La Liga

ဂိုးဒင်းဘွိုင်းဆုကို ရယူပြီးနောက် အလွန်ကောင်းမွန်တဲ့ မိန့်ခွန်းခြွေခဲ့တဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ ၂၀၂၃ ခုနှစ်ရဲ့ ဂိုးဒင်းဘွိုင်းဆုကို တနင်္လာနေ့ညက အီတလီနိုင်ငံ၊ တူရင်မြို့မှာ လက်ခံရရှိခဲ့ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ အီတလီသတင်းစာ Tuttosport က ပြက္ခဒိန်တစ်နှစ်အတွင်း ဥရောပရဲ့အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဒေ့ါမွန်၊ ရီးရဲလ်မက်ဒရစ်၊ အင်္ဂလန်တို့နဲ့အတူ အံ့အားသင့်စရာ နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီးနောက် ဒီဆုကို ရရှိဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူဟာ ဒေါ့မွန်ကို ဘွန်ဒက်စ်လီဂါဖလားရလုနီးပါးဖြစ်တဲ့အထိ ကူညီပေးနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်က ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ယခုနွေရာသီမှာ ပေါင် ၈၈ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဘာနေဗျူးကို ရောက်ရောက်ချင်းမှာပဲ ၁၇ ပွဲမှာ ၁၅ ဂိုးအထိ မယုံနိုင်စရာကောင်းလောက်အောင် သွင်းယူထားတာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဂိုးဒင်းဘွိုင်းဆုအတွက် ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျမဲလ် မူစီအားလား၊ ဘာစီလိုနာနောက်ခံလူ အလက်ဟန်းဒရိုး ဘာလ်ဒီတို့လို ကစားသမားတွေကို ဖြတ်ကျော်ပြီး ၂၀၁၄ ခုနှစ်တုန်းက ဆုရခဲ့တဲ့ ရာဟင်း စတားလင်းနောက်ပိုင်း ဂိုးဒင်းဘွိုင်းဆုရခဲ့တဲ့ ပထမဆုံး အင်္ဂလိပ်လူမျိုးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဂိုးဒင်းဘွိုင်းဆုကို အနိုင်ရရှိခဲ့တာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်က အကယ်ဒမီမှာ ကစားခဲ့တဲ့ ကလေးဘဝကတည်းက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတာပါ။ ကျွန်တော် အဲဒါကို နှစ်သက်တယ်။ ကျွန်တော် နေ့တိုင်း ပိုပြီးကောင်းမွန်လာချင်ပြီး ရီးရဲလ်မက်ဒရစ်ကို ကူညီချင်တယ်။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက အဲဒီအပေါ်မှာပဲ။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာပေါ်က အကောင်းဆုံးကလပ်ပါ။ ကျွန်တော် မက်ဒရစ်အတွက် ကစားပေးရတာကို ဂုဏ်ယူတယ်။ ကျွန်တော့်ကလပ်နဲ့ရော အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ပါ ဆုဖလားတွေအားလုံး အနိုင်ရချင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီဆုကို ရဖူးတဲ့ ကစားသမားတွေထဲမှာ လက်ရှိ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ကိုင်လီယန် အမ်ဘာပေတို့လည်း အပါအဝင်ဖြစ်ခဲ့ပြီး တနင်္လာနေ့ည ဆုပေးပွဲမတိုင်ခင် ဘယ်လင်ဟမ်က ၂၀၂၄ ခုနှစ်အတွက် ဆုရနိုင်တဲ့သူ ၃ ဦးကိုလည်း ဟောကိန်းထုတ်ခဲ့သေးတာဖြစ်ပါတယ်။

“ကျွန်တော် နာမည် ၃ ခု ပြောရလိမ့်မယ်။ ပထမဆုံးအနေနဲ့ အာဒါ ဂူလာပါ။ သူက ထူးခြားဆန်းကြယ်တယ်။ ကျွန်တော် သူ လေ့ကျင့်ရေးလုပ်တာကို မြင်ခဲ့ပြီး သူ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ပျော်ရွှင်မိတယ်။ ပြီးတော့ ကျွန်တော့်အသင်းဖော်ဟောင်း ဒေါ့မွန်က ဂျေမီ ဘိုင်နိုး-ဂစ်တန်စ်ပါ။ နောက်ဆုံးတစ်ယောက်ကတော့ ကျွန်တော့်ညီ ဂျိုဘီပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္နဲ႔ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ၂၀၂၃ ခုႏွစ္ရဲ႕ ဂိုးဒင္းဘြိဳင္းဆုကို တနလၤာေန႔ညက အီတလီႏိုင္ငံ၊ တူရင္ၿမိဳ႕မွာ လက္ခံရရွိခဲ့ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ အီတလီသတင္းစာ Tuttosport က ျပကၡဒိန္တစ္ႏွစ္အတြင္း ဥေရာပရဲ႕အသက္ ၂၁ ႏွစ္ေအာက္ အေကာင္းဆုံးကစားသမားကို ေပးအပ္တဲ့ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ ေဒ့ါမြန္၊ ရီးရဲလ္မက္ဒရစ္၊ အဂၤလန္တို႔နဲ႔အတူ အံ့အားသင့္စရာ ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီးေနာက္ ဒီဆုကို ရရွိဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့တာ ျဖစ္ၿပီး အဂၤလန္ကြင္းလယ္လူဟာ ေဒါ့မြန္ကို ဘြန္ဒက္စ္လီဂါဖလားရလုနီးပါးျဖစ္တဲ့အထိ ကူညီေပးႏိုင္ခဲ့ေပမယ့္လည္း ေနာက္ဆုံးေန႔မွာ ဘိုင္ယန္ျမဴးနစ္က ေက်ာ္တက္သြားခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ ယခုေႏြရာသီမွာ ေပါင္ ၈၈ သန္းနဲ႔ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘာေနဗ်ဴးကို ေရာက္ေရာက္ခ်င္းမွာပဲ ၁၇ ပြဲမွာ ၁၅ ဂိုးအထိ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ သြင္းယူထားတာ ျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ ဂိုးဒင္းဘြိဳင္းဆုအတြက္ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ဂ်မဲလ္ မူစီအားလား၊ ဘာစီလိုနာေနာက္ခံလူ အလက္ဟန္းဒ႐ိုး ဘာလ္ဒီတို႔လို ကစားသမားေတြကို ျဖတ္ေက်ာ္ၿပီး ၂၀၁၄ ခုႏွစ္တုန္းက ဆုရခဲ့တဲ့ ရာဟင္း စတားလင္းေနာက္ပိုင္း ဂိုးဒင္းဘြိဳင္းဆုရခဲ့တဲ့ ပထမဆုံး အဂၤလိပ္လူမ်ိဳးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဂိုးဒင္းဘြိဳင္းဆုကို အႏိုင္ရရွိခဲ့တာ ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ့္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္က အကယ္ဒမီမွာ ကစားခဲ့တဲ့ ကေလးဘဝကတည္းက တာဝန္ယူမႈ၊ တာဝန္ခံမႈရွိတာပါ။ ကြၽန္ေတာ္ အဲဒါကို ႏွစ္သက္တယ္။ ကြၽန္ေတာ္ ေန႔တိုင္း ပိုၿပီးေကာင္းမြန္လာခ်င္ၿပီး ရီးရဲလ္မက္ဒရစ္ကို ကူညီခ်င္တယ္။ ကြၽန္ေတာ့္ရဲ႕ အာ႐ုံစိုက္မႈက အဲဒီအေပၚမွာပဲ။ ရီးရဲလ္မက္ဒရစ္က ကမာၻေပၚက အေကာင္းဆုံးကလပ္ပါ။ ကြၽန္ေတာ္ မက္ဒရစ္အတြက္ ကစားေပးရတာကို ဂုဏ္ယူတယ္။ ကြၽန္ေတာ့္ကလပ္နဲ႔ေရာ အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔ပါ ဆုဖလားေတြအားလုံး အႏိုင္ရခ်င္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒီဆုကို ရဖူးတဲ့ ကစားသမားေတြထဲမွာ လက္ရွိ ကမာၻ႔ထိပ္တန္းအဆင့္ ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ကိုင္လီယန္ အမ္ဘာေပတို႔လည္း အပါအဝင္ျဖစ္ခဲ့ၿပီး တနလၤာေန႔ည ဆုေပးပြဲမတိုင္ခင္ ဘယ္လင္ဟမ္က ၂၀၂၄ ခုႏွစ္အတြက္ ဆုရႏိုင္တဲ့သူ ၃ ဦးကိုလည္း ေဟာကိန္းထုတ္ခဲ့ေသးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ နာမည္ ၃ ခု ေျပာရလိမ့္မယ္။ ပထမဆုံးအေနနဲ႔ အာဒါ ဂူလာပါ။ သူက ထူးျခားဆန္းၾကယ္တယ္။ ကြၽန္ေတာ္ သူ ေလ့က်င့္ေရးလုပ္တာကို ျမင္ခဲ့ၿပီး သူ႔အတြက္ ကြၽန္ေတာ္တို႔ ဝမ္းေျမာက္ေပ်ာ္႐ႊင္မိတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္အသင္းေဖာ္ေဟာင္း ေဒါ့မြန္က ေဂ်မီ ဘိုင္ႏိုး-ဂစ္တန္စ္ပါ။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ ကြၽန္ေတာ့္ညီ ဂ်ိဳဘီပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.