Premier League

စုတ်ပြတ်သပ်နေတဲ့ခြေစွမ်းနဲ့ ပွဲထွက်ခွင့်ရနေသေးတဲ့ သရဲနီကြယ်ပွင့်ကို စိတ်ပျက်နေတဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အန်သိုနီ မာစီယယ်လ်ဟာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိနေသေးတာက တော်တော်လေးထူးဆန်းတယ်လို့ ပြောဆိုခဲ့ပြီး ဂလေဇာမိသားစုလက်အောက်က အသင်းရဲ့ ဖွတ်တက်နေမှုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိက်တက်ဟာ စနေနေ့က ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၀ နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် ဂယ်ရီ နဗီးက အရုပ်ဆိုး အကျည်းတန်မှုလို့ ပြောဆိုခဲ့တာ ဖြစ်ပြီး မာစီယယ်လ်ဟာ တိုက်စစ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့တာကြောင့် ၅၆ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရချိန်မှာ လှောင်ပြောင်ခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ပေးနိုင်သေးပြီး နဗီးက ဘာကြောင့် ဒီလိုကစားသမားကို ပွဲထွက်လူစာရင်းထဲထည့်ရတာလဲဆိုတာကို နားမလည်နိုင်ဖြစ်ခဲ့သလို ဂလေဇာလက်အောက်က မန်ယူနိုက်တက်နဲ့ပတ်သက်ပြီးလည်း ဒေါသတကြီး ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

“ကြည့်လိုက်စမ်းပါ။ အခုအချိန်မှာ ကျွန်တော်တို့ ပိုင်ရှင်သစ် စပြီး တာဝန်မယူခင်အထိ အချိန်ပေးထားရမယ်ထင်တယ်။ လူတွေက ခင်ဗျား ဒီအတွက်နဲ့ ဒါမှဟုတ် ဒါအတွက်နဲ့ ဂလေဇာတွေကို ပြစ်တင်လို့မရဘူးလို့ ပြောတယ်။ ခင်ဗျား ပိုင်ရှင်တွေကိုပဲ လုံးဝ အပြစ်တင်ရမှာပဲ။ သူတို့တွေက အားကစားဒါရိုက်တာတောင် မခန့်ပေးထားဘူး။ သူတို့မှာ နည်းပြကို ဟင့်အင်းလို့ ပြောနိုင်တဲ့ တစ်စုံတယောက်တောင် မရှိဘူး။ မန်ယူနိုက်တက်နည်းပြတွေက ပါဝါရသွားတဲ့အချိန်မှာ ကစားသမားသစ်လည်း သူတို့ ခေါ်တယ်။ သူတို့တွေ ကစားသမားတွေကို စခေါ်တယ်။ သူတို့ ပေးသင့်တဲ့ပမာဏထက် ကြီးမားတဲ့ ပမာဏတွေပေးခဲ့တယ်။ တခြားအသင်းတွေက တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန်နတဲ့ အားကစားဌာနတွေ ရှိတယ်။ အဲဒီလိုမျိုး ၁၀ နှစ်လောက် မရှိဘဲ နေခဲ့ရတာ ဂလေဇာမိသားစုကြောင့်ပဲ။ ကစားသမားသစ်ခေါ်ယူမှုအပေါ်မှာ ဦးဆောင်မှုပေးဖို့၊ လမ်းညွှန်ဖို့၊ ခွန်အားပေးဖို့ အားကစားဒါရိုက်တာ မရှိဘူး။ ခင်ဗျား အဲဒါကို မှားတယ်ထင်ရင် ပေါင်သန်း ၃၀၀-၄၀၀ လောက် ၁၀ နှစ်အတွင်းမှာ ၃၊ ၄ ကြိမ်လောက် သုံးခဲ့ပြီး နောက်ဆုံး ကျရှုံးခဲ့တာကိုပဲ ကြည့်လေ။ ဒါက ပိုင်ရှင်တွေနဲ့ ဆိုင်တယ်။ အဲဒါကြောင့်ပဲ ဆာဂျင်မ် ရက်ကလစ်ဖ်က ဒီကို လာပြီး အားကစားဌာနကို တာဝန်ယူသွားမှာ။ ဂလေဇာမိသားစုတွေက သူတို့တွေ အဲဒါကို မလုပ်နိုင်ဘူးဆိုတာကို သိတယ်”

“ဟုတ်ပါတယ်။ တန်ဟက်ကလည်း ပိုကောင်းအောင်လုပ်နိုင်သင့်တယ်။ ဟုတ်တယ်။ မာစီယယ်လ်က တိုက်စစ်မှာ ကစားနေတာက ထူးဆန်းတယ်။ ကစားဟန်လည်း မရှိပါဘူး။ ကစားသမားတွေက အများကြီး ပိုကောင်းလာဖို့လိုတယ်။ အချို့တွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ အသင်းလိုက် စွမ်းဆောင်ရည်က အရှက်ရစရာကောင်းတယ်။ ဘုန်းမောက်နဲ့ပွဲက ရလဒ်က အရုပ်ဆိုး အကျည်းတန်မှုပဲ။ ကျွန်တော် မယုံနိုင်ဘူး။ ဘုန်းမောက်က ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုတော့ မဖြစ်ခဲ့သင့်ဘူး။ ဒါပေမယ့် ၁၀ နှစ်အထိ ကျရှုံးမှုတွေ ဆက်ရှိနေတာကတော့ ဂလေဇာတွေကြောင့်ပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အန္သိုနီ မာစီယယ္လ္ဟာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိေနေသးတာက ေတာ္ေတာ္ေလးထူးဆန္းတယ္လို႔ ေျပာဆိုခဲ့ၿပီး ဂေလဇာမိသားစုလက္ေအာက္က အသင္းရဲ႕ ဖြတ္တက္ေနမႈကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

