်လွန်းက အဲဒီလို ဝန်ဆောင်မှုမျိုး လိုနေတာပါ။ ဘိုဝင်က နောက်ထပ် ဟွိုင်လွန်းကို ကူညီပေးနိုင်တဲ့သူပါ။ ဒီလို ကောင်လေးတွေက အကူအညီပေးဖို့လိုတယ်။ ကျွန်တော်တို့မှာ ပြိုင်ဘက်နောက်ခံလူတွေကို အလဲထိုးပြီး ဂိုးကန်သွင်းချင်နေတဲ့ တောင်ပံကစားသမားတွေပဲ ရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ရီယို ဖာဒီနန္က ဂ်ားေရာ့ ဘိုဝင္၊ မိုက္ကယ္ အိုလစ္ဆီ၊ ေဂ်ေကာ့ဘ္ မာဖီတို႔သာ တန္ဟက္ရဲ႕အသင္းအတြက္ ကစားေပးေနတဲ့သူေတြဆိုရင္ ဟြိဳင္လြန္း ဂိုးသြင္းယူႏိုင္ေအာင္ ကူညီႏိုင္မယ့္ ေတာင္ပံကစားသမားေတြထဲမွာ အပါအဝင္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဟြိဳင္လြန္းဟာ ယခုေႏြရာသီမွာ အတၱလႏၲာကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္ ၁၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ပထမဆုံးသြင္းဂိုးေတာင္ သြင္းယူႏိုင္ျခင္းမရွိေသးသူျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာေတာ့ ၅ ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔က ဘုန္းေမာက္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႔ ေနာက္ထပ္တစ္ႀကိမ္ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီး အဲဒီပြဲစဥ္မွာ ဟြိဳင္လြန္းလည္း ဂိုးေပါက္ထပ္မံေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးရဲ႕ ယခုရာသီ ပရီးမီးယားလိဂ္သြင္းဂိုးေတြ ကင္းမဲ့ေနမႈဟာ ေတာင္ပံကစားသမားေတြဆီကေန အေထာက္အပံ့မရရွိမႈေၾကာင့္လို႔ ယုံၾကည္ေနၿပီး တန္ဟက္အေနနဲ႔ ဒိန္းမတ္တိုက္စစ္မႉးကို ေထာက္ပံေပးႏိုင္မယ့္ ေတာင္ပံကစားသမားေတြကို ဦးစားေပးေခၚယူဖို႔ လိုအပ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“တကယ္လို႔ မန္ခ်က္စတာယူႏိုက္တက္မွာ အိုလစ္ေဆး၊ ဂ်က္ခ္ ဟာရစ္ဆင္၊ ဒြိဳက္ မက္ေနး၊ ေဂ်ေကာ့ဘ္ မာဖီတို႔ ၄ ေယာက္ထဲက တစ္ေယာက္သာရွိရင္ ဟြိဳင္လြန္းက အခုေလာက္ဆို ၅ ဂိုး၊ ၆ ဂိုးေလာက္သြင္းၿပီးၿပီလို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ေတြက ေဘာလုံးျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္လို႔ပါ။ ဒီေကာင္ေလး ၄ ေယာက္စလုံးရဲ႕ ပထမဆုံးအေတြးက ေဘာလုံးကို ရေအာင္ယူမယ္။ တိုက္စစ္ကို အတင္းဆြဲေျပးၿပီး ေနာက္ခံေတာင္ပံလူေတြကို အလဲထိုးၿပီး ျဖတ္တင္ေပးပို႔မႈလုပ္မယ္။ ဒါမွမဟုတ္ တိုက္စစ္မႉးကို ေနရာယူခ်ိန္ရေအာင္ လုပ္ၿပီးေတာ့ ျဖတ္တင္ေပးမယ္ဆိုတာပဲ။ ဟြိဳင္လြန္းက အဲဒီလို ဝန္ေဆာင္မႈမ်ိဳး လိုေနတာပါ။ ဘိုဝင္က ေနာက္ထပ္ ဟြိဳင္လြန္းကို ကူညီေပးႏိုင္တဲ့သူပါ။ ဒီလို ေကာင္ေလးေတြက အကူအညီေပးဖို႔လိုတယ္။ ကြၽန္ေတာ္တို႔မွာ ၿပိဳင္ဘက္ေနာက္ခံလူေတြကို အလဲထိုးၿပီး ဂိုးကန္သြင္းခ်င္ေနတဲ့ ေတာင္ပံကစားသမားေတြပဲ ရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.