မန္ခ်က္စတာယူနိက္တက္ဟာ စေနေန႔က ဘုန္းေမာက္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ၃-၀ နဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့တာေၾကာင့္ ဂယ္ရီ နဗီးက အ႐ုပ္ဆိုး အက်ည္းတန္မႈလို႔ ေျပာဆိုခဲ့တာ ျဖစ္ၿပီး မာစီယယ္လ္ဟာ တိုက္စစ္မွာ ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္ျပသခဲ့တာေၾကာင့္ ၅၆ မိနစ္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရခ်ိန္မွာ ေလွာင္ေျပာင္ခံခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ေပးႏိုင္ေသးၿပီး နဗီးက ဘာေၾကာင့္ ဒီလိုကစားသမားကို ပြဲထြက္လူစာရင္းထဲထည့္ရတာလဲဆိုတာကို နားမလည္ႏိုင္ျဖစ္ခဲ့သလို ဂေလဇာလက္ေအာက္က မန္ယူႏိုက္တက္နဲ႔ပတ္သက္ၿပီးလည္း ေဒါသတႀကီး ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

“ၾကည့္လိုက္စမ္းပါ။ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ ပိုင္ရွင္သစ္ စၿပီး တာဝန္မယူခင္အထိ အခ်ိန္ေပးထားရမယ္ထင္တယ္။ လူေတြက ခင္ဗ်ား ဒီအတြက္နဲ႔ ဒါမွဟုတ္ ဒါအတြက္နဲ႔ ဂေလဇာေတြကို ျပစ္တင္လို႔မရဘူးလို႔ ေျပာတယ္။ ခင္ဗ်ား ပိုင္ရွင္ေတြကိုပဲ လုံးဝ အျပစ္တင္ရမွာပဲ။ သူတို႔ေတြက အားကစားဒါ႐ိုက္တာေတာင္ မခန႔္ေပးထားဘူး။ သူတို႔မွာ နည္းျပကို ဟင့္အင္းလို႔ ေျပာႏိုင္တဲ့ တစ္စုံတေယာက္ေတာင္ မရွိဘူး။ မန္ယူႏိုက္တက္နည္းျပေတြက ပါဝါရသြားတဲ့အခ်ိန္မွာ ကစားသမားသစ္လည္း သူတို႔ ေခၚတယ္။ သူတို႔ေတြ ကစားသမားေတြကို စေခၚတယ္။ သူတို႔ ေပးသင့္တဲ့ပမာဏထက္ ႀကီးမားတဲ့ ပမာဏေတြေပးခဲ့တယ္။ တျခားအသင္းေတြက တကယ္ကို ၿပိဳင္ဆိုင္မႈျပင္းထန္နတဲ့ အားကစားဌာနေတြ ရွိတယ္။ အဲဒီလိုမ်ိဳး ၁၀ ႏွစ္ေလာက္ မရွိဘဲ ေနခဲ့ရတာ ဂေလဇာမိသားစုေၾကာင့္ပဲ။ ကစားသမားသစ္ေခၚယူမႈအေပၚမွာ ဦးေဆာင္မႈေပးဖို႔၊ လမ္းၫႊန္ဖို႔၊ ခြန္အားေပးဖို႔ အားကစားဒါ႐ိုက္တာ မရွိဘူး။ ခင္ဗ်ား အဲဒါကို မွားတယ္ထင္ရင္ ေပါင္သန္း ၃၀၀-၄၀၀ ေလာက္ ၁၀ ႏွစ္အတြင္းမွာ ၃၊ ၄ ႀကိမ္ေလာက္ သုံးခဲ့ၿပီး ေနာက္ဆုံး က်ရႈံးခဲ့တာကိုပဲ ၾကည့္ေလ။ ဒါက ပိုင္ရွင္ေတြနဲ႔ ဆိုင္တယ္။ အဲဒါေၾကာင့္ပဲ ဆာဂ်င္မ္ ရက္ကလစ္ဖ္က ဒီကို လာၿပီး အားကစားဌာနကို တာဝန္ယူသြားမွာ။ ဂေလဇာမိသားစုေတြက သူတို႔ေတြ အဲဒါကို မလုပ္ႏိုင္ဘူးဆိုတာကို သိတယ္”

“ဟုတ္ပါတယ္။ တန္ဟက္ကလည္း ပိုေကာင္းေအာင္လုပ္ႏိုင္သင့္တယ္။ ဟုတ္တယ္။ မာစီယယ္လ္က တိုက္စစ္မွာ ကစားေနတာက ထူးဆန္းတယ္။ ကစားဟန္လည္း မရွိပါဘူး။ ကစားသမားေတြက အမ်ားႀကီး ပိုေကာင္းလာဖို႔လိုတယ္။ အခ်ိဳ႕ေတြရဲ႕ တစ္ဦးခ်င္းစြမ္းေဆာင္ရည္နဲ႔ အသင္းလိုက္ စြမ္းေဆာင္ရည္က အရွက္ရစရာေကာင္းတယ္။ ဘုန္းေမာက္နဲ႔ပြဲက ရလဒ္က အ႐ုပ္ဆိုး အက်ည္းတန္မႈပဲ။ ကြၽန္ေတာ္ မယုံႏိုင္ဘူး။ ဘုန္းေမာက္က ေကာင္းေကာင္းကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီလိုေတာ့ မျဖစ္ခဲ့သင့္ဘူး။ ဒါေပမယ့္ ၁၀ ႏွစ္အထိ က်ရႈံးမႈေတြ ဆက္ရွိေနတာကေတာ့ ဂေလဇာေတြေၾကာင့္ပဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.